
စနစ်သစ် ပြောင်းလဲပုံ

ယခုပညာသင်နှစ် (2018-2019) မှာ စတုတ္ထတန်း အောင်မြင်သည့် ကျောင်းသားများက လာမည့် (2019-2020) ပညာသင်နှစ်မှာ Grade-6 တက်ရမှာ ဖြစ်ပါတယ်
ငါးတန်းကို ဖြုတ်ပစ်တာ မဟုတ်ပါ
ယခုပညာသင်နှစ် (2018-2019) မှာ စတုတ္ထတန်း အောင်မြင်သည့် ကျောင်းသားများက လာမည့် (2019-2020) ပညာသင်နှစ်မှာ Grade-6 တက်ရမှာ ဖြစ်တယ်။
တချို့ တော်တော်များများ နားမလည်နိုင် ဖြစ်နေကြတယ်။ အဲဒီတချို့ထဲမှာ ပညာရေး အသိုင်းအဝိုင်းကတောင် ပါ ပါတယ်။ တချို့ပြင်ပလောကမှာတော့ အစိုးရကို ဆဲနေတာတွေတောင် ရှိနေပါတယ်။ တချို့က ဒါဆိုရင် ပဉ္စမတန်း ဘယ်ရောက်သွားလဲ၊ ပဉ္စတန်းကို ဘာလို့ဖြုတ်တာလဲ ဆိုတဲ့ အသံတွေနဲ့ပါ။
Grade-5 အတန်းဟာ လုံးဝကြီး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး ဖြုတ်ပစ်လိုက်တာလည်း မဟုတ်ပါဘူး အဲဒီကိစ္စလေးနည်းနည်းလောက် ရှင်းပြပါရစေ။ အဓိက ကတော့ ပညာရေးစနစ် သစ်ကို ကူးပြောင်းတဲ့အချိန်မှာ မူလတန်းအဆင့်မှာ ပါဝင်တဲ့ အတန်းအရေအတွက် အလယ်တန်းအဆင့်မှာပါဝင်မဲ့ အတန်းအရေအတွက် အထက်အတန်းအဆင့်မှာပါဝင်မဲ့ အတန်းအရေအတွက်တွေကိုပါ ပြောင်းလဲ မှာဖြစ်ပါတယ်။ ဒီလိုပါ အရင်က စနစ်မှာက မူဆင့်ကို သူငယ်တန်းမှ စတုတ္ထတန်းအထိ ၊ လယ်ဆင့်ကို ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ၊ထက်ဆင့်ကို နဝမတန်းမှ ဒဿမတန်းအထိ သတ်မှတ်ထားတာ လူတိုင်းသိပြီးသားပါ ယခု ပြောင်းလဲနေတဲ့ ပညာရေးစနစ်သစ်မှာတော့ KG+12 ဆိုတဲ့ အတိုင်း KG အပါအဝင် Grade 1 to Grade12အထိဖြစ်လာမှာပါ အဲဒီမှာ မူ၊လယ်၊ထက် အဆင့်သတ်မှတ်ပုံတွေပါပြောင်းသွားပါတယ်။
စနစ်သစ်မှာက KG မှ Grade1-2-3-4-5 ထိ ကိုမူလတန်းပညာရေးအဖြစ် သတ်မှတ်ပါတယ်။ ပဉ္စမတန်းက မူလတန်းအဆင့်ထဲပါသွားပါပြီ (ဒီနေရာမှာ တစ်ချက်လေး သတိထားရမှာက အရင်က ပထမတန်းကို Grade2 ဒုတိယတန်းကို Grade3 စသည်ဖြင့် ခေါ်ပါတယ်။ စနစ်သစ်မှာတော့ ပထမတန်းဟာ Grade1 ပါ ဒုတိယတန်းဟာ Grade2 ပါ ပဉ္စမတန်းဟာ Grade-5 ပါပဲ)။
အပေါ်က အဆက်ကနေ ပြန်ဆက်ပြောပါမယ်။ အလယ်တန်းပညာရေးကိုတော့ Grade-6 မှ Grade-9 ထိ သတ်မှတ်ပါတယ်။ အထက်အတန်း ပညာရေးကိုတော့ Grade10 မှ Grade12 ထိ သတ်မှတ်ပါတယ်။ ဒါဆိုရင် ယခု အရင်စနစ်နဲ့ စတုတ္ထတန်း တက်နေသူတွေ ဘာကြောင့် နောက်နှစ်မှာ Grade 6 တက်ရသလဲ ဆိုတာ ရှင်းပြပါမယ်။ လောလောဆယ် စတုတ္ထတန်း တက်နေသူတွေဟာ စနစ်ဟောင်းအရ မူလတန်းအဆင့် ပြီးသွားပါပြီ။ မူလတန်းအဆင့် ပြီးသွားသူတွေဟာ အလယ်တန်းအဆင့်ကို တက်ရောက်ရမည့် သဘောပါ။
