ဖက်ဒရယ်ဖက်ကို ယိမ်းဖို့လား၊ အမျိုးသားနိုင်ငံတော် ထူထောင်ဖို့ကတ်လား?




အို အမောင် ရခိုင်သား ...........

ဖက်ဒရယ်ဖက်ကို ယိမ်းဖို့လား

အမျိုးသားနိုင်ငံတော် ထူထောင်ဖို့လား?


(ပထမပိုင်း)

သန်းအောင်ဖြိုး

21/ 07/ 2022


ဒေဆောင်းပါးမှာ မြန်မာနိုင်ငံက နိုင်ငံရေး အရှုတ်အချက်နဲ့ ဖြီရှင်းရဖို့ပြသနာတိ၊ ဖက်ဒရယ်မြန်မာနိုင်ငံ တည်ဆောက်နိန်စွာ ဇာအတိုင်းအတာရောက်နိန်ဗျာဆိုစွာ၊ ရခိုင်ပြည်အနီနဲ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်အဖွဲ့ဝင်ပြည်နယ်တစ်ခုအဖြစ် ပါဝင်ကေ အားနည်းချက်၊ အားသာချက်တိ၊ သီခြားအမျိုးသားနိုင်ငံထူထောင်ဖို့ဆိုကေ စိန်ခေါ်မှုတိ၊ ကောင်းကျိုးတိကို ဝီဖန်သုံးသပ်လားပါဖို့။


နိဒါန်း


မြန်မာနိုင်ငံစွာ နိုင်ငံရီးအရ သပွတ်အူလိုက်ပနာ ရှုတ်ချက်ခတ်နိန်ရေ တိုင်းပြည်အပျက်တစ်ခုဖြစ်တေ။ ဇာကြောင်းနဲ့ ပြသနာများရလေဆိုစွာ အဖြေတိိတိပ့ပ့ ရှာမထွက်။ ပြည်တွင်းစစ်ဖြစ်တေ၊ တိုင်းပြည်ဆင်းရဲပနာ လူတိုင်း မျှော်လင့်ချက်ပျောက်ဆုံးနိန်ရေတိုင်းပြည်။ လူ့အသက်တိက စျေးပေါ့ရေ၊ အသီခံပနာ စစ်တိုက်နိန်ကတ်တေ။ ငပေါတိနဲ့ အာဏာရှင်တိကိုရာ မွီးထုတ်တတ်တေ။ ကမ္ဘာကြီးစွာ ရွာတစ်ရွာပိုင် ပြောင်းလဲလားဗျာ ဆိုကတ်ယင့်၊ မြန်မာနိုင်ငံကကျခါ ကမ္ဘာဦးအစက လူရိုင်းတိနိန်ရေ နိုင်ငံအရိုင်းနဲ့ တူနိန်တုန်း။


ထိတ်ခနဲ့ဆို စစ်ဖြစ်ဖို့၊ လူသတ်ဖို့တည်းယာ ရှောင်းနိန်ကတ်တေနိုင်ငံ။ အေနိုင်ငံမှာ မတူရေလူမျိုးစုတိ များလို့လား? အစိုးရမကောင်းလို့လား၊ ပြည်သူညံ့လို့လား၊ တစ်ပြည်ထောင်စနစ်ကြောင့်လား၊ အာဏာရှင်ကြောင့်လား၊ ဒီမိုကရေစီကြောင့်လား၊ ဖက်ဒရယ်ကြောင့်လား ယပိုင် လားပေါင်းတစ်ပုန်နဲ့ ထိုမကျ ဒေမကျ မြန်မာနိုင်ငံ။ တော်လှန်ရေး သမားလတ်၊ နိုင်ငံရေးသမားလတ်၊ အာဏာရှင်လတ် တစ်ပုန်ရှိရေ။ ယေလေ့အေတိုင်းပြည် ဒုံရင်းမှာ ဒုံရင်း။ မြန်မာနိုင်ငံ နဲ့ ရခိုင်ပြည်ရို့၏ နိုင်ငံရီး၊ ဖက်ဒရယ်စနစ် နဲ့ ရခိုင်တိ အကြောင်းကို သုံးသပ်ကြည့်ကတ်ဖို့။


