ပီချောက်းအင်စတီကျူး သမိုင်းနောက်ခံ
Updated: Dec 19, 2019
၂၀၀၈ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သီိတင်းသုံးနေထိုင်သော အသျှင်စန္ဒာဝရ(ဝဲကြီးထောင့်ဆရာတော်) နှင့် ထိုအသျှင်၏ ညီတော် နောင်တော်များဖြစ်ကြသော အသျှင်တေဇိန္ဒ၊ အသျှင်နရိန္ဒ၊ အသျှင်အာလောက၊ အသျှင်သုန္ဒရ စသော ရဟန်းတော်များသည် ကျေးရွာအတွင်းရှိ ကျောင်းသားလူငယ်များအတွက် (၃) လကြာ နွေရာသီ အင်္ဂလိပ်စာသင်တန််းတစ်ခုကို စီစဉ်ဖွင့်လှစ်သင်ကြားပေးခဲ့ကြပြီး သင်တန်းအမည်ကို အင်္ဂလိပ်ဘာသာဖြင့် “Royal English Language Teaching Centre” ဟု အမည်ပေးခဲ့ကြသည်။ (၃) လတာ သင်တန်းပြီးဆုံးပြီးနောက် ရဟန်းတော်များသည် ပီချောင်းဒေသခံ ကျေးလက်နေ လူငယ်များ၏ ပညာရေးဆိုင်ရာ အားနည်းချက်များကို လက်တွေ့ကျကျ နားလည်သဘောပေါက်ခဲ့ကြပြီး ၄င်းအခြေအနေကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် ပုံမှန်လည်ပတ်နိုင်သော ပရဟိတပညာဒါနကျောင်းတစ်ကျောင်းကို စီစဉ်ဖွင့်လှစ်နိုင်ရန် စဉ်းစားအဖြေရှာဖွေခဲ့ကြသည်။
အသျှင်စန္ဒာဝရ(ဝဲကြီးထောင့်ဆရာတော်) ဦးဆောင်သော ရဟန်းတော်များသည် 2008 ခုနှစ် တစ်နှစ်တာလုံး ကြိုတင်စီစဉ်ကြပြီးနောက် ၂၀၀၉ - ၂၀၁၀ ပညာသင်နှစ်အတွက် ရည်ရွယ်လျှက် ဝဲကြီးထောင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ပင် အမြဲတမ်း သင်ကြားပို့ချပေးနိုင်မည့် ပရဟိတပညာဒါနကျောင်းတစ်ကျောင်းကို “Royal Education Centre” (REC) ဟု အမည်ပေး၍ ၂၀၀၉ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြသည်။ ၄င်းနှစ်တွင် တက္ကသိုလ် ဝင်တန်းကျောင်းသား/သူ (၁၄) ဦးကို စတင်လက်ခံသင်ကြားပေးခဲ့ရာမှ (၅) ဦးတို့ ပေါက်မြောက်အောင်မြင်ခဲ့ကြသည်။
၄င်းအောင်မြင်မှုကြောင့် “REC - ပီချောင်းပညာဒါန” သည် ပီချောင်းဒေသတွင်းရှိ ကျောင်းသား/သူ မိဘများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ထိုမှစတင်၍ ယခု ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်ထိ (၁၀) နှစ်တိုင်တိုင် မရပ်မနားခရီးဆက်လာနိုင်ခဲ့ပြီးဖြစ်သည်။ ၄င်းကာလအတွင်း တက္ကသိုလ်ဝင်တန််း ကျောင်းသား/ သူ စုစုပေါင်း (၅၀၀) ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့ပြီး မိမိတို့လက်အောက်မှ တက္ကသိုလ်ဝင်တန်း တိုက်ရိုက်အောင်မြင်သူ (၁၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။
မိမိတို့သည် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများကိုသာ စတင်လက်ခံ၍ သင်ကြားပေးနေရာမှ အခြေခံပြည့်ဝသော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် အောက်အောက် အတန်းများဖြစ်သော ၉ တန်း၊ ၈ တန်း၊ ရ တန်း၊ ၆ တန်း၊ ၅ တန်းများရှိ ကလေးငယ်များကိုလည်း တဖြည်းဖြည်း လက်ခံသင်ကြားပေးလာခဲ့သည်။
အခြေခံပညာမူလတန်းအဆင့်ကိုမူ သင်ကြားပေးရန် ဆရာ/မ အလုံအလောက်ရှိသော်လည်း နေရာ စာသင်ခန်း အခက်အခဲကြောင့် ယခုထိ လက်ခံသင်ကြားပေးနိုင်ခြင်း မရှိသေးပေ။ ယခု ၂၀၀၈ - ၂၀၁၉ ပညာသင်နှစ်တွင် ပဥ္စမတန်းမှ တက္ကသိုလ်အဆင့်ထိ ကျောင်းသား/သူ ဦးရေ (၂၆၀) ကျော် လက်ခံသင်ကြားပေးလျက်ရှိသည်။
