ကမ္ဘာပျက်ပုံစံအသစ်မှ ခေါင်းဆောင်မှု စိန်ခေါ်သံ

Updated: Dec 19, 2019


…………………………………………

“ကမ္ဘာသမိုင်းမှာ ဒီနေ့လောက် ခေါင်းဆောင်ရှားပါးတဲ့ကာလမျိုး ရှိခဲ့ဖူးမယ်လို့ ကျွန်တော်မထင်ဘူး” မျက်မှောက်ခေတ် ပြင်သစ်သမိုင်းပညာရှင်များအနက်် ထိပ်တန်းကပါ၀င်သူ ‘ယန်းလာကိုတူး’၏ စကားဖြစ်ပါသည်။ သူသည် ကမ္ဘာ့ခေါင်းဆောင်စာရင်းဝင်ဖြစ်သော ပြင်သစ်သမ္မတ ချားလ်စ်ဒီဂေါ၏ အတ္ထုပ္ပတ္တိကို ရေးသားသူ လည်းဖြစ်သည်။

“ခေါင်းဆောင်တွေ တကယ်ရှိရက်သားနဲ့ ကျွန်တော်ကိုယ်တိုင် နမော်နမဲ့ဖြစ်ပြီး မတွေ့မိတာလားလို့ ပြန်ဆန်းစစ်ပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်တိုးနေရတဲ့ အခြေအနေဆိုးတွေကို ဘယ်သူကမှ ဦးဆောင်ဖြေရှင်းပေးတာ မတွေ့ရလို့ပါပဲ။

ကမ္ဘာ့ခေါင်းဆောင်ဆိုသူတွေလည်း ဘယ်သူမှ ရှေ ့ထွက်ပြီး ဦးမဆောင်ပါဘူး”ယန်းလာကိုတူးနှင့် အမြင်တူသူ မနည်းပါလှပေ။ ယင်းတို့အနက် ဂျာမနီနိုင်ငံ ကိုလုန်းတက္ကသိုလ်က လူမှုဗေဒ ပါမောက္ခ အက်ဒွင်ရူးက ဤသို့ပြောသည်။

“ကမ္ဘာ့နိုင်ငံရေးလောကမှာ ရွက်ကြမ်းရေကြိုတွေပဲ ဦးဆောင်နေပုံပေါက်ပါတယ်။ စီးပွားရေးလုပ်ငန်းနယ်ပယ်မှာရှိတဲ့ ပီတာနိယာမ (Peter Principle) ဟာ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်မှာပါ မှန်ကန်နေပုံပဲ။ ပီတာနိယာမက ဘာပြောသလဲဆိုတော့ လူရည်ထက်တွေကို ရွေးချယ်စရာမရှိရင် ရွက်ကြမ်းရေကြိုတွေပဲ တက်လာမှာပဲတဲ့” ၁၉၉၃ ခုနှစ် သမ္မတကလင်တန် အစိုးရဖွဲ့ပြီး လပိုင်းအကြာတွင် American Enterprise မဂ္ဂဇင်းကြီးက စစ်တမ်းတစ်ခု တင်ပြခဲ့သည်။ ထိုအချိန်မှာ ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ခုနစ်နိုင်ငံ (G7) တို့က တိုကျိုတွင် အစည်းအဝေးလုပ်ရန် စိုင်းပြင်းနေချိန်ဖြစ်၏။ မိမိတို့ နိုင်ငံရေးခေါင်းဆောင်၏ ပဲ့ကိုင်ခေါ်ဆောင်ရာနောက်သို့ လိုက်ပါနေရသည့် မိမိတို့နိုင်ငံ၏ လားရာနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူပြည်သားတို့ထံ ဆန္ဒခံယူရာ အမေရိကန် ရ၁ ရာခိုင်နှုန်း၊ ကနေဒါ ရ၀ ရာခိုင်နှုန်း၊ ဗြိတိန် ၆၃ ရာခိုင်နှုန်း၊ ပြင်သစ် ၆၁ ရာခိုင်နှုန်းက ‘သဘောမကျ၊ မလိုလားကြောင်း’ တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ်းလှမ်းလာသည့် ထိပ်တန်းရာထူးတစ်ခုကို လက်သင့်မခံ ငြင်းဆန်ခဲ့သူ မိုက်ကယ်မန်ဒယ်ဘောင်းက‘တိုကျိုမှာလုပ်မယ့် အစည်း အဝေးဟာ ကမ္ဘာပေါ်မှာ အားအကြီးဆုံးနိုင်ငံတွေရဲ့ အစည်းအဝေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အားအပျော့ဆုံး ခေါင်းဆောင်တွေရဲ့ အစည်းအဝေးလည်း ဖြစ်တယ်’ ဟု ရက်ရက်စက်စက် ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်တမ်းယူခဲ့သည့် အဆိုပါနိုင်ငံကြီးများတွင် ခေါင်းဆောင်ဖြစ်ဖို့ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ပါ။

နိုင်ငံသားအများစု၏ ရွေးချယ်တင်မြှောက်မှုဖြင့်သာ ခေါင်းဆောင်ဖြစ်ရသော စနစ်အောက်တွင် နိုင်ငံသားအများစု သဘောကျနှစ်သက်နှိုင်သည့် အရည်အသွေးများ မြင်သာထင်သာအောင် ပြသနှိုင်ဖို့ လိုသည်။ အထူးသဖြင့် G7 ၀င်နိုင်ငံမျိုးက နိုင်ငံသားတို့အနေနှင့် ကမ္ဘာကို ၀င်ဆန့်နှိုင်သည့် ပုဂ္ဂိုလ်မျိုးကိုသာ သူတို့ ခေါင်းဆောင်အဖြစ်လိုလားမည် အမှန်ပင်။ ထိုသို့ စိစိစစ်စစ် ရွေးချယ်ခဲ့ပါလျက် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိပြီး ဖင်မနွေးခင်မှာပင် နိုင်ငံသားအများစုတို့က မနှစ်လို့တော့ကြောင်း ပြသပြန်သည်ကား မှန်းချက်နှင့် နှမ်းထွက် မကိုက်မှုကြောင့်ဟုပင် ဆိုရပါလိမ့်မည်။ လန်ဒန်တိုင်းသတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် နောမန်စတုန်းက ယင်းအခြေအနေကို ဂျာမန် ဒဿနဆရာကြီးနီရှေး၏ စကားဖြင့် ဤသို့သရုပ်ဖော်သည်။ ‘စိုက်ပျိုးတုန်းက နဂါးများ၊ ရိတ်သိမ်းရတော့ သန်းမွှား’ ဟူ၍တည်း။

ခေါင်းဆောင်မှုစိန်ခေါ်သံ

ပြောင်းလဲမှုအရှိန်အဟုန် မြန်လွန်းထန်လွန်းသော မျက်မှောက်ကမ္ဘာကြီးအတွင်း၌ ခေါင်းဆောင်ရှားပါးမှုသည် ဖြစ်နှိုင်ကောင်းသော ခြင်းရာတစ်ရပ်ဟု ဆိုရမည်။ ပြောင်းလဲမှုနှင့်အတူ စိန်ခေါ်မှုအသစ်များ ပြဿနာ အသစ်များလည်း ဘွားကနဲ ဘွားကနဲ ဒွန်တွဲပေါ်ထွန်းလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင် တစ်ယောက်၏အဖြစ်မှာ ‘မဗေဒါက တစ်ပင်တည်း’ ဆိုသည့်အဖြစ်ထက် ပိုမိုဆိုးဝါးဖွယ်ရှိသည်။ ပန်းပန်ဖို့ဝေးစွ၊ အထောင်အသောင်းသော ပြဿနာဘဲအုပ်တို့၏ အယက်အကန်ကြားဝယ် အပိုင်းပိုင်းပြတ်တောက်ကြေမွပြီး လွင့်ပျောက်မသွားဖို့ပင် အတော်ကြီး ဘုရားတနေရမည့်ကိန်း။ သို့သော် စိန်ခေါ်နေသောပြဿနာတို့ကို အကောင်းဖက်မှ ရှုမြင်နှိုင်ပါသေးသည်။ စိန်ခေါ်မှုကို အခွင့်

အလမ်းကောင်းအဖြစ် ခံယူပြီး အောင်မြင်မှုကို ရယူနှိုင်ပါသည်။ အကြပ်အတည်းက ခေါင်းဆောင်ကို မွေးဖွား ပေးသည်ဆိုသော စကားသည် ဤသို့သော အလှည့်အပြောင်းကို ရည်ညွှန်းခြင်းမဟုတ်လော။ စိန်ခေါ်မှုတို့ကို ဦးဆောင်ရင်ဆိုင်၍ အောင်မြင်မှုကို ဦးဆောင်ရယူသူကိုပင် ခေါင်းဆောင်ဟု ခေါ်ဝေါ်သမုတ်ခြင်း မဟုတ်ပါလော။

စိန်ခေါ်မှုတို့ကြောင့် ခေါင်းဆောင်များရှိနှိုင်သကဲ့သို့ သစ်ထွန်းလာသော ခေါင်းဆောင်များလည်း ရှိမည်အမှန်ပင်။

စိန်ခေါ်မှုတို့ကား ကမ္ဘာ့နိုင်ငံရေးနယ်ပယ်၌သာ ရှိသည်မဟုတ်ပေ။ နယ်ပယ်အသီးသီးတွင် ရှိနေသည်။

နယ်ပယ်အသီးသီးတွင် ပြဿနာမျိုးစုံနှင့် ရှုပ်ထွေးပွေလီနေသောကြောင့် လက်ရှိကမ္ဘာ့အနေအထားကို ကမ္ဘာ့ပုံစံပျက်အသစ် (The New World Disorder) ဟုပင် ခေါ်ဝေါ်သူများ ရှိနေသည်။ သို့သော် နယ်ပယ်ပေါင်းစုံမှ စိန်ခေါ်သံပေါင်းစုံ ထွက်ပေါ်နေခြင်းကို လူသားတိုင်းအတွက် ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အလမ်းများဟု မျှော်လင့်နှိုင်သည်။

လူမှုရေး စီးပွားရေး အိမ်ထောင်ရေးမှသည် ပညာရေး၊ နိုင်ငံရေး၊ ဘာသာရေးအဆုံး နယ်ပယ်အသီးသီးမှ သောသောညံညံ ထွက်ပေါ်နေသော စိန်ခေါ်သံတို့သည် ခေါင်းဆောင်သစ်တို့ကို လက်ယပ်ဖိတ်ခေါ်နေခြင်းပင်တည်း။

ဒဏ္ဍာရီနှင့် အမှန်တရား

ခေါင်းဆောင်မှုအတွက် စိန်ခေါ်သံတို့မည်မျှညံနေသော်လည်း လူများစုသည်ကား ကိုယ်နှင့်မဆိုင်သယောင် ဖာသိဖာသာနေကြသည်။ ဤသည်ပင် ‘ခေါင်းဆောင်ရှားကမ္ဘာကြီး’ အတွက် အနာဂတ်မဲ့ဖို့ အလားအလာဖြစ်နေသည်။

