လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအစီအစဉ်

YECD Batch 2 Students
YECD Batch 2 Students

press to zoom
YECD Batch 2 Students
YECD Batch 2 Students

press to zoom
Zaw Hlaing Oo (USA)
Zaw Hlaing Oo (USA)

Mr. Zaw Hlaing Oo is sharing his learning experience in USA to YECD Students.

press to zoom
YECD Batch 2 Students
YECD Batch 2 Students

press to zoom
1/14

Our Students

To play, press and hold the enter key. To stop, release the enter key.

လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအစီအစဉ်

 

လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့်ဒေသဖွံ့ဖြိုးရေးအစီအစဉ် “အခြေခံပညာသင်ယူပြီးမြောက်ပြီးနောက် အစိုးရ သက်မွေးဝမ်းကျောင်းတက္ကသိုလ် တစ်ခုခုသို့ တက်ရောက်ခွင့်မရရှိခဲ့သော ကျေးလက်နေ လူငယ်များအတွက် ကျေးလက်ဒေသ၌ပင် တက္ကသိုလ်အဆင့် ပညာရေးကို သင်ကြားခွင့်ရရှိစေရမည်” ဟူသော ပီချောင်းအင်စတီကျူး၏ တတိယမြောက်လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်သည့် အနေဖြင့် စီစဉ်ဖွင့်လှစ်သင်ကြားပေးနေသော အစီအစဉ်တစ်ခုဖြစ်ပါသည်။

ကျေးလက်ဒေသနေ ဆယ်တန်းအောင်၊ ဘွဲ့ကြို၊ ဘွဲ့ရလူငယ်အများစုသည် လုပ်ငန်းခွင်သို့ ဝင်ရောက် ရန် လိုအပ်သည့်အရည်အသွေးများ မပြည့်စုံခြင်းကြောင့် အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေကြ ရပါသည်။ အလုပ်အကိုင်ကောင်းများရရှိရန် မည်သို့ကြိုးစားလုပ်ဆောင်ရမည်ကို နားလည်သော တစ်ချို့လူငယ်များသည်ပင် မိဘများ၏ ပံ့ပိုးနိုင်မှုအခြေအနေ အားနည်းခြင်းကြောင့် စိတ်ကူးကောင်း များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိကြပေ။

 

ဤအစီအစဉ်သည် (တက္ကသိုလ်ဝင်တန်းအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ) ထိုကဲ့သို့သော ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုရေး သိပ္ပံ၊ သဘာဝပတ်ဝန်းကျင်ထိမ်း သိမ်းရေး၊ စီမံခန့်ခွဲရေးဘာသာရပ်များ၊ ကိုယ်ကျင့်တရားဆိုင်ရာ အသိပညာများနှင့် ဒီမိုကရေစီစံနှုန်း များဆိုင်ရာ ဗဟုသုတများကို အချိန်ပြည့် တစ်နှစ်ကြာ ကျောင်းနေ ကျောင်းစား သင်ကြားပေးသည့် အစီအစဉ်ဖြစ်သည်။

 

အစီအစဉ်၏ ရည်ရွယ်ချက်မှာ “တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျေးလက်နေ အရွယ် ရောက်ပြီး ကျောင်းသားလူငယ်များအား လုပ်ငန်းခွင်နှင့် ရှေ့ဆက်ပညာသင်ကြားရေးတွင် လိုအပ် လျက်ရှိသော အရည်အသွေးများကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။”

 

သင်ကြားပေးသည့် ဘာသာရပ်များမှာ

 

၁။ အဂ်လိပ်စာ အရေး−အဖတ်−အပြာနှင့် နားလည်မှုစွမ်းရည် (Intermediate Level)

၂။ ကွန်ပျူတာ (Word, Excel, PowerPoint, PageMaker, Photoshop and InDesign)

၃။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘာသာရပ်များ

၄။ ပရောဂျက်စီမံခန့်ခွဲခြင်း (အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ ငွေစာရင်း၊ လူ့အရင်းအမြစ်၊ သယ်ယူပို့ဆောင် ရေး)

၅။ သင်တန်းပြီးဆုံးခဲ့သော ကျောင်းသားများအား နောက်ဆက်တွဲအစီအစဥ်ဖြစ် သင်ယူခဲ့သော ဘာသာရပ်များမှ မိမိတို့နှစ်သက်ရာ ဘာသာရပ်တစ်ခုကိုရွေးချယ်၍ နှစ်ယောက်တစ်တွဲစီ ၂ လ ကြာ စီမံကိန်းတစ်ခုကို ဦးဆောင်၍ ကိုင်တွယ်လုပ်ကိုင်စေခြင်း။

 

ဤအစီအစဉ်ကို တနှစ်လျင် (၄) လတစ်ကြိမ်နှုန်း အပတ်စဉ် (၃) ခုစီ ခေါ်ယူပြီး အပတ်စဉ်တစ်ခုလျင် ကျောင်းသား/သူ (၂၅) ယောက်၊ တစ်နှစ်လျင် ကျောင်းသား/သူ (၇၅) ယောက်ကို ပညာသင်ကြားပေး နိုင်ရန် ကြိုးစားစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

 

ဤအစီအစဉ်တွင်  တက်ရောက်သင်ယူခွင့်ရရှိသည့် ကျောင်းသားလူငယ်များသည် တစ်နှစ်တာ သင် တန်းပြီးဆုံးပါက လုပ်ငန်းခွင်၌ အသုံးချနိုင်သည့် အလယ်အလတ်အဆင့် အင်္ဂလိပ်စာ အရေး-အဖတ်-အပြောနှင့် နားလည်မှုစွမ်းရည်များရှိလာခြင်း။ ရုံးလုပ်ငန်းများတွင် အသုံးချနိုင်သည့် ကွန်ပျူတာ တာကျွမ်းကျင်မှု ရှိလာခြင်း။ လုပ်ငန်းအဆိုပြုလွှာ ရေးသားခြင်းနှင့် လုပ်ငန်းအစီရင်ခံစာရေးသား ခြင်းများအားတက်ကျွမ်းလာခြင်း။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစီမံခန့် ခွဲမှုဆိုင်ရာ အခြခံသဘောသဘာဝများအား နားလည်သဘောပေါက်မှုရှိလာခြင်း၊ ၎င်းလုပ်ငန်းစဥ် များတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်တက်ခြင်း။  သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဆိုင်ရာ  အခြေခံသဘော သဘာဝများ၊ စီမံအုပ်ချုပ်ရေ:၊ ဘဏ္ဍာရေး၊ လူ့အရင်းအမြစ်၊ စာရင်းအင်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို ပါဝင်လုပ်ကိုင်ဆောင်ရွက်တတ်လာခြင်းတို့ကို ရရှိမည် ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဇွန်လထိ ခေါ်ယူခဲ့သော အစီအစဉ်၏ အပတ်စဉ် (၁) တွင် ရခိုင်ပြည်နယ် မြို့နယ် (၄) ခုမှ (ကျောက်တော်၊ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော) ကျာင်းသား/သူ (၂၃) ယောက်ကို လက်ခံသင်ကြားပေးနိုင်ခဲ့သည်။

 

၂၀၁၉ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ခုနှစ် ဇွန်လထိ သင်ကြားပေးနေသော လက်ရှိ အပတ်စဉ် (၂) တွင် ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံမြို့နယ်များက ကျောင်းသား/သူ (၂၆) ယောက် တက်ရောက် သင်ကြားလျက်ရှိပါသည်။