သမိုင်းဆိုးရေ နိုင်ငံ


ဖက်ဒရယ်မီးလောင်တိုက်မှာ အသွင်းခံထားရရေ မြန်မာပြည်အကြောင်း တစ်ဆိကေပြောကြည့်မယ်။ ၁၉၄၈ ခုနှစ်မှာ ချင်း၊ ကချင်နဲ့ ရှမ်းရို့ ပါရေ တောင်းတန်းဒေသစွာ ဗမာပြည်မဒေသနဲ့ ပေါင်းပနာ အင်္ဂလိပ်ဘားက လွတ်လပ်ရီးယူရေ။ ဖက်ဒရယ်ကို ပေါင်းစားကတ်ဖို့ မဲဆွေရေ လူက ဗိုလ်ချုပ်အောင်ဆန်း။ ဖက်ဒရယ် ကတိကဝတ်တိကို ပင်လုံစာချုပ်ဆိုပနာ ယင်းစာရွက်မှာ လက်မှတ်ထိုးပလိုက်ကတ်တေ။ ဖက်ဒရယ်ရုံးရင်းဆန်ခတ် ဇာကစလဲဆိုကေ ဗိုလ်ချုပ်အောင်ဆန်းစွာ ဗမာနိုင်ငံသမားတစ်ယောက်လက်ချက်နဲ့ အသတ်ခံလိုက်ရစွာကစဖို့။


တိုင်းပြည်အင်စတီကျူးရှင်းတိကို ​အကောင်အထည်ဖော်ကတ်တေခါ ဗဟိုအာဏာကို ပိုအသာပီးပလိုက်တေ။ ယပိုင်နဲ့ နိုင်ငံစွာ ဖက်ဒရယ်စနစ်မဟုတ်၊ ဖွဲ့စည်းပုံကို ပြန်ပြင်ရဖို့ဆိုပနာ ရှမ်းပြည်မှာ အစည်းအဝေးချနိန်ရင်း၊ မြန်မာစစ်တပ်စွာ ၁၉၆၂ မှာ အာဏာသိမ်းလခရေ။ ဖက်ဒရယ် တတုတ်ပျောက်ပနာ၊ အာဏာရှင်နိုင်ငံဖြစ်လခရေ။ မှန်းချက်နဲ့ လွဲကတ်တေခါ တော်လှန်ရီးယဥ်ကျေးမှု မြန်မာပြည်မှာ ခေတ်စားလာစွာ ဒေနိထက်တိ မအီး။ ဖက်ဒရယ်စွာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သဂ္ငြ်ိုလ်ခံလိုက်ရပိုင် တိုင်းရင်းသားတိ လမ်းပျောက်နိန်စွာ ဒေနိထက်ထိဗျာ။


ယပိုင်နဲ့ စစ်အာဏာရှင်လက်အောက်မှာ နိန်ကတ်ရရေခါ တိုင်ပြည်စွာ ချွတ်ခြုံကျလာပနာ၊ ပြည်သူတိ ကျပ်တည်းလာရေ။ ၁၉၈၈ မှာ တစ်တိုင်းပြည်လုံးက ပြည်သူတိ အုံကြွမှုဖြစ်ခါ ဒေါ်အောင်ဆန်းစုကြည်ရေ ဒီမိုကရေစီ ဖက်ဒရယ်လို့အော်ပနာ မြန်မာနိုင်ငံရေးလောကကို ဝင်လာရေ။ ယင်းခါအရာ ဗမာမဟုတ်တေ တစ်ခြားလူမျိုးတိလေ့ ဖက်ဒရယ်အသံ အကျယ်ကြီး အော်လာကတ်ပြန်ရေ။ ယေလေ့ စစ်အာဏာရှင်က ပြုတ်ကျမလားဘဲ ၂၀၁၀ အထိ ဖက်ဒရယ်အာဏာရှင်နိုင်ငံ အဖြစ် တည်ရှိလာစွာ။


၂၀၁၀ ကနိန် ၂၀၂၀ အထိ စစ်တပ်ဖွဲ့စည်းပုံကို ဒီမိုကရေစီ ဖက်ဒရယ် ပပေါ့ပပျက်ချေနဲ့ တိုင်းပြည်ကို အုပ်ချုပ်တေ။ ဦးသိန်းစိန် လက်ထက်ကလေ့ နိုင်ငံရေးဆွေးနွေးပွဲတိလုပ်ခပိုင်၊ အောင်ဆန်းစုကြည်လက်ထက်မှာလည်း ဆွေးနွေးပွဲတိ ကကောင်းလုပ်ခကတ်တေ။ ဒီမိုကရေစီ ဖက်ဒရယ် နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကြား သဘောထားတိ ကွဲလွဲနိန်တုန်းရှိသိရေ၊ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းလို့ တိုင်းပြည် ပိုဆူလားရေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒကိုတစ်တိုင်၊ စစ်အုပ်စုကိုတစ်တိုင် အပြစ်ပုန်ချကတ်တေ။ ယပိုင်နဲ့ အေနိထိ လူအသက်တိစတေးနိန်ကတ်တေ၊ စစ်ပွဲတိ မှိုပိုင်ပေါက်နိန်ရေ။