လူများစုအနေနှင့် ခေါင်းဆောင်မှုကို ရှောင်ရှားခြင်းသည် ဒဏ္ဍာရီတို့ လွှမ်းမိုးမှုကြောင့်ဟု ခေါင်းဆောင်မှုပညာရှင်တို့က ထောက်ပြကြသည်။ သူရသတ္တိကင်းမဲ့ခြင်းကြောင့်မဟုတ်။ စွမ်းဆောင်ရည်ချို့တဲ့သောကြောင့်မဟုတ်။ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ လွဲလွဲမှားမှား ဒဏ္ဍာရီစကားတို့ကို ယုံမှတ်လက်ခံထားသောကြောင့်သာဟု ဆိုသည်။ ယုံတမ်းဒဏ္ဍာရီတို့ကား အမှန်တရားကို ဖုံးကွယ်ဖျောက်ဖျက်သည့် ကိရိယာတစ်မျိုး ဖြစ်၏။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တန်ခိုးသိဒ္ဓိနှင့် ပြည့်စုံသော မဟာပါရမီရှင်များဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့၏စွမ်းအားသည် တန်ခိုးသိဒ္ဓိမှ လာသည်မဟုတ်။ ရည်မှန်းချက်တစ်ခုအပေါ် ပြင်းထန်စွာ သက်ဝင်ယုံကြည်မှုမှ လည်းကောင်း၊ မိမိ၏ ယုံကြည်ချက်ကို လက်တွေ့အကောင်အထည်ဖော်လိုသည့် ဆန္ဒမှလည်းကောင်း ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် တမန်တော်ပရောဖက်များကဲ့သို့ လာမည့်အနာဂတ်ကို အတိအကျ ဟောဖော်ညွှန်ပြနှိုင်သူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်ထံတွင် အနာဂတ်ရုပ်ပုံတစ်ခုရှိသည်ဆိုရာ၌ ယင်းအနာဂတ်ရုပ်ပုံသည် ထူးခြားဆန်းကြယ်သည့် စိတ်တန်ခိုးမှ ထွက်ပေါ်လာခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်နှင့် မိမိ၏ကိုယ်ပိုင်အတွေးအခေါ်တို့မှ ထွက်ပေါ်လာခြင်းသာဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် အံ့မခန်းစွန့်စားမှုတို့ဖြင့် နောက်လိုက်တို့ကို ဆွဲဆောင်ကာ သူအလိုရှိရာသို့ ခေါ်သွားတတ်သူဟု ဆိုသည်။ အမှန်မူကား စွန့်စားခန်းတို့ဖြင့် ဆွဲဆောင်ခြင်းမဟုတ်။ နောက်လိုက်တို့၏ ရည်မှန်းချက်များကို လေးလေးစားစား တန်ဖိုးထားသောကြောင့် သူထံပါးသို့ နောက်လိုက်များ ၀န်းရံချဉ်းကပ်လာခြင်းသာ ဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် ထိပ်ဆုံးတွင် တစ်ကိုယ်တည်း တည်ရှိသူဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့သည် နောက်လိုက်များနှင့် ဆွေမျိုးရင်းချာကဲ့သို့ ချစ်ခင်ရင်းနှီးစွာ နေထိုင်သူဖြစ်သည်။

ဒဏ္ဍာရီက ခေါင်းဆောင်ဟူသည် သူတပါးကို ထိမ်းချုပ်သူဖြစ်သည်ဟု ဆိုသည်။ အမှန်မူကား ခေါင်းဆောင်တို့သည် သူတစ်ပါးကို မထိမ်းချုပ်။ သူတစ်ပါးကို အစွမ်းထက်ထက် အလုပ်လုပ်လာနှိုင်အောင် အားပေးကူညီသူသာ ဖြစ်သည်။

ဒဏ္ဍာရီတို့သည် ခေါင်းဆောင်ကို လူ့လောက၏အထက်သို့ ပို့ဆောင်ထားကြသည်။ ကောင်းကင်ဆန်သော အထွတ်အမြတ်နေရာ၌ တစ်သီးတစ်သန့် ထားကြသည်။ သို့သော် ခေါင်းဆောင်မှုသည် နေရာဌာနတစ်ခုမဟုတ်။

သက်ဝင်လှုပ်ရှားမှုဖြစ်စဉ်တစ်ခုသာ ဖြစ်၏။ ခေါင်းဆောင်၏ အနှစ်သာရကို နေရာဌာနဖြင့် ဖော်ကျူး၍မရ၊လက်တွေ့အလုပ်တို့ဖြင့်သာ ဖော်ကျူးရပါမည်။

ခေါင်းဆောင်တို့၏ မဂ္ဂင်ငါးပါး

ဒဏ္ဍာရီမာယာတို့၏ လွှမ်းမိုးဖမ်းစားမှုကို သုတ်သင်ဖယ်ရှားလိုက်မည်ဆိုလျှင် ခေါင်းဆောင်ဟူသည် လူထဲကလူသာဖြစ်ကြောင်း ထင်းထင်းကြီး မြင်သိပါမည်။ ခေါင်းဆောင်ဟူသည် မွေးရာပါ တန်ခိုးရှင်မဟုတ်။ ဗီဇပါသိဒ္ဓိရှင် မဟုတ်။ သို့သော် သူတို့၌ထူးခြားသော စွမ်းဆောင်အောင်မြင်ချက်များ ရှိသည်။ ‘ခေါင်းဆောင်မှုစိန်ခေါ်သံ’ ဟူသော စာအုပ်ကို ရေးသားသူ ဂျိမ်းကိုဇက်နှင့် ဘာရီပေါ့ဆနာတို့က ခေါင်းဆောင်တို့၏ ထူးကဲသော စွမ်းဆောင်အောင်မြင်ချက်များကို မြစ်ဖျားခံရာတွင်

ခေါင်းဆောင်ဟူသမျှ၌ မချွတ်မယွင်းရှိနေသော ကျင့်စဉ်ငါးပါးကို တွေ့ရှိခဲ့ပါသည်။

၁။ တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း

ခေါင်းဆောင်မှုသည် အသေရပ်နေသော ဖြစ်စဉ်မဟုတ်။ လှုပ်ရှားရှင်သန်နေသော ဖြစ်စဉ်ဖြစ်၏။ ခေါင်းဆောင်အများစုက သူတို့၏ အောင်မြင်မှုသည် ‘အချိန်ကိုက်နေရာကိုက်ဖြစ်ခြင်း’ ‘အခွင့်ကောင်းနှင့် ကြုံကြိုက်ခြင်း’ ဟု အကြောင်းပြတတ်သည်။

သို့သော် မည်သည့်ခေါင်းဆောင်မျှ ‘ကံကြမ္မာ၏မျက်နှာသာပေးမှု’ ကို ငုတ်တုတ်ထိုင်စောင့်ပြီး မျှော်တလင့်လင့် လုပ်မနေကြ။

ဒဏ္ဍာရီထဲကခေါင်းဆောင်သည် အေးဆေးတည်ငြိမ်မှုရှိသော အစုအဖွဲ့ကိုကြည့်ပြီး သာယာကြည်နူးတတ်သူဖြစ်သော်လည်း လက်တွေ့ခေါင်းဆောင်တို့သည်ကား တည်ဆဲအနေအထားကို ပြောင်းလဲပစ်ရေးအတွက် အစုအဖွဲ့ကို လှုပ်ရမ်းသူများ ဖြစ်နေကြသည်။

ခေါင်းဆောင်တို့သည် လက်ရှိအနေအထားကို တင်းတိမ်ရောင့်ရဲခြင်း မရှိတတ်။ ပိုမိုကောင်းမွန်သော အဆင့်သို့တက်ရန် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိဖို့အတွက် မသိကျွမ်းသော နယ်မြေစိမ်းများဆီသို့ ခြေချလိုသူများ ဖြစ်သည်။ ထို့ကြောင့် စိန်ခေါ်သံကို နားစိုက်သည်။ စိန်ခေါ်ချက်ကို ရှာဖွေသည်။ သို့မဟုတ် သူကိုယ်တိုင်က စိန်ခေါ်သံပေးလေသည်။

၂။ အများကြိုက်အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း

အနာဂတ်သည် မသေချာ မရေရာမှုတို့ပြည့်နေသော နယ်မြေစိမ်းတစ်ခုဖြစ်သည်။ ယင်းနယ်မြေစိမ်းသို့ သက်သာ ချောမောစွာ သွားနှိုင်သော လမ်းမရှိ။ ကန္တာရခရီးကြမ်းနှင့် ခရောင်းတောသာရှိသည်။ ထို့ကြောင့် ခေါင်းဆောင်သည် သူ၏ အမျှော်အမြင်ဖြင့် အနာဂတ်ကို အိပ်မက်မက်ကြည့်သည်။ စိတ်ကူးပုံဖော်ကြည့်သည်။ သို့ဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော ဖြစ်နှိုင်ဖွယ်ရှိသော ဖြစ်စေချင်သော အနာဂတ်ရုပ်ပုံလွှာတစ်ခု ပေါ်ထွန်းလာသည်။ ခေါင်းဆောင်မှန်လျှင် ယင်းကဲ့သို့ အနာဂတ်ရုပ်ပုံလွှာတစ်ခုကို ကြည်လင်ပြတ်သားစွာ ပုံဖော်စိတ်ကူးနှိုင်ရမည်။

သို့သော် ကိုယ်တစ်ယောက်တည်း သိမြင်နေရုံနှင့် မလုံလောက်။ သူတစ်ပါးကို တင်ပြနှိုင်ရမည်။ အနာဂတ်ရုပ်ပုံကို ဖန်တီးပြီး အသက်သွင်းရမည်။ သူ၏ စိတ်ကူးအိပ်မက်သည် သူ့အစုအဖွဲ့၏ စိတ်ကူးအိပ်မက်အဖြစ်သို့ ရောက်ရှိရေးအတွက် ကြည်လင်ပြတ်သားသော ဖော်ကျူးတင်ပြမှုကို အားထုတ်ရမည်။ အနာဂတ်နှင့် ပတ်သက်၍ မရေမရာဖြစ်နေသူများ ၀ုိးတဝါးဖြစ်နေသူများ သို့မဟုတ် အနာဂတ်ပျောက်နေသူများအတွက် ခေါင်းဆောင်က တင်ပြသော အနာဂတ်ဒီဇိုင်းသည် တကယ့်အားဆေး။ ‘အနာဂတ်ရုပ်ပုံမရှိလျှင် ပျက်စီးကြအံ့’ ဟူသော ဘိုင်ဘယ်ကျမ်းလာစကားသည် ခေါင်းဆောင်တို့အတွက် လက်စွဲစကားဖြစ်၏။

၃။ အခြားသူတို့ ပါ၀င်လုပ်ကိုင်အောင် အားပေးခြင်း အနာဂတ်ကို အကောင်အထည်ဖော်ရာတွင် ကိုယ်တစ်ဦးတည်းနှင့် မဖြစ်နှိုင်သည်ကို ခေါင်းဆောင်တို့ သိကြသည်။

အစုအဖွဲ့အတွင်း ထူးကဲသော စွမ်းဆောင်အောင်မြင်မှုတို့ကို ရရှိနှိုင်ရေးအတွက် လုပ်ဖော်ကိုင်ဖက်များလိုအပ်သည်ကို သူတို့ မမေ့ကြ။ ထို့ကြောင့်ပင် ခေါင်းဆောင်တို့သည် မိသားစုကဲ့သို့ ရင်းနှီးခိုင်မာသော အစုအဖွဲ့များကို ဖန်တီးကြသည်။

ခေါင်းဆောင်တစ်ယောက်အဖို့ အောင်မြင်မှုဟူသည်မှာ ‘မိမိ၏အောင်မြင်မှု’ မဟုတ်ပေ။ ‘မိမိတို့၏ အောင်မြင်မှု’ သာဖြစ်သည်။

ထို့ကြောင့် စွမ်းဆောင်ချက်မှာလည်း ‘မိမိ၏စွမ်းဆောင်ချက်’ မဟုတ်။ ‘မိမိတို့၏ စွမ်းဆောင်ချက်သာ’ ဖြစ်၏။ ထို့ကြောင့်