၂၀၁၄ ခုနှစ် နွေရာသီမှစ၍ သိက္ခာမြန်မာ(ရန်ကုန်)၊ ကံ့ကော် ပညာရေးစင်တာ(ရန်ကုန်)၊ ဦးမြကြိုင်အင်္ဂလိပ်သင်တန်းကျောင်း(ရန်ကုန်)၊ Chin Institute of Social Science (ချင်းပြည်နယ်၊ဖလန်း) စသော ကျောင်းများနှင့် ချိတ်ဆက်၍ ၄င်းကျောင်းများမှ ကူညီစေလွှတ်ပေးသော စေတနာပြဆရာများဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသား/သူများကို အင်္ဂလိပ်ဘာသာ စကားသင်တန်းများကို နှစ်စဉ် စီိစဉ်ဖွင့်လှစ် သင်ကြားပေးလာခဲ့သည်။ ထိုမှ ထွက်ပေါ်လာသော လူငယ်များဖြင့် မိမိတို့ကျောင်း၏ ဆရာ/ဆရာမ လိုအပ်ချက်ကို ဖြည့်စွပ်ပေးနိုင်သည့်အပြင် ရခိုင်ပြည်နယ် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး စသော မြို့နယ်အသီးသီးရှိ ဆက်စပ်ရာရာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ပညာဒါနကျောင်းများသို့လည်း စေတနာပြဆရာ/များအဖြစ် စေလွှတ်ကူညီပေးနိုင်ခဲ့သည်။
၂၀၁ရ ခုနှစ် အောက်တိုဘာလမှစတင်၍ ကျောင်းသားလူငယ်များနှင့် ဒေသခံလူထုများ အသိပညာ ဖွ့ံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာပီပညာရှင်များနှင့် အသိပညာရှင်များကို ဖိတ်ကြားကာ လစဉ်အသိပညာပေးဟောပြောပွဲများကိုလည်း လစဉ်လတိုင်း စဉ်ဆက်မပြတ် ကျင်းပလျက်ရှိသည်။ လေ့လာလိုပါက - https://www.pechaung.institute/public-lecture
“REC - ပီိချောင်းပညာဒါန” ၏ တတိယမြောက်လုပ်ငန်းစဉ်ဖြစ်သော အဆင့်မြင့်ပညာရပ်များ သင်ကြားပြသနိုင်ရေး ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်် ၂၀၁၈ ခုနှစ် ဧပြီိလမှစ၍ “Youth Education and Community Development Programme” (YECD) ကို စတင်မိတ်ဆက်နိုင်ခဲ့ သည်။ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ တက္ကသိုလ်ဝင်တန််းအောင်မြင်ထားပြီးသော ကျောင်းသား/သူများ အား အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် အခြားလုပ်ငန်းခွင်ဆိုင်ရာ အသုံးဝင်မည့် ဘာသာရပ်များကို အသုံးချနိုင်သည့် အဆင့်ထိရောက်ရှိအောင် (၁၂) လကြာ စခန်းသွင်း လေ့ကျင့်သင်ကြားပေးနိုင်ရေးဖြစ်သည်။ ယခု ပထမအသုတ်တွင် ရခိုင်ပြည်နယ် ကျောက်တော်၊ ပေါက်တော၊ စစ်တွေနှင့် ရသေ့တောင်မြို့နယ်များမှ ကျောင်းသား/သူ (၂၃) ဦးကို လက်ခံသင်ကြားပေးလျက်ရှိသည်။ လေ့လာလိုပါက-https://www.pechaung.institute/yecd-program
ပညာဒါနလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ယင်း (၁၀) နှစ်တာ ခရီးသို့ရောက်ရှိလာခဲ့သော REC - ပီချောင်းပညာနကျောင်းသည် ၂၀၁၉ ခုနှစ်အရောက်တွင် အနာဂတ်ကာလသို့ လျှောက်လှမ်းမည့် ပညာရေးဆိုင်ရာလုပ်ငန်းစဉ်များကို ယခင်ထက် စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန် ကျောင်း၏အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ သင်ကြားရေးများကို ပြုပြင်ပြောင်းလဲယင်း ကျောင်း၏အမည်ကိုပါ ပြောင်းလဲသုံးစွဲရန် စဉ်းစား ဆုံးဖြတ်ခဲ့ကြသည်။
၄င်းဆုံးဖြတ််ချက်နှင့်အညီ အမည်သစ်ကို ရွေးချယ်ကြရာ ဒေသကို ကိုယ်စားပြုသည့် ချောင်း၏ အမည်ကို ဂုဏ်ပြုသည့်အနေဖြင့် "ပီချောင်း" ဟူသောအမည်ကိုလည်းကောင်း၊ အခြေခံလွန်နှင့် အဆင့်မြင့် ပညာရေးကို အကောင်အထည်ဖော်ဆောင်သည့် လုပ်ငန်းစဉ်များနှင့် လိုက်ဖက်အောင် ရည်ရွယ်၍ "အင်စတီကျူး" ဟူသောအမည်ကိုလည်းကောင်း တွဲဖက်ကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်၍ ကျောင်း၏အမည်ကို Pechaung Institute (ပီချောင်းအင်စတီကျူး) ဟု ပြောင်းလဲသုံးစွဲမည်ဖြစ်သည်။ လေ့လာရန်-https://www.pechaung.institute
မိမိတို့သည် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများကိုသာ စတင်လက်ခံ၍ သင်ကြားပေးနေရာမှ အခြေခံပြည့်ဝသော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် အောက်အောက် အတန်းများဖြစ်သော ၉ တန်း၊ ၈ တန်း၊ ၇ တန်း၊ ၆ တန်း၊ ၅ တန်းများရှိ ကလေးငယ်များကိုလည်း တဖြည်းဖြည်း လက်ခံသင်ကြားပေးလာခဲ့သည်။