အာဏာ ဇာဖြစ်လို့ သိမ်းလေ? သိမ်းလို့ ရလို့ သိမ်းရေ။ သိမ်းနိုင်ရေ အခင်းအကျင်းရှိလို့၊ အားသာချက်ရှိလို့သိမ်းရေ။ လက်နက်ရှိလို့၊ အင်အားသာလို့ သိမ်းရေ။ တော်လှန်ရေးကို တော်လှန်ရေးပိုင်မလုပ်တေလူတိကြောင့် အာဏာရှင် သက်ဆိုးရှည်ရေ။ လက်နက်ကိုင်ပနာ တော်လှန်ကတ်တေ၊ ဇာသူတစ်ယောက် ဦးထုပေါက် မီးကုန်ယမ်းကုန် တော်လှန်ဖူးလို့လဲ။ ကြားကပြည်သူတိနာစွာရာ အဖတ်တင်ရေ။ ဗမာပြည် နဲ့ လာပူးပေါင်းရေ ဆိုလောက်ကပင် ပြည်နယ်တိမှာ ကိုယ့်စွာကိုယ်ရပ်တည်ဖို့ အရည်အချင်းမရှိဆိုစွာ သိသာရေ။ ယင်းချင့်ကို အခွင့်ကောင်းယူပနာ အာဏာသိမ်းရေ၊ သိမ်းလို့ရလို့ သိမ်းရေ။


ဖက်ဒရယ်အဓိပ္ပါယ်တိ


မြန်မာနိုင်ငံမှာ လက်ရှိ အပေါဆုံးက စစ်ဘေးရှောင်နဲ့ ဖက်ဒရယ်ဆိုပနာအော်နိန်ရေ နိုင်ငံရေးသမားနဲ့ တော်လှန်ရေးသမားတိ။ လူတိုင်းတော ဖက်ဒရယ်လို့ ပြောကတ်စွာရာ၊ ယေလေ့တစ်ယောက်နဲ့ တစ်ယောက်အဓိပ္ပါယ်ဖွင့်ပုံကတော မတူကတ်။ မြန်မာစစ်တပ်စွာ ဗမာပြည်မဟုတ်တေ အခြားပြည်နာ်တိကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပီးဖို့၊ ယေလေ့ ခွဲမထွက်ရေးကို အာမခံရဖို့လတ်။ အပြောတစ်မျိုး အလုပ်တစ်ဖုန်နဲ့၊ မြေပြင်ကစစ်ရီးလှုပ်ရှားမှုတိကိုကျခါ တစ်စက်လေ့မလျော့။ ရွေးကောက်ပွဲလုပ်ပနာ တိုင်းပြည်ကို ကြာရှည်အုပ်ချုပ်ဖို့ ရှယ်ပလန်ချနိန်ရေဆိုစွာ လူတိမသိအတိုင်းဗျာ။

NLD နောက်ခံကပေါ်လာရေ NUG ကိုယ်ပျောက်အစိုးရကကျခါ၊ စစ်အာဏာရှင်ကို အယင်တိုက်ဖို့လတ်။ ပြီးမှ ဖက်ဒရယ်ကိစ္စ ဆွေးနွေးဖို့ယောင်ယောင်၊ အာဏာသိမ်းခံထားရလို့ ဖက်ဒရယ်တိ ဒီမိုကရေစီ ပျောက်နိန်ရေ ယောင်ယောင်။ ကြားထဲမှာ ဗမာပြည်စွာ ၇ ပြည်နယ် ပေါင်းထားလိုလိုနဲ့ စစ်ကိုင်းပြည်ထောင်၊ ရန်ကုန်ပြည်ထောင်ရို့ဆိုပနာ ပျင်ပိုက်သိရေ။ မြန်မာနိုင်ငံက မတူရေ တော်လှန်ရေးအဖွဲ့တိ၊ ပြည်နယ်တိကို ဇာကတိကဝတ်နဲ့ ဆွဲစုဖို့ဆိုစွာထက် တရုတ်ကို ဖလာခံပနာ အနောက်နိုင်ငံတိဘားက အသိအမှတ်ပြုခံရအောင် ကြိုးစားနိန်ကတ်တေ။ လုပ်သင့်စွာ မခးလုပ်ဘဲ၊ ပကတိအနီအထားကို နားမလည်ပိုင် မြင်ယင့်။