ခေါင်းဆောင်သည် မိမိ၏ နောက်လိုက်များ စွမ်းဆောင်ရည်ထက်မြက်ရေးကို အားပေးကူညီသည်။ ခေါင်းဆောင်၏ အားပေးမှုကြောင့်ပင် နောက်လိုက်များ၏ စွမ်းရည်များ တိုးပွားလာခြင်းနှင့်အတူ ထက်မြက်သော လုပ်ကိုင်မှုတို့လည်း ပေါ်ထွန်းလာခဲ့သည်။ နောက်ဆုံးတွင် ယင်းနောက်လိုက်တို့သည် ခေါင်းဆောင်များ ဖြစ်လာကြသတည်း။

၄။ စံနမူနာပြဖြစ်ခြင်း

‘အလုပ်အကိုင်က လုပ်ပိုင်ခွင့်ကို ပေးပြီး၊ အပြုအမူက လေးစားမှုကို ပေးသည်’ ဟူသောစကားရှိ၏။ ခေါင်းဆောင်တို့က နောက်လိုက်တို့ကို အကဲဖြတ်သကဲ့သို့ နောက်လိုက်တို့ကလည်း ခေါင်းဆောင်ကို အကဲဖြတ်နေပါသည်။ နောက်လိုက်တို့အနေနှင့် ခေါင်းဆောင်၏ အပြုအမူသည် ခေါင်းဆောင်၏တန်ဖိုးကို ဖော်ပြချက်ဖြစ်သကဲ့သို့ မိမိတို့ဆောင်ရန်ရှောင်ရန် စံနမူနာများလည်း ဖြစ်နေသည်။ ‘ငါတို့ခေါင်းဆောင်ဟာ သူပြောတဲ့အတိုင်း လက်တွေ့လုပ်ရဲ့လား’ ဟူသောမေးခွန်းသည် နောက်လိုက်တို့သုံးသည့် မှတ်ကျောက်ပင်ဖြစ်၏။

အစုအဖွဲ့တစ်ခု၏ အောင်မြင်မှုရရှိရေးအတွက် စကားလုံးများ စီမံချက်များနှင့် လုံလောက်ခြင်းမရှိပါ။ ခေါင်းဆောင်တို့သည် မိမိ၏ယုံကြည်ချက်တို့ကို ကိုယ်တိုင် သရုပ်ဖော်ပြကြသည်။ အပြောကို လက်တွေ့လုပ်ပြကြသည်။ အပြောနှင့်အလုပ် တစ်ထပ်တည်းကျခြင်းသည်ပင် ခေါင်းဆောင်၏ ယုံကြည်စိတ်ချရမှု ဖြစ်လေသတည်း။

၅။ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း

အောင်မြင်မှုသို့သွားရာလမ်းသည် ခက်ထန်ကြမ်းတမ်းသော တောင်ထွတ်တောင်ထိပ်သို့ တက်ရသည်နှင့် အလားတူသည်။ ပင်ပန်းဆင်းရဲမှုကို ဇွဲရှိရှိနှင့် ဖြတ်ကျော်နှိုင်ဖို့ လိုအပ်သည်။ ခေါင်းဆောင်နောက်လု်ိက်ပါသူတို့မှာ လမ်းခုလပ်တွင်ပင် အားအင်ကုန်ခမ်းသွားတတ်သည်။ လက်လျှော့သွားတတ်သည်။ ထို့ကြောင့် နောက်လိုက်များ ရှေ့သို့ ဆက်လက်လိုက်ပါလာအောင် ခေါင်းဆောင်တို့သည် စိတ်ဓာတ်ခွန်အား သွင်းပေးကြသည်။

ကုမ္ပဏီကြီးတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဇဖီရိုပိုလိုက သူ၏ဝန်ထမ်း ၂၀၀၀ ကျော်ကို နှစ်ပတ်လည်

ဆုကြေးပေးအပ်ရာတွင် တကယ့်အခန်းအနားကြီးလုပ်ပြီး ပေးသည်။ ‘ဆုကြေးပေးလျှင် စာတိုက်ကပို့ပြီး ပေးတာမျိုး မလုပ်ပါနှင့်။ အခန်းအနားနှင့် ပေးပါ’ ဟူသော စကားကို သူလက်ကိုင်ထားသည့် စိတ်ဓာတ်ခွန်အားသွင်းနည်း တစ်မျိုးဖြစ်ပါ၏။

နောက်လိုက်တို့အနေနှင့် မိမိတို့လုပ်ခဲ့ပြီးသမျှအပေါ် ခေါင်းဆောင်တို့က အသိအမှတ်ပြု တန်ဖိုးထားခြင်းလောက် စိတ်အားတတ်စရာ မရှိ။ ဤအချက်ကို ခေါင်းဆောင်တို့ သိကြသည်။ ကိုယ့်ကိုကိုယ် အောင်ပွဲနှင့် ထိုက်တန်သူများအဖြစ် သဘောပေါက်လာကြသည်။ ယင်းသို့ သဘောပေါက်သွားသူတို့အဖို့ ခေါင်းဆောင်၏နောက်သို့ ဆက်မလိုက်ဘဲ လက်လျှော့ကျန်ရစ်ခြင်းလောက် ရှက်စရာအလုပ်မျိုးမရှိပြီ။ စိတ်ဓာတ်ခွန်အားသွင်းပေးနှိုင်သော ခေါင်းဆောင်နောက်က လိုက်ပါရခြင်းသည် စိတ်ပျက်စရာမကောင်းဘဲ ပျော်ရွှင်ဖွယ် ကောင်းနေသည်။ ထပ်ရောက်မှ ပျော်ရွှင်မှုကို ရရှိသည်မဟုတ်။ တောင်တက်ရင်းနှင့်ပင် ပျော်ရွှင်မှု ရနေသည်။ စင်စစ် ယင်းသည်ပင် အောင်မြင်မှုပေတည်း။

နောက်လိုက်တို့၏ မျှော်လင့်ချက်

အစုအဖွဲ့တို့အတွင်း၌ ထူးကဲသော အောင်မြင်မှုကို ရရှိစေနှိုင်ခဲ့သော ခေါင်းဆောင်မှသမျှ၏ အကျင့်အကြံ ငါးမျိုးကား ‘ခေါင်းဆောင်မှု’ ဟူသော ဇတ်ထုပ်၏ တစ်ဝက်မျှသာဖြစ်ပါ၏။ စင်စစ် ‘ခေါင်းဆောင်မှု’ သည် ခေါင်းဆောင်တို့၏ အကြောင်းအရာသက်သက် မဟုတ်ပါ။ ခေါင်းဆောင်မှုတွင် နောက်လိုက်တို့၏ အကြောင်းအရာလည်း ပါ၀င်ပါသည်။ တစ်စုံတစ်ယောက်ထံတွင် ခေါင်းဆောင်မှုဂုဏ်ရည်များ ရှိမရှိကို ဆုံးဖြတ်သူကား နောက်လိုက်တို့ပင် ဖြစ်ပေ၏။ မည်သူခေါင်းဆောင်ဖြစ်သင့်သည် မည်သူခေါင်းဆောင်ဖြစ်ထိုက်သည်ကို နောက်ဆုံး ဆုံးဖြတ်ပြဌာန်းပေးမည့်သူကား နောက်လိုက်တို့သာဖြစ်၏။ ခေါင်းဆောင်မှုဟူသည် နောက်လိုက်တို့၏ မြင်ကွင်းထဲ၌သာ ရှိသောအရာဖြစ်ပါသည်။

အမေရိကန် စီမံခန့်ခွဲမှုအသင်းကြီးက ကြီးမှူး၍ မန်နေဂျာ ၁၅၀၀ ကို စစ်တမ်းထုတ်ခဲ့သည်။ ‘မိမိ၏ အထက်ခေါင်းဆောင်ထံတွင် မည်သည့်ဂုဏ်ရည်တို့ကို အနှစ်သက်ဆုံးဖြစ်သနည်း’ ဟူသောမေးခွန်းဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ယင်းမေးခွန်းနှင့်အတူ ဂုဏ်ရည်ပေါင်း ၂၂၅ မျိုးကိုလည်း ဖော်ပြခဲ့သည်။ ရိုးသားမှု၊ ကျွမ်းကျင်မှု၊ ဦးဆောင်နှိုင်မှု၊ သဘောထားကြီးမှု စသည်ဖြင့်။

တစ်ဖန် ပြည်ထောင်စု စီမံခန့်ခွဲရေးတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ကလည်း အလားတူမေးခွန်းမျိုးနှင့်ပင်

ပြည်ထောင်စု အစိုးရအတွင်းရှိ အကြီးတန်းအမှုဆောင်အရာရှိပေါင်း ၈၀၀ ကို စစ်တမ်းကောက်ခဲ့သည်။

စင်တာကလာရာတက္ကသိုလ်နှင့် တခြားနေရာများတွင် ပြုလုပ်သော စီမံခန့်ခွဲရေး နှီးနှောဖလှယ်ပွဲများတွင် တက်ရောက်လာသည့် ထပ်တန်းမန်နေဂျာပေါင်း ၂၆၁၅ ယောက်ကိုလည်း အလားတူ စစ်တမ်းကောက်ယူကြည့်သည်။

နောက်ဆုံးစစ်တမ်း၌ ရရှိသောအဖြေကား အောက်ပါအတိုင်းဖြစ်၏။

၁။ ရိုးသားမှု ၈၃% ၂။ ကျွမ်းကျင်မှု ၆၇% ၃။ ရှေ့ရေးမျှော်တွေးပြင်ဆင်မှု ၆၂% ၄။ အားပေးလှုံ့ဆော်တတ်မှု ၅၈%

၅။ အသိပညာရှိမှု ၄၃% ၆။ မျှတမှု ၄၀% ရ။ သဘောထားကြီးမှု ၃၇% ၈။ ပွင့်လင်းမှု ၃၄%

၉။ စိတ်ကူးစိတ်သန်းကောင်းမှု ၃၄% ၁၀။ မှီခိုအားထားနှိုင်မှု ၃၃% ယုံကြည်မှု ပဓာန စစ်တမ်းမှန်သမျှတို့တွင် နောက်လိုက်တို့ အလိုလားအနှစ်သက်ဆုံး ခေါင်းဆောင်ဂုဏ်ရည်သည်

‘ရိုးသားမှု’ ဖြစ်ပါသည်။ ထိုနောက်မှာ ‘ကျွမ်းကျင်မှု’ လိုက်သည်။ ထိုက်နောက်မှာမှ ‘အမျှော်အမြင်’ လိုက်သည်။

ထို့နောက်မှာမှ ‘အားပေးလှုံ့ဆော်မှု’ လိုက်သည်။ ထိပ်ဆုံးဂုဏ်ရည်လေးချက်ကို ပူးပေါင်းလိုက်သော်‘ယုံကြည်စိတ်ချရမှု’ ဟူ၍ အဖြေထွက်လာပါတော့သည်။

နောက်လိုက်မှန်သမျှသည် ခေါင်းဆောင်တစ်ယောက်၏နောက်သို့ ယုံကြည်စိတ်ချရမှုဖြင့် လိုက်ပါနေခြင်းဖြစ်သည်။

ငွေကြေးသက်သက်ကြောင့် လိုက်နေခြင်းမဟုတ်။ မန်နေဂျာနှင့် ခေါင်းဆောင်တို့၏ ခြားနားချက်သည် ဤနေရာတွင် ထင်ရှားသည်။ မန်နေဂျာတစ်ယောက်သည် သူလက်အောက်ဝန်ထမ်းကို ဆုပေးဒဏ်ပေးစနစ်ဖြင့် ခိုင်းစေပေလိမ့်မည်။

သူခိုင်းသည့်အတိုင်း လုပ်အောင် လစာတိုးပေးခြင်း၊ ရာထူးတိုးခြင်း၊ ဆုကြေးပေးခြင်း စသည့်ဆုလာဘ်တို့ဖြင့် ဖျားယောင်းပါမည်။ လစာဖြတ်ခြင်း၊ ရာထူးလျှော့ခြင်း၊ အလုပ်ဖြုတ်ခြင်း စသည့် ပြစ်ဒဏ်တို့ဖြင့် ခြိမ်းခြောက်ပါမည်။

