မျိုးဆက်သစ်စာကြည့်တိုက် 

မျိုးဆက်သစ်စာကြည့်တိုက်သည် ကျောင်းသား/သူများနှင့်ဒေသခံလူထုများ စာဖတ်စွမ်းရည် မြင့်မား လာရန်နှင့် ဗဟုသုတု ပိုမိုရှာဖွေနိုင်ရန် ရည်ရွယ်၍ ပီချောင်းအင်စတီကျူးမှ ပီချောင်းပညာဒါနကျောင်း ဝင်းအတွင်း ဖွင့်လှစ်ထားသော စာကြည့်တိုက်ဖြစ်သည်။ မျိုးဆက်သစ်စာကြည့်တိုက်တွင် စာအုပ် ပေါင်း ၂၅၀၀ ခန့်ရှိပြီးဖြစ်သည်။ စာကြည့်တိုက်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့် တိုက်မှူးတစ်ယောက်ခန့်အပ်ပြီး လုပ်ဆောင်လျက်ရှိပါသည်။ နည်းပါးပြီး အလိုအပ်ဆုံး စာအုပ် အမျိုးအစားများမှာ ရသစာပေ အမျိုးအစားဖြစ်သည်။  အလှူရှင်များ၏ စေတနာအလျောက် လှူဒါန်းသောမည်သည့်စာအုပ်ကိုမဆို လက်ခံပါသည်။ ဟောင်းသည်ဖြစ်စေ သစ်သည်ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ 

ယနေ့စာအုပ်အလှူရှင်

ကျောင်းသား/သူ လူငယ်များ ဗုဒ္ဓအဆုံးအမများနှင့် ယဥ်ပါးပြီး သက်လုံကောင်းသော ဘဝကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့နေ ကိုဦးထွန်းကြည် မိသားစုမှ (ကျပ်တစ် သိန်းတန်ဖိုးရှိ) မြန်မာ အဂ်လိပ်နှစ်ဘာသာဖြင့် ထုတ်ဝေသော ဆေးရောင်စုံရုပ်ပြစာအုပ်များကို ပီချောင်းအင်စတီ ကျူး၊ မျိုးဆက်သစ်စာကြည့်တိုက်သို့ လှူဒါန်းခြင်းအား လက်ခံရရှိပါကြောင်းနှင့် အထူးကျေးဇူး ဥပကာရတင်ရှိပါကြောင်း လေးစားစွာ ဖော်ြပအပ်ပါသည်။ ဤလှူဒါန်းမှုအား နတ်လူ သာဓု ခေါ်စေ သော်။  

 

We are very pleasure to highly appreciate the donor: Ko U Tun Kyi’s family contributing comic books of Buddhist teaching and culture (written in Myanmar and English) to New Generation Library of Pechaung Institute in order to develop knowledge and competency of students and youths’ related to meaningful ways of living. May all beings of this universe bless their donations.  

Pechaung Institute

 

Wae Griee Htaunt Village, Pechaung Region

Kyauktaw Township, 07061

Rakhine State, Myanmar

Follow Us

  • Facebook
  • Twitter
  • YouTube
Mobile: +95 9450866224, 9421746678

Email: admin@pechaunginstitute.com