ချစ်စိတ်

Updated: Dec 19, 2019


ချစ်စိတ်ကို

အတ္တဗဟိုပြု အမြင် Self-centered view ဖြင့် မတည်ဆောက်လေနဲ့။

ဤအမြင်၏ ဆိုးကျိုးမှာ အလွန်တရာ ထုထည်ပမာဏ ကြီးမာလှပေသည်။ ကောင်းကျိုးမှာ မပြောပစလောက်သာ။

ချစ်စိတ်ကို

အတ္တမဲ့ အမြင် Non-self view ဖြင့်သာ တည်ဆောက်ပါလေ။

ဤအမြင်၏ ဆိုးကျိုးမှာ မပြောပစလောက်သာ။

ကောင်းကျိုးချမ်းသာ ထုထည်ပမာဏမှာ အလွန်တရာ ကြီးမားလှပေသည်။

စိတ်ဆင်းရဲစရာနှင့် မကောင်းမှုဟူသမျှတို့သည် အတ္တဗဟိုပြု အမြင်ကနေ မွေးဖွားလာကြရ၏။

အတ္တမဲ့ အမြင်မှာမူ စိတ်ဆင်းရဲစရာနှင့် မကောင်းမှုတို့အတွက် နေရာ မရှိ။

ပေါ်လာသမျှ ပျောက်ပျက်သွားရသော သဘော သက်သက်မျှသာ ရှိ၍ ဖြစ်သည်။

ဤသဘောတရားမှာ

ဗုဒ္ဓ၏ အတ္တဝါဒ Self-centered view၊ အနတ္တဝါဒ Non-self view အမြင်နှင့်၊ ယင်း၏ အကျိုးသက်ရောက်မှုကို သရုပ်ခွဲပြခြင်း နိဒါန်းအစပင် ဖြစ်သည်။

~ တနည်း ~

ပညတ္တိဓမ္မနှင့်၊

ပရမတ္ထဓမ္မတို့၏ သဘောတရား အစပင် ဖြစ်သည်။

(ဆက်လေ့လာကြည့်ပါ)

ချစ်တတ်ပါစေ ~

ချစ်စိတ် အမြင် မှန်ပါစေ ~

မေတ္တာဖြင့်