ခေါင်းဆောင်ကား ထိုသို့လုပ်မည်မဟုတ်။ ခေါင်းဆောင်မှု၏ အနှစ်သာရသည် လုပ်သင့် သည်ဟု သဘောပေါက်ထားသော အလုပ်တစ်ခုကို နောက်လိုက်တို့ လိုက်ပါလုပ်ဆောင်ချင်စိတ် ပေါ်လာအောင် လုပ်သည့် အတတ်ပညာဖြစ်၏။

ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် လုပ်သည့်အတတ်ပညာဖြစ်၏။

ထို့ကြောင့် နောက်လိုက်တို့ကို သူနှင့်အတူ လိုက်ပါချင်စိတ်ပေါ်လာအောင် ခေါင်းဆောင်တို့ ဦးဆုံးလုပ်သည့်အလုပ်မှာ‘နောက်လိုက်တို့၏ ယုံကြည်စိတ်ချမှု’ ခံယူရရှိရေး ဖြစ်ပေသည်။ ခေါင်းဆောင်သည် ‘ယုံကြည်စိတ်ချရသူ’ဖြစ်ကြောင်း အလုပ်ဖြင့် သက်သေပြသည်။ ယင်းအလုပ်တို့ကား တည်ဆဲဖြစ်စဉ်ကို စိန်ခေါ်ခြင်း၊

အများလက်ခံနှိုင်မည့် အနာဂတ်ရုပ်ပုံကို ဖန်တီးတင်ပြခြင်း၊ အခြားသူတို့ကို ပါ၀င်လုပ်ကိုင်အောင် အားပေးခြင်း၊ စံနမူနာပြဖြစ်ခြင်း၊ စိတ်ဓာတ်ခွန်အား တိုးမြှင့်ပေးခြင်း စသည့် မဂ္ဂင်ငါးပါးပင် ဖြစ်ပေသတည်း။

အဇ္ဈတ္တမှသည် အနာဂတ်ကမ္ဘာသို့

ခေါင်းဆောင်လိုစိတ်ရှိခြင်းနှင့် ခေါင်းဆောင်နှိုင်မည်ဟု ယုံကြည်ချင်းတို့သည် ခေါင်းဆောင်မှုသို့ သွားရာလမ်း၏

တာထွက်အစ ဖြစ်ပါ၏။ ခေါင်းဆောင်မှုသည် အနုပညာတစ်ရပ်ဖြစ်သည်။ ယင်းအနုပညာကား ကိုယ်တိုင်သရုပ်ဆောင်ရသော အနုပညာ။ အနုပညာရှင်တို့၌ သူ၏အနုပညာကို ဖော်ကျူးရန် ကိရိယာကိုယ်စီ ရှိကြသည်။ ဂီတပညာရှင်၌ တူရိယာများရှိသည်။ ပန်းချီပညာရှင်၌ စုတ်တံနှင့် ဆေးများရှိသည်။

ခေါင်းဆောင်မှုအနုပညာရှင်၌ကား သူကိုယ်တိုင်သည် သူ၏ကိရိယာ ဖြစ်ပေတော့၏။ ခေါင်းဆောင်မှုအနုပညာကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဟူသည် မိမိကိုယ်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းပင် ဖြစ်သည်။ အဆုံးစွန်အားဖြင့် ခေါင်းဆောင်မှု ဖွံ့ဖြိုးခြင်းသည် မိမိအတ္တ တိုးတက်ဖွံ့ဖြိုးမှုပင် ဖြစ်ပေ၏။

လေ့လာချက်တို့အရ ခေါင်းဆောင်တို့တွင် ထူးခြားသော အကျင့်အကြံနှင့် ထူးခြားသော ဂုဏ်ရည်တို့ရှိကြောင်း ထင်ရှားသည်။ ထူးခြားသောအကျင့်အကြံနှင့် ထူးခြားသောဂုဏ်ရည်ဟုဆိုရသော်လည်း သာမန်လူတိုင်းစွမး်ဆောင်နှိုင်သော အကျင့်အကြံများချည်းသာ ဖြစ်၏။ သာမန်လူတိုင်း ပိုင်ဆိုင်ရရှိနှိုင်သော ဂုဏ်ရည်များသာ ဖြစ်၏။ လူထက်လွန်သော အကျင့်အကြံနှင့် ဂုဏ်ရည်များ မဟုတ်ကြ။

သို့သော် ယင်းအကျင့်အကြံနှင့် ဂုဏ်ရည်များမရှိဘဲလျက်နှင့် ခေါင်းဆောင်ဖြစ်ချင်၍ကား မရ။ မိမိကိုယ်ကိုသာ အားကိုးရမည်ဖြစ်၏။ ဤသည်ပင် ဗုဒ္ဓဘာသာဝင်များအတွက်ကား အခွင့်ကောင်းဟုဆိုရပေမည်။

အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံခံယူချက်သည် ‘မိမိမှတစ်ပါး အားထားကိုးကွယ်ရာမရှိ’

ဟူ၍ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးပန်းတိုင်သည် ‘မိမိကိုယ်ကို ပိုင်နိုင်ရေး’ ပင်ဖြစ်သောကြောင့်တည်း။

မျက်မှောက်ကမ္ဘာကြီးကား အရှိန်အဟုန်ကြီးစွာပြောင်းလဲနေသည်။ ယင်းပြောင်းလဲမှုသည် နယ်ပယ်အသီးသီးကို ရိုက်ခတ်နေသည်။ ပုဂ္ဂလိက တစ်ဦးချင်းမှအစ အိမ်ထောင်ရေး၊ နိုင်ငံရေး၊ ကမ္ဘာရေးအစုအဖွဲ့တို့အဆုံး

ပြောင်းလဲမှုဒဏ်ကြောင့် သိမ့်သိမ့်တုန်နေသည်။ ယင်းကို ‘အနာဂတ်သွေးလန့်မှု’ ရောဂါအမည်တပ်သူက တပ်သည်။ သို့သော် ခေါင်းဆောင်တို့သည် အနာဂတ်ကို မထိတ်လန့်။ အဘယ်ကြောင့် ထိတ်လန့်မည်နည်း။

အနာဂတ်သည် ခေါင်းဆောင်တို့၏ ကြီးစိုးရာနယ်ပယ်ဖြစ်သည် မဟုတ်ပါလော။

‘ကျွနု်ပ်သည် တောင်တန်းကြီးကို အောင်နိုင်သည်မဟုတ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းသာဖြစ်သည်။

ကိုယ့်ကြောက်ရွံ့စိတ်၊ ကိုယ့်သံသယစိတ်များကို အောင်နိုင်ခြင်းသာဖြစ်သည်’ ဟု ဧဝရက်တောင်ကို ဦးဆုံးတက်ခဲ့သူ ဂျင်ဝှစ်တိတ်ကားက ပြောသည်။

ကျွန်တော်တို့လူသားများသည်လည်း မိမိကိုယ်ကို အောင်နိုင်ခြင်းဖြင့် အနာဂတ်ကမ္ဘာကြီးကို ဦးဆောင်နှိုင်ရမည် ဖြစ်ပါသတည်း။

…………………………………………

“ကမၻာသမုိင္းမွာ ဒီေန႔ေလာက္ ေခါင္းေဆာင္ရွားပါးတဲ့ကာလမ်ဳိး ရွိခဲ့ဖူးမယ္လုိ႔ ကၽြန္ေတာ္မထင္ဘူး” မ်က္ေမွာက္ေခတ္ ျပင္သစ္သမုိင္းပညာရွင္မ်ားအနက္္ ထိပ္တန္းကပါ၀င္သူ ‘ယန္းလာကုိတူး’၏ စကားျဖစ္ပါသည္။ သူသည္ ကမၻာ့ေခါင္းေဆာင္စာရင္း၀င္ျဖစ္ေသာ ျပင္သစ္သမၼတ ခ်ားလ္စ္ဒီေဂါ၏ အတၳဳပၸတၱိကုိ ေရးသားသူ လည္းျဖစ္သည္။


“ေခါင္းေဆာင္ေတြ တကယ္ရွိရက္သားနဲ႔ ကၽြန္ေတာ္ကုိယ္တုိင္ နေမာ္နမဲ့ျဖစ္ၿပီး မေတြ႔မိတာလားလုိ႔ ျပန္ဆန္းစစ္ပါတယ္။ ဒီလုိလည္း မဟုတ္ပါဘူး။ ဘာေၾကာင့္လည္းဆုိေတာ့ ဒီကေန႔ ကၽြန္ေတာ္တုိ႔ ရင္ဆုိင္တုိးေနရတဲ့ အေျခအေနဆုိးေတြကုိ ဘယ္သူကမွ ဦးေဆာင္ေျဖရွင္းေပးတာ မေတြ႔ရလုိ႔ပါပဲ။


ကမၻာ့ေခါင္းေဆာင္ဆုိသူေတြလည္း ဘယ္သူမွ ေရွ ့ထြက္ၿပီး ဦးမေဆာင္ပါဘူး”ယန္းလာကုိတူးႏွင့္ အျမင္တူသူ မနည္းပါလွေပ။ ယင္းတုိ႔အနက္ ဂ်ာမနီႏုိင္ငံ ကုိလုန္းတကၠသုိလ္က လူမႈေဗဒ ပါေမာကၡ အက္ဒြင္ရူးက ဤသုိ႔ေျပာသည္။


“ကမၻာ့ႏုိင္ငံေရးေလာကမွာ ရြက္ၾကမ္းေရႀကိဳေတြပဲ ဦးေဆာင္ေနပုံေပါက္ပါတယ္။ စီးပြားေရးလုပ္ငန္းနယ္ပယ္မွာရွိတဲ့ ပီတာနိယာမ (Peter Principle) ဟာ ကမၻာ့ႏုိင္ငံေရးနယ္ပယ္မွာပါ မွန္ကန္ေနပုံပဲ။ ပီတာနိယာမက ဘာေျပာသလဲဆုိေတာ့ လူရည္ထက္ေတြကုိ ေရြးခ်ယ္စရာမရွိရင္ ရြက္ၾကမ္းေရႀကိဳေတြပဲ တက္လာမွာပဲတဲ့” ၁၉၉၃ ခုႏွစ္ သမၼတကလင္တန္ အစုိးရဖြဲ႔ၿပီး လပုိင္းအၾကာတြင္ American Enterprise မဂၢဇင္းႀကီးက စစ္တမ္းတစ္ခု တင္ျပခဲ့သည္။ ထုိအခ်ိန္မွာ ကမၻာ့ထိပ္သီး စက္မႈႏုိင္ငံ ခုနစ္ႏုိင္ငံ (G7) တုိ႔က တုိက်ဳိတြင္ အစည္းအေ၀းလုပ္ရန္ စုိင္းျပင္းေနခ်ိန္ျဖစ္၏။ မိမိတုိ႔ ႏုိင္ငံေရးေခါင္းေဆာင္၏ ပဲ့ကုိင္ေခၚေဆာင္ရာေနာက္သုိ႔ လုိက္ပါေနရသည့္ မိမိတုိ႔ႏုိင္ငံ၏ လားရာႏွင့္ပတ္သက္ၿပီး သက္ဆုိင္ရာ ျပည္သူျပည္သားတုိ႔ထံ ဆႏၵခံယူရာ အေမရိကန္ ၇၁ ရာခုိင္ႏႈန္း၊ ကေနဒါ ၇၀ ရာခုိင္ႏႈန္း၊ ၿဗိတိန္ ၆၃ ရာခုိင္ႏႈန္း၊ ျပင္သစ္ ၆၁ ရာခုိင္ႏႈန္းက ‘သေဘာမက်၊ မလုိလားေၾကာင္း’ ေတြ႔ရွိခဲ့ရပါသည္။ ထုိ႔ေၾကာင့္ပင္ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနက ကမ္းလွမ္းလာသည့္ ထိပ္တန္းရာထူးတစ္ခုကုိ လက္သင့္မခံ ျငင္းဆန္ခဲ့သူ မုိက္ကယ္မန္ဒယ္ေဘာင္းက‘တုိက်ဳိမွာလုပ္မယ့္ အစည္း အေ၀းဟာ ကမၻာေပၚမွာ အားအႀကီးဆုံးႏုိင္ငံေတြရဲ့ အစည္းအေ၀းျဖစ္ၿပီး ကမၻာေပၚမွာ အားအေပ်ာ့ဆုံး ေခါင္းေဆာင္ေတြရဲ့ အစည္းအေ၀းလည္း ျဖစ္တယ္’ ဟု ရက္ရက္စက္စက္ ေ၀ဖန္ေျပာဆုိခဲ့ျခင္းျဖစ္သည္။