လာမည့် 2019-2020 ပညာသင်နှစ်မှာက အလယ်တန်းပညာရေး စနစ်သစ် စတင်ပါပြီ။ ဒါကြောင့် ယခုနှစ် စတုတ္ထတန်း (မူဆင့်ပြီးသူတွေ)က အလယ်တန်းအဆင့်ရဲ့ စနစ်သစ်စပြောင်းတဲ့ အချိန်ကို မှီလိုက်လို့ Grade -6 ကို ရောက်သွားတာပါ ၅တန်း ဘယ်ရောက်သွားလဲ ၅ တန်းလည်းမရှိတော့ဘူး ဆိုပြီးရှုပ်မသွားပါနဲ့ ရှင်းပြပါမယ်။
မူလတန်းစနစ်သစ်ကိုက 2016-2017ပညာသင်နှစ်က စပြီး ပြောင်းလဲခဲ့တာပါ 2016-2017မှာ KG တက်ခဲ့တဲ့ ကလေးတွေက 2017-2018 မှာ Grade၊ 2018-2019 (ယခု) Grade 2 တက်နေပါတယ်။ အဲဒီစနစ် သစ်နဲ့ တက်ခဲ့တဲ့ကလေးတွေက Grade -3/Grade-4/Grade-5 ဆိုပြီး ရောက်လာမှာပါ။ အထက်မှာ ပြောခဲ့တဲ့အတိုင်း Grade-5ရောက်မှ မူလတန်းအဆင့်ပြီးပါမယ်။
နောက်တစ်ချက် ဆရာ/ဆရာမ တချို့ အပါအဝင် ကျောင်းသားမိဘတွေ မရှင်းတာက ယခု စတုတ္ထတန်း တက်နေတဲ့ ကလေးတွေအနေနဲ့ Grade -6 ကို တက်ရမယ် ယခုလက်ရှိ အရင်စနစ်နဲ့ ပဉ္စမတန်းတက်နေတဲ့ ကလေးတွေကလည်း ရှိနေတော့ စတုတ္ထတန်း အောင်သူနဲ့ ပဉ္စမတန်းေ အာင်သူတွေက Grade-6 မှာ အတူတူဖြစ်သွားမှာလား ဆိုပြီး ထင်နေကြပါတယ် မတူပါဘူး။
ယခု ပဉ္စမတန်း တက်နေသူတွေက နောက်နှစ် ဆဋ္ဌမတန်းမှာ သင်ရိုးအဟောင်း စနစ်ဟောင်းနဲ့ သင်ရမှာပါ သူတို့က အလယ်တန်းကို စရောက်တဲ့အချိန်မှာ စနစ်ဟောင်းနဲ့ပဲ မိပါတယ်။ စတုတ္ထတန်းအောင်သူတွေ Grade-6 မှာ သင်ရိုးသစ် သင်ခန်းစာ သင်ရမှာပါ။ သူတို့က အလယ်တန်းကို စပြီးရောက်တဲ့အချိန် အလယ်တန်းက စနစ်သစ်ပြောင်းတဲ့အချိန်နဲ့ မိပါတယ်။ သင်ရိုးသစ်ကို ပြောင်းလဲတဲ့ မူ၊လယ်၊ ထက် အဆင့်တွေနဲ့ ခုနှစ်တွေကို ဖော်ပြပေးလိုက်ရင် ပိုရှင်းသွားမယ် ထင်ပါတယ်။
2016-2017 မှာ မူလတန်းအတွက် သင်ရိုးသစ်ကို စပါတယ် (KGကနေ စပါတယ် KG သင်ရိုးသစ်စချိန်မှာတော့
ပထမတန်း- ဒု -တ-စ အတန်းတွေကတော့ အဟောင်းသင်ရိုးနဲ့ပဲ သွားနေရတာပါပဲ)
2019-2020မှာ အလယ်တန်း သင်ရိုးသစ် စနစ်သစ် ကို စတင် အကောင်အထည်ဖော်မှာပါ။
2020-2021 မှာ အထက်တန်းအဆင့်သင်ရိုးသစ် ၊စနစ်သစ်ကို စတင်မှာပါ။
အထက်တန်းဆင့် သင်ရိုးသစ် စတင်ပြီး အကာင်အထည်ဖော်မည့် နှစ်မှာလည်း အလယ်တန်းဆင့် ပြီးမြောက်သူ (အဋ္ဌမတန်းအောင်မြင်သူ) တွေက Grade 10 ကို တက်ရောက်ရမှာပါ။
ယခု စတုတ္ထတန်းအောင်ပြီး Grade-6 ရောက်တဲ့ ကလေးတွေလိုပါပဲ။ အလယ်တန်းပြီးလို့ အထက်တန်း တက်ရတဲ့သဘောပါ။ စနစ်သစ်မှာ အထက်တန်းကို Grade-10 က ပဲ စမှာပါ ကိုးတန်းပျောက်သွားတာလားလို့ စဉ်းစားပြန်ပြီလား။
အလယ်တန်း အဆင့်ကို စနစ်သစ်နဲ့ တက်ခဲ့တဲ့ ကလေးတွေ Grade-6/Grade7/Grade8 ပြီးရင် Grade9 ရောက်လာပါမယ်။
Credit : Yi Thaung Thaung Yi