
ကိုယ်ချင်းစာစိတ်နှင့် ယှဉ်ပြိုင်လိုစိတ်တို့၏ သက်ရောက်မှု

ကိုယ်ချင်းစာစိတ်နှင့် ယှဉ်ပြိုင်လိုစိတ်တို့၏ သက်ရောက်မှု
The Impact of Compassion and Competition
~ ~ ~ ~ ~
🔰စာဖတ် လူဖတ်ပြီး စိတ်ထဲမှာ အတွေးတစ်ခု ရှိနေပါတယ်။
👉ဘာလည်းဆိုတော့ ~
👩🎓ခေတ်သစ်လူ့ဘောင်ကို တည်ဆောက်ရာမှာ #မူကို စဉ်းစားသူများသည် Competition ကို ဦးစားပေး စဉ်းစားခြင်းထက်၊ Compassion ကို ဗဟိုပြု စဉ်းစားပါမူ ပိုကောင်းမယ်-ဟူသည့် အတွေးပါ။
ထို C-နှစ်လုံး၏ အဆိုး၊ အကောင်း သက်ရောက်အားသည် မျက်မှောက် ခေတ် လူမှုရပ်ဝန်းတွင် အလွန် ပြင်းထန်လှသည်။
✍️Competition က အချင်းချင်း ယှဉ်ပြိုင်ဖို့ တွန်အားပေးပြီး၊ တဖက်သားကို အမြဲ အနိုင်ယူဖို့ ကြိုးစား ခိုင်းသည်။ တပါးသူ ပြိုလဲ ကျရှုံးသွားသော်လည်း မစာနာ ဂရုမစိုက်ဘူး ဆိုတဲ့ သဘော။
✍️Compassion က အချင်းချင်း ကိုယ်ချင်းစာစိတ်ထားတတ်ဖို့ အားပေးသည်။ လဲနေသူကို ထူပေးဖို့၊ လက်ဆွဲခေါ်တင်ဖို့ တိုက်တွန်းခြင်း။ တဖက်လူ ကျရှုံးသွားမှာကို မလိုလားတဲ့ သဘော။
🌷ဒီ C-၂-လုံးမှာ Competition စကားလုံးကို အဓိကထားလို့ မျက်မှောက်ခေတ် စီးပွားရေး၊ နိုင်ငံရေးလောကကို လူတွေအချင်းချင်း ယှဉ်ပြိုင်စေခြင်းဖြင့် ပုံဖော် တည်ဆောက်ထားသည်ကို တွေ့ရသည်။
ကိုယ်ကျိုးအတွက် ဗဟိုပြုပေးသော သာမန် လူသားများ၊ ခေါင်းဆောင်များသည် Competition ယှဉ်ပြိုင်မှုကို တွန်းအား အဖြစ် အသုံးပြု ကြိုးစားကြသည်။
လူအများကျိုးအတွက် ဗဟိုပြုပေးထားသော သူတော်ကောင်း ဦးဆောင်သူများသည် Compassion - အများကို ကောင်းစေ အကျိုးဖြစ်စေလိုသည့် စိတ်ကို တွန်းအားအဖြစ် အသုံးပြု ကြိုးစားကြသည်။
🌷ယင်း၏ အကျိုးဆက်မှာ -
ထိုစနစ် ထိုမူ အောက်မှာ ကြီးပြင်းလာရသူများ၏ စိတ်ထဲတွင် ယှဉ်ပြိုင်လိုစိတ် ကြီးစိုးလာပြီး၊ တဖက်လူကို စာနာစိတ် နည်းပါး ပျောက်ကွယ်လာသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။
👱အချင်းချင်း ယှဉ်ပြိုင်ရာတွင်လည်း ~
🌷လူတစ်ဦးနှင့် တစ်ဦး
🌎ပြင်ပန်း ဗဟိဒ္ဓ အလှကို ယှဉ်ပြိုင်ကြသည်။
🌅အတွင်း အဇ္ဈတ္တ လှဘို့ ယှဉ်ပြိုင်တာမျိုး ရှားသည်။
🌷နိုင်ငံ တနိုင်ငံနှင့် တနိုင်ငံ
🌷လူမျိုး တစ်ခုနှင့် တစ်ခု
#စစ်သားအား၊ #လက်နက်ဒုံးဂျီအား၊ #နျူးကလီးယားအရေတွက် အားတွေကို အပြိုင်အဆိုင် တည်ဆောက်ပြီး ခေတ်သစ်လူသားရပ်ဝန်းတွင် ယှဉ်ပြိုင်နေကြသည်။
🌷ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျင့်စာရိတ္တနှင့် လူ့ဘောင်ငြိမ်းချမ်းရေးကဏ္ဍတွေမှာ သာလွန်ဖို့ကို မယှဉ်ပြိုင်ကြဘူး။
🌷ထိုကဲ့သို့ #အိုင်ဒီယိုလိုဂျီ၊ #စနစ်၊ #မူ များ ကြီးစိုး လွှမ်းမိုးခြင်းကို ခံထားရသော -
👉ဒီလူ
👉ဒီနိုင်ငံ
👉ဒီကမ္ဘာကြီးရဲ့ တစ်ခုတည်းသော သွားရာလမ်းမှာ -
ကမ္ဘာကြီးတစ်ခုလုံး နျူကလီးယား စစ်မက်ဖြစ်၍ မီးဟုန်းဟုန်းတောက် ပြာကျသွားခြင်းပင်။
ထိုအခါမှ -
😳လူသားများ စိတ်ပြောင်း၍ အတွေးမှန်ရ၊ သံဝေဂရလို့
🙏ငြိမ်းချမ်းရေး ထွန်းကားလာနိုင်ဖွယ်ရာ မြင်ပါသည်။
😱 ကမ္ဘာ့ရပ်ဝန်းမှ လူသားများ၏ စိတ်ကို ဝင်ကြည့်မိသွားသောအခါ ~
🌷ထိတ်လည်း ထိတ်လန့်မိသည်။
🌷လူတွေကို သနားလည်း သနားမိပါသည်။
.............
🙏 BYLC Team
Bangkok & Yangon
~ ~ ~ ~ ~
Photo: Leadership Class at Mahachula University