စစ္တမ္းယူခဲ့သည့္ အဆုိပါႏုိင္ငံႀကီးမ်ားတြင္ ေခါင္းေဆာင္ျဖစ္ဖုိ႔ဆုိသည္မွာ လြယ္ကူလွသည္ မဟုတ္ပါ။


ႏုိင္ငံသားအမ်ားစု၏ ေရြးခ်ယ္တင္ေျမွာက္မႈျဖင့္သာ ေခါင္းေဆာင္ျဖစ္ရေသာ စနစ္ေအာက္တြင္ ႏုိင္ငံသားအမ်ားစု သေဘာက်ႏွစ္သက္ႏႈိင္သည့္ အရည္အေသြးမ်ား ျမင္သာထင္သာေအာင္ ျပသႏႈိင္ဖုိ႔ လုိသည္။ အထူးသျဖင့္ G7 ၀င္ႏုိင္ငံမ်ဳိးက ႏုိင္ငံသားတုိ႔အေနႏွင့္ ကမၻာကုိ ၀င္ဆန္႔ႏႈိင္သည့္ ပုဂၢိဳလ္မ်ဳိးကုိသာ သူတုိ႔ ေခါင္းေဆာင္အျဖစ္လုိလားမည္ အမွန္ပင္။ ထုိသုိ႔ စိစိစစ္စစ္ ေရြးခ်ယ္ခဲ့ပါလ်က္ ေခါင္းေဆာင္အျဖစ္သုိ႔ ေရာက္ရွိၿပီး ဖင္မေႏြးခင္မွာပင္ ႏုိင္ငံသားအမ်ားစုတုိ႔က မႏွစ္လုိ႔ေတာ့ေၾကာင္း ျပသျပန္သည္ကား မွန္းခ်က္ႏွင့္ ႏွမ္းထြက္ မကုိက္မႈေၾကာင့္ဟုပင္ ဆုိရပါလိမ့္မည္။ လန္ဒန္တုိင္းသတင္းစာ၏ ပင္တုိင္ေဆာင္းပါးရွင္ ေနာမန္စတုန္းက ယင္းအေျခအေနကုိ ဂ်ာမန္ ဒႆနဆရာႀကီးနီေရွး၏ စကားျဖင့္ ဤသုိ႔သရုပ္ေဖာ္သည္။ ‘စုိက္ပ်ဳိးတုန္းက နဂါးမ်ား၊ ရိတ္သိမ္းရေတာ့ သန္းမႊား’ ဟူ၍တည္း။


ေခါင္းေဆာင္မႈစိန္ေခၚသံ


ေျပာင္းလဲမႈအရွိန္အဟုန္ ျမန္လြန္းထန္လြန္းေသာ မ်က္ေမွာက္ကမၻာႀကီးအတြင္း၌ ေခါင္းေဆာင္ရွားပါးမႈသည္ ျဖစ္ႏႈိင္ေကာင္းေသာ ျခင္းရာတစ္ရပ္ဟု ဆုိရမည္။ ေျပာင္းလဲမႈႏွင့္အတူ စိန္ေခၚမႈအသစ္မ်ား ျပႆနာ အသစ္မ်ားလည္း ဘြားကနဲ ဘြားကနဲ ဒြန္တြဲေပၚထြန္းလာေသာေၾကာင့္ ျဖစ္သည္။ ထုိ႔ေၾကာင့္ ကမၻာ့ေခါင္းေဆာင္ တစ္ေယာက္၏အျဖစ္မွာ ‘မေဗဒါက တစ္ပင္တည္း’ ဆုိသည့္အျဖစ္ထက္ ပုိမုိဆုိး၀ါးဖြယ္ရွိသည္။ ပန္းပန္ဖုိ႔ေ၀းစြ၊ အေထာင္အေသာင္းေသာ ျပႆနာဘဲအုပ္တုိ႔၏ အယက္အကန္ၾကား၀ယ္ အပုိင္းပုိင္းျပတ္ေတာက္ေၾကမြၿပီး လြင့္ေပ်ာက္မသြားဖုိ႔ပင္ အေတာ္ႀကီး ဘုရားတေနရမည့္ကိန္း။ သုိ႔ေသာ္ စိန္ေခၚေနေသာျပႆနာတုိ႔ကုိ အေကာင္းဖက္မွ ရႈျမင္ႏႈိင္ပါေသးသည္။ စိန္ေခၚမႈကုိ အခြင့္

အလမ္းေကာင္းအျဖစ္ ခံယူၿပီး ေအာင္ျမင္မႈကုိ ရယူႏႈိင္ပါသည္။ အၾကပ္အတည္းက ေခါင္းေဆာင္ကုိ ေမြးဖြား ေပးသည္ဆုိေသာ စကားသည္ ဤသုိ႔ေသာ အလွည့္အေျပာင္းကုိ ရည္ၫႊန္းျခင္းမဟုတ္ေလာ။ စိန္ေခၚမႈတုိ႔ကုိ ဦးေဆာင္ရင္ဆုိင္၍ ေအာင္ျမင္မႈကုိ ဦးေဆာင္ရယူသူကုိပင္ ေခါင္းေဆာင္ဟု ေခၚေ၀ၚသမုတ္ျခင္း မဟုတ္ပါေလာ။


စိန္ေခၚမႈတုိ႔ေၾကာင့္ ေခါင္းေဆာင္မ်ားရွိႏႈိင္သကဲ့သုိ႔ သစ္ထြန္းလာေသာ ေခါင္းေဆာင္မ်ားလည္း ရွိမည္အမွန္ပင္။

စိန္ေခၚမႈတုိ႔ကား ကမၻာ့ႏုိင္ငံေရးနယ္ပယ္၌သာ ရွိသည္မဟုတ္ေပ။ နယ္ပယ္အသီးသီးတြင္ ရွိေနသည္။

နယ္ပယ္အသီးသီးတြင္ ျပႆနာမ်ဳိးစုံႏွင့္ ရႈပ္ေထြးေပြလီေနေသာေၾကာင့္ လက္ရွိကမၻာ့အေနအထားကုိ ကမၻာ့ပုံစံပ်က္အသစ္ (The New World Disorder) ဟုပင္ ေခၚေ၀ၚသူမ်ား ရွိေနသည္။ သုိ႔ေသာ္ နယ္ပယ္ေပါင္းစုံမွ စိန္ေခၚသံေပါင္းစုံ ထြက္ေပၚေနျခင္းကုိ လူသားတုိင္းအတြက္ ေခါင္းေဆာင္ျဖစ္ဖုိ႔ အခြင့္အလမ္းမ်ားဟု ေမွ်ာ္လင့္ႏႈိင္သည္။


လူမႈေရး စီးပြားေရး အိမ္ေထာင္ေရးမွသည္ ပညာေရး၊ ႏုိင္ငံေရး၊ ဘာသာေရးအဆုံး နယ္ပယ္အသီးသီးမွ ေသာေသာညံညံ ထြက္ေပၚေနေသာ စိန္ေခၚသံတုိ႔သည္ ေခါင္းေဆာင္သစ္တုိ႔ကုိ လက္ယပ္ဖိတ္ေခၚေနျခင္းပင္တည္း။


ဒ႑ာရီႏွင့္ အမွန္တရား


ေခါင္းေဆာင္မႈအတြက္ စိန္ေခၚသံတုိ႔မည္မွ်ညံေနေသာ္လည္း လူမ်ားစုသည္ကား ကုိယ္ႏွင့္မဆုိင္သေယာင္ ဖာသိဖာသာေနၾကသည္။ ဤသည္ပင္ ‘ေခါင္းေဆာင္ရွားကမၻာႀကီး’ အတြက္ အနာဂတ္မဲ့ဖုိ႔ အလားအလာျဖစ္ေနသည္။


လူမ်ားစုအေနႏွင့္ ေခါင္းေဆာင္မႈကုိ ေရွာင္ရွားျခင္းသည္ ဒ႑ာရီတုိ႔ လႊမ္းမုိးမႈေၾကာင့္ဟု ေခါင္းေဆာင္မႈပညာရွင္တုိ႔က ေထာက္ျပၾကသည္။ သူရသတၱိကင္းမဲ့ျခင္းေၾကာင့္မဟုတ္။ စြမ္းေဆာင္ရည္ခ်ဳိ႔တဲ့ေသာေၾကာင့္မဟုတ္။ ေခါင္းေဆာင္မႈႏွင့္ ပတ္သက္၍ လြဲလြဲမွားမွား ဒ႑ာရီစကားတုိ႔ကုိ ယုံမွတ္လက္ခံထားေသာေၾကာင့္သာဟု ဆုိသည္။ ယုံတမ္းဒ႑ာရီတုိ႔ကား အမွန္တရားကုိ ဖုံးကြယ္ေဖ်ာက္ဖ်က္သည့္ ကိရိယာတစ္မ်ဳိး ျဖစ္၏။


ဒ႑ာရီက ေခါင္းေဆာင္ဟူသည္ တန္ခုိးသိဒၶိႏွင့္ ျပည့္စုံေသာ မဟာပါရမီရွင္မ်ားျဖစ္သည္ဟု ဆုိသည္။ အမွန္မူကား ေခါင္းေဆာင္တုိ႔၏စြမ္းအားသည္ တန္ခုိးသိဒၶိမွ လာသည္မဟုတ္။ ရည္မွန္းခ်က္တစ္ခုအေပၚ ျပင္းထန္စြာ သက္၀င္ယုံၾကည္မႈမွ လည္းေကာင္း၊ မိမိ၏ ယုံၾကည္ခ်က္ကုိ လက္ေတြ႔အေကာင္အထည္ေဖာ္လုိသည့္ ဆႏၵမွလည္းေကာင္း ေပၚထြက္လာျခင္းသာ ျဖစ္သည္။


ဒ႑ာရီက ေခါင္းေဆာင္ဟူသည္ တမန္ေတာ္ပေရာဖက္မ်ားကဲ့သုိ႔ လာမည့္အနာဂတ္ကုိ အတိအက် ေဟာေဖာ္ၫႊန္ျပႏႈိင္သူဟု ဆုိသည္။ အမွန္မူကား ေခါင္းေဆာင္ထံတြင္ အနာဂတ္ရုပ္ပုံတစ္ခုရွိသည္ဆုိရာ၌ ယင္းအနာဂတ္ရုပ္ပုံသည္ ထူးျခားဆန္းၾကယ္သည့္ စိတ္တန္ခုိးမွ ထြက္ေပၚလာျခင္းမဟုတ္။ ေနာက္လုိက္တုိ႔၏ ရည္မွန္းခ်က္ႏွင့္ မိမိ၏ကုိယ္ပုိင္အေတြးအေခၚတုိ႔မွ ထြက္ေပၚလာျခင္းသာျဖစ္သည္။


ဒ႑ာရီက ေခါင္းေဆာင္ဟူသည္ အံ့မခန္းစြန္႔စားမႈတုိ႔ျဖင့္ ေနာက္လုိက္တုိ႔ကုိ ဆြဲေဆာင္ကာ သူအလုိရွိရာသုိ႔ ေခၚသြားတတ္သူဟု ဆုိသည္။ အမွန္မူကား စြန္႔စားခန္းတုိ႔ျဖင့္ ဆြဲေဆာင္ျခင္းမဟုတ္။ ေနာက္လုိက္တုိ႔၏ ရည္မွန္းခ်က္မ်ားကုိ ေလးေလးစားစား တန္ဖုိးထားေသာေၾကာင့္ သူထံပါးသုိ႔ ေနာက္လုိက္မ်ား ၀န္းရံခ်ဥ္းကပ္လာျခင္းသာ ျဖစ္သည္။

ဒ႑ာရီက ေခါင္းေဆာင္ဟူသည္ ထိပ္ဆုံးတြင္ တစ္ကုိယ္တည္း တည္ရွိသူဟု ဆုိသည္။ အမွန္မူကား ေခါင္းေဆာင္တုိ႔သည္ ေနာက္လုိက္မ်ားႏွင့္ ေဆြမ်ဳိးရင္းခ်ာကဲ့သုိ႔ ခ်စ္ခင္ရင္းႏွီးစြာ ေနထုိင္သူျဖစ္သည္။


ဒ႑ာရီက ေခါင္းေဆာင္ဟူသည္ သူတပါးကုိ ထိမ္းခ်ဳပ္သူျဖစ္သည္ဟု ဆုိသည္။ အမွန္မူကား ေခါင္းေဆာင္တုိ႔သည္ သူတစ္ပါးကုိ မထိမ္းခ်ဳပ္။ သူတစ္ပါးကုိ အစြမ္းထက္ထက္ အလုပ္လုပ္လာႏႈိင္ေအာင္ အားေပးကူညီသူသာ ျဖစ္သည္။


ဒ႑ာရီတုိ႔သည္ ေခါင္းေဆာင္ကုိ လူ႔ေလာက၏အထက္သုိ႔ ပုိ႔ေဆာင္ထားၾကသည္။ ေကာင္းကင္ဆန္ေသာ အထြတ္အျမတ္ေနရာ၌ တစ္သီးတစ္သန္႔ ထားၾကသည္။ သုိ႔ေသာ္ ေခါင္းေဆာင္မႈသည္ ေနရာဌာနတစ္ခုမဟုတ္။

သက္၀င္လႈပ္ရွားမႈျဖစ္စဥ္တစ္ခုသာ ျဖစ္၏။ ေခါင္းေဆာင္၏ အႏွစ္သာရကုိ ေနရာဌာနျဖင့္ ေဖာ္က်ဴး၍မရ၊လက္ေတြ႔အလုပ္တုိ႔ျဖင့္သာ ေဖာ္က်ဴးရပါမည္။


ေခါင္းေဆာင္တုိ႔၏ မဂၢင္ငါးပါး


ဒ႑ာရီမာယာတုိ႔၏ လႊမ္းမုိးဖမ္းစားမႈကုိ သုတ္သင္ဖယ္ရွားလုိက္မည္ဆုိလွ်င္ ေခါင္းေဆာင္ဟူသည္ လူထဲကလူသာျဖစ္ေၾကာင္း ထင္းထင္းႀကီး ျမင္သိပါမည္။ ေခါင္းေဆာင္ဟူသည္ ေမြးရာပါ တန္ခုိးရွင္မဟုတ္။ ဗီဇပါသိဒၶိရွင္ မဟုတ္။ သုိ႔ေသာ္ သူတုိ႔၌ထူးျခားေသာ စြမ္းေဆာင္ေအာင္ျမင္ခ်က္မ်ား ရွိသည္။ ‘ေခါင္းေဆာင္မႈစိန္ေခၚသံ’ ဟူေသာ စာအုပ္ကုိ ေရးသားသူ ဂ်ိမ္းကုိဇက္ႏွင့္ ဘာရီေပါ့ဆနာတုိ႔က ေခါင္းေဆာင္တုိ႔၏ ထူးကဲေသာ စြမ္းေဆာင္ေအာင္ျမင္ခ်က္မ်ားကုိ ျမစ္ဖ်ားခံရာတြင္

ေခါင္းေဆာင္ဟူသမွ်၌ မခၽြတ္မယြင္းရွိေနေသာ က်င့္စဥ္ငါးပါးကုိ ေတြ႔ရွိခဲ့ပါသည္။


၁။ တည္ဆဲျဖစ္စဥ္ကုိ စိန္ေခၚျခင္း


ေခါင္းေဆာင္မႈသည္ အေသရပ္ေနေသာ ျဖစ္စဥ္မဟုတ္။ လႈပ္ရွားရွင္သန္ေနေသာ ျဖစ္စဥ္ျဖစ္၏။ ေခါင္းေဆာင္အမ်ားစုက သူတုိ႔၏ ေအာင္ျမင္မႈသည္ ‘အခ်ိန္ကုိက္ေနရာကုိက္ျဖစ္ျခင္း’ ‘အခြင့္ေကာင္းႏွင့္ ၾကံဳႀကိဳက္ျခင္း’ ဟု အေၾကာင္းျပတတ္သည္။

သုိ႔ေသာ္ မည္သည့္ေခါင္းေဆာင္မွ် ‘ကံၾကမၼာ၏မ်က္ႏွာသာေပးမႈ’ ကုိ ငုတ္တုတ္ထုိင္ေစာင့္ၿပီး ေမွ်ာ္တလင့္လင့္ လုပ္မေနၾက။


ဒ႑ာရီထဲကေခါင္းေဆာင္သည္ ေအးေဆးတည္ၿငိမ္မႈရွိေသာ အစုအဖြဲ႔ကုိၾကည့္ၿပီး သာယာၾကည္ႏူးတတ္သူျဖစ္ေသာ္လည္း လက္ေတြ႔ေခါင္းေဆာင္တုိ႔သည္ကား တည္ဆဲအေနအထားကုိ ေျပာင္းလဲပစ္ေရးအတြက္ အစုအဖြဲ႔ကုိ လႈပ္ရမ္းသူမ်ား ျဖစ္ေနၾကသည္။


ေခါင္းေဆာင္တုိ႔သည္ လက္ရွိအေနအထားကုိ တင္းတိမ္ေရာင့္ရဲျခင္း မရွိတတ္။ ပုိမုိေကာင္းမြန္ေသာ အဆင့္သုိ႔တက္ရန္ နည္းလမ္းသစ္မ်ား ရွာေဖြေတြ႔ရွိဖုိ႔အတြက္ မသိကၽြမ္းေသာ နယ္ေျမစိမ္းမ်ားဆီသုိ႔ ေျခခ်လုိသူမ်ား ျဖစ္သည္။ ထုိ႔ေၾကာင့္ စိန္ေခၚသံကုိ နားစုိက္သည္။ စိန္ေခၚခ်က္ကုိ ရွာေဖြသည္။ သုိ႔မဟုတ္ သူကုိယ္တုိင္က စိန္ေခၚသံေပးေလသည္။


၂။ အမ်ားႀကိဳက္အနာဂတ္ရုပ္ပုံကုိ ဖန္တီးတင္ျပျခင္း


အနာဂတ္သည္ မေသခ်ာ မေရရာမႈတုိ႔ျပည့္ေနေသာ နယ္ေျမစိမ္းတစ္ခုျဖစ္သည္။ ယင္းနယ္ေျမစိမ္းသုိ႔ သက္သာ ေခ်ာေမာစြာ သြားႏႈိင္ေသာ လမ္းမရွိ။ ကႏၱာရခရီးၾကမ္းႏွင့္ ခေရာင္းေတာသာရွိသည္။ ထုိ႔ေၾကာင့္ ေခါင္းေဆာင္သည္ သူ၏ အေမွ်ာ္အျမင္ျဖင့္ အနာဂတ္ကုိ အိပ္မက္မက္ၾကည့္သည္။ စိတ္ကူးပုံေဖာ္ၾကည့္သည္။ သုိ႔ျဖင့္ ျဖစ္သင့္ျဖစ္ထုိက္ေသာ ျဖစ္ႏႈိင္ဖြယ္ရွိေသာ ျဖစ္ေစခ်င္ေသာ အနာဂတ္ရုပ္ပုံလႊာတစ္ခု ေပၚထြန္းလာသည္။ ေခါင္းေဆာင္မွန္လွ်င္ ယင္းကဲ့သုိ႔ အနာဂတ္ရုပ္ပုံလႊာတစ္ခုကုိ ၾကည္လင္ျပတ္သားစြာ ပုံေဖာ္စိတ္ကူးႏႈိင္ရမည္။


သုိ႔ေသာ္ ကုိယ္တစ္ေယာက္တည္း သိျမင္ေနရုံႏွင့္ မလုံေလာက္။ သူတစ္ပါးကုိ တင္ျပႏႈိင္ရမည္။ အနာဂတ္ရုပ္ပုံကုိ ဖန္တီးၿပီး အသက္သြင္းရမည္။ သူ၏ စိတ္ကူးအိပ္မက္သည္ သူ႔အစုအဖြဲ႔၏ စိတ္ကူးအိပ္မက္အျဖစ္သုိ႔ ေရာက္ရွိေရးအတြက္ ၾကည္လင္ျပတ္သားေသာ ေဖာ္က်ဴးတင္ျပမႈကုိ အားထုတ္ရမည္။ အနာဂတ္ႏွင့္ ပတ္သက္၍ မေရမရာျဖစ္ေနသူမ်ား ၀ုိးတ၀ါးျဖစ္ေနသူမ်ား သုိ႔မဟုတ္ အနာဂတ္ေပ်ာက္ေနသူမ်ားအတြက္ ေခါင္းေဆာင္က တင္ျပေသာ အနာဂတ္ဒီဇုိင္းသည္ တကယ့္အားေဆး။ ‘အနာဂတ္ရုပ္ပုံမရွိလွ်င္ ပ်က္စီးၾကအံ့’ ဟူေသာ ဘုိင္ဘယ္က်မ္းလာစကားသည္ ေခါင္းေဆာင္တုိ႔အတြက္ လက္စြဲစကားျဖစ္၏။


၃။ အျခားသူတုိ႔ ပါ၀င္လုပ္ကုိင္ေအာင္ အားေပးျခင္း အနာဂတ္ကုိ အေကာင္အထည္ေဖာ္ရာတြင္ ကုိယ္တစ္ဦးတည္းႏွင့္ မျဖစ္ႏႈိင္သည္ကုိ ေခါင္းေဆာင္တုိ႔ သိၾကသည္။

အစုအဖြဲ႔အတြင္း ထူးကဲေသာ စြမ္းေဆာင္ေအာင္ျမင္မႈတုိ႔ကုိ ရရွိႏႈိင္ေရးအတြက္ လုပ္ေဖာ္ကုိင္ဖက္မ်ားလုိအပ္သည္ကုိ သူတုိ႔ မေမ့ၾက။ ထုိ႔ေၾကာင့္ပင္ ေခါင္းေဆာင္တုိ႔သည္ မိသားစုကဲ့သုိ႔ ရင္းႏွီးခုိင္မာေသာ အစုအဖြဲ႔မ်ားကုိ ဖန္တီးၾကသည္။


ေခါင္းေဆာင္တစ္ေယာက္အဖုိ႔ ေအာင္ျမင္မႈဟူသည္မွာ ‘မိမိ၏ေအာင္ျမင္မႈ’ မဟုတ္ေပ။ ‘မိမိတုိ႔၏ ေအာင္ျမင္မႈ’ သာျဖစ္သည္။


ထုိ႔ေၾကာင့္ စြမ္းေဆာင္ခ်က္မွာလည္း ‘မိမိ၏စြမ္းေဆာင္ခ်က္’ မဟုတ္။ ‘မိမိတုိ႔၏ စြမ္းေဆာင္ခ်က္သာ’ ျဖစ္၏။ ထုိ႔ေၾကာင့္

ေခါင္းေဆာင္သည္ မိမိ၏ ေနာက္လုိက္မ်ား စြမ္းေဆာင္ရည္ထက္ျမက္ေရးကုိ အားေပးကူညီသည္။ ေခါင္းေဆာင္၏ အားေပးမႈေၾကာင့္ပင္ ေနာက္လုိက္မ်ား၏ စြမ္းရည္မ်ား တုိးပြားလာျခင္းႏွင့္အတူ ထက္ျမက္ေသာ လုပ္ကုိင္မႈတုိ႔လည္း ေပၚထြန္းလာခဲ့သည္။ ေနာက္ဆုံးတြင္ ယင္းေနာက္လုိက္တုိ႔သည္ ေခါင္းေဆာင္မ်ား ျဖစ္လာၾကသတည္း။


၄။ စံနမူနာျပျဖစ္ျခင္း


‘အလုပ္အကုိင္က လုပ္ပုိင္ခြင့္ကုိ ေပးၿပီး၊ အျပဳအမူက ေလးစားမႈကုိ ေပးသည္’ ဟူေသာစကားရွိ၏။ ေခါင္းေဆာင္တုိ႔က ေနာက္လုိက္တုိ႔ကုိ အကဲျဖတ္သကဲ့သုိ႔ ေနာက္လုိက္တုိ႔ကလည္း ေခါင္းေဆာင္ကုိ အကဲျဖတ္ေနပါသည္။ ေနာက္လုိက္တုိ႔အေနႏွင့္ ေခါင္းေဆာင္၏ အျပဳအမူသည္ ေခါင္းေဆာင္၏တန္ဖုိးကုိ ေဖာ္ျပခ်က္ျဖစ္သကဲ့သုိ႔ မိမိတုိ႔ေဆာင္ရန္ေရွာင္ရန္ စံနမူနာမ်ားလည္း ျဖစ္ေနသည္။ ‘ငါတုိ႔ေခါင္းေဆာင္ဟာ သူေျပာတဲ့အတုိင္း လက္ေတြ႔လုပ္ရဲ့လား’ ဟူေသာေမးခြန္းသည္ ေနာက္လုိက္တုိ႔သုံးသည့္ မွတ္ေက်ာက္ပင္ျဖစ္၏။


အစုအဖြဲ႔တစ္ခု၏ ေအာင္ျမင္မႈရရွိေရးအတြက္ စကားလုံးမ်ား စီမံခ်က္မ်ားႏွင့္ လုံေလာက္ျခင္းမရွိပါ။ ေခါင္းေဆာင္တုိ႔သည္ မိမိ၏ယုံၾကည္ခ်က္တုိ႔ကုိ ကုိယ္တုိင္ သရုပ္ေဖာ္ျပၾကသည္။ အေျပာကုိ လက္ေတြ႔လုပ္ျပၾကသည္။ အေျပာႏွင့္အလုပ္ တစ္ထပ္တည္းက်ျခင္းသည္ပင္ ေခါင္းေဆာင္၏ ယုံၾကည္စိတ္ခ်ရမႈ ျဖစ္ေလသတည္း။


၅။ စိတ္ဓာတ္ခြန္အား တုိးျမွင့္ေပးျခင္း


ေအာင္ျမင္မႈသုိ႔သြားရာလမ္းသည္ ခက္ထန္ၾကမ္းတမ္းေသာ ေတာင္ထြတ္ေတာင္ထိပ္သုိ႔ တက္ရသည္ႏွင့္ အလားတူသည္။ ပင္ပန္းဆင္းရဲမႈကုိ ဇြဲရွိရွိႏွင့္ ျဖတ္ေက်ာ္ႏႈိင္ဖုိ႔ လုိအပ္သည္။ ေခါင္းေဆာင္ေနာက္လု္ိက္ပါသူတုိ႔မွာ လမ္းခုလပ္တြင္ပင္ အားအင္ကုန္ခမ္းသြားတတ္သည္။ လက္ေလွ်ာ့သြားတတ္သည္။ ထုိ႔ေၾကာင့္ ေနာက္လုိက္မ်ား ေရွ႔သုိ႔ ဆက္လက္လုိက္ပါလာေအာင္ ေခါင္းေဆာင္တုိ႔သည္ စိတ္ဓာတ္ခြန္အား သြင္းေပးၾကသည္။


ကုမၸဏီႀကီးတစ္ခု၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ဇဖီရုိပုိလုိက သူ၏၀န္ထမ္း ၂၀၀၀ ေက်ာ္ကုိ ႏွစ္ပတ္လည္


ဆုေၾကးေပးအပ္ရာတြင္ တကယ့္အခန္းအနားႀကီးလုပ္ၿပီး ေပးသည္။ ‘ဆုေၾကးေပးလွ်င္ စာတုိက္ကပုိ႔ၿပီး ေပးတာမ်ဳိး မလုပ္ပါႏွင့္။ အခန္းအနားႏွင့္ ေပးပါ’ ဟူေသာ စကားကုိ သူလက္ကုိင္ထားသည့္ စိတ္ဓာတ္ခြန္အားသြင္းနည္း တစ္မ်ဳိးျဖစ္ပါ၏။


ေနာက္လုိက္တုိ႔အေနႏွင့္ မိမိတုိ႔လုပ္ခဲ့ၿပီးသမွ်အေပၚ ေခါင္းေဆာင္တုိ႔က အသိအမွတ္ျပဳ တန္ဖုိးထားျခင္းေလာက္ စိတ္အားတတ္စရာ မရွိ။ ဤအခ်က္ကုိ ေခါင္းေဆာင္တုိ႔ သိၾကသည္။ ကုိယ့္ကုိကုိယ္ ေအာင္ပြဲႏွင့္ ထုိက္တန္သူမ်ားအျဖစ္ သေဘာေပါက္လာၾကသည္။ ယင္းသုိ႔ သေဘာေပါက္သြားသူတုိ႔အဖုိ႔ ေခါင္းေဆာင္၏ေနာက္သုိ႔ ဆက္မလုိက္ဘဲ လက္ေလွ်ာ့က်န္ရစ္ျခင္းေလာက္ ရွက္စရာအလုပ္မ်ဳိးမရွိၿပီ။ စိတ္ဓာတ္ခြန္အားသြင္းေပးႏႈိင္ေသာ ေခါင္းေဆာင္ေနာက္က လုိက္ပါရျခင္းသည္ စိတ္ပ်က္စရာမေကာင္းဘဲ ေပ်ာ္ရႊင္ဖြယ္ ေကာင္းေနသည္။ ထပ္ေရာက္မွ ေပ်ာ္ရႊင္မႈကုိ ရရွိသည္မဟုတ္။ ေတာင္တက္ရင္းႏွင့္ပင္ ေပ်ာ္ရႊင္မႈ ရေနသည္။ စင္စစ္ ယင္းသည္ပင္ ေအာင္ျမင္မႈေပတည္း။


ေနာက္လုိက္တုိ႔၏ ေမွ်ာ္လင့္ခ်က္


အစုအဖြဲ႔တုိ႔အတြင္း၌ ထူးကဲေသာ ေအာင္ျမင္မႈကုိ ရရွိေစႏႈိင္ခဲ့ေသာ ေခါင္းေဆာင္မွသမွ်၏ အက်င့္အၾကံ ငါးမ်ဳိးကား ‘ေခါင္းေဆာင္မႈ’ ဟူေသာ ဇတ္ထုပ္၏ တစ္၀က္မွ်သာျဖစ္ပါ၏။ စင္စစ္ ‘ေခါင္းေဆာင္မႈ’ သည္ ေခါင္းေဆာင္တုိ႔၏ အေၾကာင္းအရာသက္သက္ မဟုတ္ပါ။ ေခါင္းေဆာင္မႈတြင္ ေနာက္လုိက္တုိ႔၏ အေၾကာင္းအရာလည္း ပါ၀င္ပါသည္။ တစ္စုံတစ္ေယာက္ထံတြင္ ေခါင္းေဆာင္မႈဂုဏ္ရည္မ်ား ရွိမရွိကုိ ဆုံးျဖတ္သူကား ေနာက္လုိက္တုိ႔ပင္ ျဖစ္ေပ၏။ မည္သူေခါင္းေဆာင္ျဖစ္သင့္သည္ မည္သူေခါင္းေဆာင္ျဖစ္ထုိက္သည္ကုိ ေနာက္ဆုံး ဆုံးျဖတ္ျပဌာန္းေပးမည့္သူကား ေနာက္လုိက္တုိ႔သာျဖစ္၏။ ေခါင္းေဆာင္မႈဟူသည္ ေနာက္လုိက္တုိ႔၏ ျမင္ကြင္းထဲ၌သာ ရွိေသာအရာျဖစ္ပါသည္။


အေမရိကန္ စီမံခန္႔ခြဲမႈအသင္းႀကီးက ႀကီးမွဴး၍ မန္ေနဂ်ာ ၁၅၀၀ ကုိ စစ္တမ္းထုတ္ခဲ့သည္။ ‘မိမိ၏ အထက္ေခါင္းေဆာင္ထံတြင္ မည္သည့္ဂုဏ္ရည္တုိ႔ကုိ အႏွစ္သက္ဆုံးျဖစ္သနည္း’ ဟူေသာေမးခြန္းျဖင့္ စစ္တမ္းေကာက္ယူခဲ့သည္။ ယင္းေမးခြန္းႏွင့္အတူ ဂုဏ္ရည္ေပါင္း ၂၂၅ မ်ဳိးကုိလည္း ေဖာ္ျပခဲ့သည္။ ရုိးသားမႈ၊ ကၽြမ္းက်င္မႈ၊ ဦးေဆာင္ႏႈိင္မႈ၊ သေဘာထားႀကီးမႈ စသည္ျဖင့္။

တစ္ဖန္ ျပည္ေထာင္စု စီမံခန္႔ခြဲေရးတကၠသုိလ္ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔ကလည္း အလားတူေမးခြန္းမ်ဳိးႏွင့္ပင္


ျပည္ေထာင္စု အစုိးရအတြင္းရွိ အႀကီးတန္းအမႈေဆာင္အရာရွိေပါင္း ၈၀၀ ကုိ စစ္တမ္းေကာက္ခဲ့သည္။


စင္တာကလာရာတကၠသုိလ္ႏွင့္ တျခားေနရာမ်ားတြင္ ျပဳလုပ္ေသာ စီမံခန္႔ခြဲေရး ႏွီးေႏွာဖလွယ္ပြဲမ်ားတြင္ တက္ေရာက္လာသည့္ ထပ္တန္းမန္ေနဂ်ာေပါင္း ၂၆၁၅ ေယာက္ကုိလည္း အလားတူ စစ္တမ္းေကာက္ယူၾကည့္သည္။


ေနာက္ဆုံးစစ္တမ္း၌ ရရွိေသာအေျဖကား ေအာက္ပါအတုိင္းျဖစ္၏။


၁။ ရုိးသားမႈ ၈၃% ၂။ ကၽြမ္းက်င္မႈ ၆၇% ၃။ ေရွ႔ေရးေမွ်ာ္ေတြးျပင္ဆင္မႈ ၆၂% ၄။ အားေပးလႈံ႔ေဆာ္တတ္မႈ ၅၈%


၅။ အသိပညာရွိမႈ ၄၃% ၆။ မွ်တမႈ ၄၀% ၇။ သေဘာထားႀကီးမႈ ၃၇% ၈။ ပြင့္လင္းမႈ ၃၄%


၉။ စိတ္ကူးစိတ္သန္းေကာင္းမႈ ၃၄% ၁၀။ မွီခုိအားထားႏႈိင္မႈ ၃၃% ယုံၾကည္မႈ ပဓာန စစ္တမ္းမွန္သမွ်တုိ႔တြင္ ေနာက္လုိက္တုိ႔ အလုိလားအႏွစ္သက္ဆုံး ေခါင္းေဆာင္ဂုဏ္ရည္သည္


‘ရုိးသားမႈ’ ျဖစ္ပါသည္။ ထုိေနာက္မွာ ‘ကၽြမ္းက်င္မႈ’ လုိက္သည္။ ထုိက္ေနာက္မွာမွ ‘အေမွ်ာ္အျမင္’ လုိက္သည္။

ထုိ႔ေနာက္မွာမွ ‘အားေပးလႈံ႔ေဆာ္မႈ’ လုိက္သည္။ ထိပ္ဆုံးဂုဏ္ရည္ေလးခ်က္ကုိ ပူးေပါင္းလုိက္ေသာ္‘ယုံၾကည္စိတ္ခ်ရမႈ’ ဟူ၍ အေျဖထြက္လာပါေတာ့သည္။


ေနာက္လုိက္မွန္သမွ်သည္ ေခါင္းေဆာင္တစ္ေယာက္၏ေနာက္သုိ႔ ယုံၾကည္စိတ္ခ်ရမႈျဖင့္ လုိက္ပါေနျခင္းျဖစ္သည္။


ေငြေၾကးသက္သက္ေၾကာင့္ လုိက္ေနျခင္းမဟုတ္။ မန္ေနဂ်ာႏွင့္ ေခါင္းေဆာင္တုိ႔၏ ျခားနားခ်က္သည္ ဤေနရာတြင္ ထင္ရွားသည္။ မန္ေနဂ်ာတစ္ေယာက္သည္ သူလက္ေအာက္၀န္ထမ္းကုိ ဆုေပးဒဏ္ေပးစနစ္ျဖင့္ ခုိင္းေစေပလိမ့္မည္။


သူခုိင္းသည့္အတုိင္း လုပ္ေအာင္ လစာတုိးေပးျခင္း၊ ရာထူးတုိးျခင္း၊ ဆုေၾကးေပးျခင္း စသည့္ဆုလာဘ္တုိ႔ျဖင့္ ဖ်ားေယာင္းပါမည္။ လစာျဖတ္ျခင္း၊ ရာထူးေလွ်ာ့ျခင္း၊ အလုပ္ျဖဳတ္ျခင္း စသည့္ ျပစ္ဒဏ္တုိ႔ျဖင့္ ၿခိမ္းေျခာက္ပါမည္။


ေခါင္းေဆာင္ကား ထုိသုိ႔လုပ္မည္မဟုတ္။ ေခါင္းေဆာင္မႈ၏ အႏွစ္သာရသည္ လုပ္သင့္ သည္ဟု သေဘာေပါက္ထားေသာ အလုပ္တစ္ခုကုိ ေနာက္လုိက္တုိ႔ လုိက္ပါလုပ္ေဆာင္ခ်င္စိတ္ ေပၚလာေအာင္ လုပ္သည့္ အတတ္ပညာျဖစ္၏။

ထုိ႔ေၾကာင့္ ေနာက္လုိက္တုိ႔ကုိ သူႏွင့္အတူ လုိက္ပါခ်င္စိတ္ေပၚလာေအာင္ လုပ္သည့္အတတ္ပညာျဖစ္၏။


ထုိ႔ေၾကာင့္ ေနာက္လုိက္တုိ႔ကုိ သူႏွင့္အတူ လုိက္ပါခ်င္စိတ္ေပၚလာေအာင္ ေခါင္းေဆာင္တုိ႔ ဦးဆုံးလုပ္သည့္အလုပ္မွာ‘ေနာက္လုိက္တုိ႔၏ ယုံၾကည္စိတ္ခ်မႈ’ ခံယူရရွိေရး ျဖစ္ေပသည္။ ေခါင္းေဆာင္သည္ ‘ယုံၾကည္စိတ္ခ်ရသူ’ျဖစ္ေၾကာင္း အလုပ္ျဖင့္ သက္ေသျပသည္။ ယင္းအလုပ္တုိ႔ကား တည္ဆဲျဖစ္စဥ္ကုိ စိန္ေခၚျခင္း၊


အမ်ားလက္ခံႏႈိင္မည့္ အနာဂတ္ရုပ္ပုံကုိ ဖန္တီးတင္ျပျခင္း၊ အျခားသူတုိ႔ကုိ ပါ၀င္လုပ္ကုိင္ေအာင္ အားေပးျခင္း၊ စံနမူနာျပျဖစ္ျခင္း၊ စိတ္ဓာတ္ခြန္အား တုိးျမွင့္ေပးျခင္း စသည့္ မဂၢင္ငါးပါးပင္ ျဖစ္ေပသတည္း။


အဇၩတၱမွသည္ အနာဂတ္ကမၻာသုိ႔


ေခါင္းေဆာင္လုိစိတ္ရွိျခင္းႏွင့္ ေခါင္းေဆာင္ႏႈိင္မည္ဟု ယုံၾကည္ခ်င္းတုိ႔သည္ ေခါင္းေဆာင္မႈသုိ႔ သြားရာလမ္း၏


တာထြက္အစ ျဖစ္ပါ၏။ ေခါင္းေဆာင္မႈသည္ အႏုပညာတစ္ရပ္ျဖစ္သည္။ ယင္းအႏုပညာကား ကုိယ္တုိင္သရုပ္ေဆာင္ရေသာ အႏုပညာ။ အႏုပညာရွင္တုိ႔၌ သူ၏အႏုပညာကုိ ေဖာ္က်ဴးရန္ ကိရိယာကုိယ္စီ ရွိၾကသည္။ ဂီတပညာရွင္၌ တူရိယာမ်ားရွိသည္။ ပန္းခ်ီပညာရွင္၌ စုတ္တံႏွင့္ ေဆးမ်ားရွိသည္။


ေခါင္းေဆာင္မႈအႏုပညာရွင္၌ကား သူကုိယ္တုိင္သည္ သူ၏ကိရိယာ ျဖစ္ေပေတာ့၏။ ေခါင္းေဆာင္မႈအႏုပညာကုိ ကၽြမ္းက်င္ပုိင္ႏုိင္ျခင္းဟူသည္ မိမိကုိယ္ကုိ ကၽြမ္းက်င္ပုိင္ႏုိင္ျခင္းပင္ ျဖစ္သည္။ အဆုံးစြန္အားျဖင့္ ေခါင္းေဆာင္မႈ ဖြံ႔ၿဖိဳးျခင္းသည္ မိမိအတၱ တုိးတက္ဖြံ႔ၿဖိဳးမႈပင္ ျဖစ္ေပ၏။


ေလ့လာခ်က္တုိ႔အရ ေခါင္းေဆာင္တုိ႔တြင္ ထူးျခားေသာ အက်င့္အၾကံႏွင့္ ထူးျခားေသာ ဂုဏ္ရည္တုိ႔ရွိေၾကာင္း ထင္ရွားသည္။ ထူးျခားေသာအက်င့္အၾကံႏွင့္ ထူးျခားေသာဂုဏ္ရည္ဟုဆုိရေသာ္လည္း သာမန္လူတုိင္းစြမး္ေဆာင္ႏႈိင္ေသာ အက်င့္အၾကံမ်ားခ်ည္းသာ ျဖစ္၏။ သာမန္လူတုိင္း ပုိင္ဆုိင္ရရွိႏႈိင္ေသာ ဂုဏ္ရည္မ်ားသာ ျဖစ္၏။ လူထက္လြန္ေသာ အက်င့္အၾကံႏွင့္ ဂုဏ္ရည္မ်ား မဟုတ္ၾက။


သုိ႔ေသာ္ ယင္းအက်င့္အၾကံႏွင့္ ဂုဏ္ရည္မ်ားမရွိဘဲလ်က္ႏွင့္ ေခါင္းေဆာင္ျဖစ္ခ်င္၍ကား မရ။ မိမိကုိယ္ကုိသာ အားကုိးရမည္ျဖစ္၏။ ဤသည္ပင္ ဗုဒၶဘာသာ၀င္မ်ားအတြက္ကား အခြင့္ေကာင္းဟုဆုိရေပမည္။


အဘယ္ေၾကာင့္ဆုိေသာ္ ဗုဒၶဘာသာ၀င္တုိ႔၏ အေျခခံခံယူခ်က္သည္ ‘မိမိမွတစ္ပါး အားထားကုိးကြယ္ရာမရွိ’


ဟူ၍ျဖစ္ၿပီး ဗုဒၶဘာသာ၀င္တုိ႔၏ ေနာက္ဆုံးပန္းတုိင္သည္ ‘မိမိကုိယ္ကုိ ပုိင္ႏုိင္ေရး’ ပင္ျဖစ္ေသာေၾကာင့္တည္း။

မ်က္ေမွာက္ကမၻာႀကီးကား အရွိန္အဟုန္ႀကီးစြာေျပာင္းလဲေနသည္။ ယင္းေျပာင္းလဲမႈသည္ နယ္ပယ္အသီးသီးကုိ ရုိက္ခတ္ေနသည္။ ပုဂၢလိက တစ္ဦးခ်င္းမွအစ အိမ္ေထာင္ေရး၊ ႏုိင္ငံေရး၊ ကမၻာေရးအစုအဖြဲ႔တုိ႔အဆုံး


ေျပာင္းလဲမႈဒဏ္ေၾကာင့္ သိမ့္သိမ့္တုန္ေနသည္။ ယင္းကုိ ‘အနာဂတ္ေသြးလန္႔မႈ’ ေရာဂါအမည္တပ္သူက တပ္သည္။ သုိ႔ေသာ္ ေခါင္းေဆာင္တုိ႔သည္ အနာဂတ္ကုိ မထိတ္လန္႔။ အဘယ္ေၾကာင့္ ထိတ္လန္႔မည္နည္း။


အနာဂတ္သည္ ေခါင္းေဆာင္တုိ႔၏ ႀကီးစုိးရာနယ္ပယ္ျဖစ္သည္ မဟုတ္ပါေလာ။

‘ကၽြႏု္ပ္သည္ ေတာင္တန္းႀကီးကုိ ေအာင္ႏုိင္သည္မဟုတ္။ ကုိယ့္ကုိယ္ကုိယ္ ေအာင္ႏုိင္ျခင္းသာျဖစ္သည္။


ကုိယ့္ေၾကာက္ရြံ႔စိတ္၊ ကုိယ့္သံသယစိတ္မ်ားကုိ ေအာင္ႏုိင္ျခင္းသာျဖစ္သည္’ ဟု ဧ၀ရက္ေတာင္ကုိ ဦးဆုံးတက္ခဲ့သူ ဂ်င္၀ွစ္တိတ္ကားက ေျပာသည္။

ကၽြန္ေတာ္တုိ႔လူသားမ်ားသည္လည္း မိမိကုိယ္ကုိ ေအာင္ႏုိင္ျခင္းျဖင့္ အနာဂတ္ကမၻာႀကီးကုိ ဦးေဆာင္ႏႈိင္ရမည္ ျဖစ္ပါသတည္း။


Where Have All The Leaders Gone? By James Walsh The Leadership

Challenge By J.M. Kouzed And B.Z. Posner


ေမာင္သာမည

0 views
Pechaung Institute

 

Wae Griee Htaunt Village, Pechaung Region

Kyauktaw Township, 07061

Rakhine State, Myanmar

Follow Us

  • Facebook
  • Twitter
  • YouTube
Mobile: +95 9450866224, 9421746678

Email: admin@pechaunginstitute.com