တော်လှန်ရေးအုပ်စုတိ လက်ခံထားစွာက ဖက်ဒရယ်ဆိုစွာ အာဏာကို ပြည်ထောင်စုနဲ့ ပြည်နယ်ကြား ခွဲပနာသုံးစွာ၊ တစ်နီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိစွာအမျိုးနဲ့ အခွင့်အရီး တန်းတူဆိုရေ ပုံစံမျိုး။ အာဏာရှင်လက်အောက်မှာ ဘုံပျောက်တေခါ တော်,တော တော်လှန်ကတ်ယင့်။ ယေလည့် တော်လှန်ရေးကို တော်လှန်ရေးပိုင်မလုပ်ကတ်၊ ပြီးအောင် ဆုံးအောင်မလုပ် လိုချင်စွာကို ရအောင်မယူတတ်ကတ်။ နောက်ဆုံး တိုးလိုးတန်းလန်း တစ်ဝက်တစ်ပျက်နဲ့ဖြစ်ပနာ ဖက်ဒရယ်ကို သူရို့ပီးမှ ရဖို့ပိုင်ဖြစ်လာရေ။ ယေကေ မြန်မာစစ်တပ်က ငရို့ပီးဖို့၊ မပီး ယပိုင်ဆုံးဖြတ်ရေလူ အိမ်ရှင်စိတ်ဝင်လခစွာ အဆန်းလား။


ကိုယ်ရို့က မပြတ်သားရဲစွာ၊ သူရို့တိအတွက် အခွင့်ကောင်းဖြစ်လားစီရေ။ ယေလေ့ ဇာသူ ဇာလုပ်လုပ် မိအေး ၂ ခါနာဆိုပိုင် ခံရစွာက ပြည်သူလူထု။ လွတ်လပ်ရေးယူကတ်တေအချိန်နဲ့ ဒေနိအချိန် လူတိစိတ်ဓာတ်စွာ ပြောင်းလားရေး။ အာဏာရှင်တိ အာဏာယစ်လခရေ။ ဗမာပြည်သူ၊ ဗမာခေါင်းဆောင်အများကြီးစွာ လူမျိုးကြီးစိတ်ဓာတ်ဝင်ကျလူများရေ။ အခြားလူမျိုးတိစွာ အကွဲကွဲအပြဲပြဲနဲ့ စည်းလုံးညီညွတ်မှုပျက်ပြားပနာ ဖောက်ထွက်တွေးခေါ်နိုင်စွမ်းတိ မထွက်လိုက်ဗျာ။ အေနိုင်ငံမှာကာ အေပိုင်ရာ ဆိုရေ အားငယ်စိတ်တိ၊ တစ်ဆိကေ အင်အားတောင့်ကေ ငယ်ရေအုပ်စုကို ဖိနှိပ်ချင်ရေအကျင့်တိစွာ နှသုံးသားမှာ ထိုးဖောက်ဝင်လားရေ။


ဖက်ဒရယ် အရှုတ်ထုပ်


ဒေနိုင်ငံမှာ ဖက်ဒရယ်စနစ် အမြစ်ကပ်လာဖို့လည်း မလွယ်ပါ။ သမိုင်းနောက်ခံနဲ့ ပထဝီအနီအထား မတူကတ်တေခါ တွေးပုံခေါ်ပုံတိစွာ တစ်ယောက်နဲ့တစ်ယောက် မတူကတ်ဗျာ။ လွတ်လပ်ရေး လိုချင်ဇောနဲ့ မတူစွာကို တူပါကြောင်း ပေါင်းပီးခရေ ဗိုလ်ချုပ်အောင်ဆန်းအမှား။ နောက်ပိုင်း ငရို့ရာ လွတ်လပ်ရေးမယူဘဲ၊ အင်္ဂလိပ်လက်အောက်မှာနိန်ခဖို့ဆိုကေ အခု ဟောင်ကောင်ပိုင်တိုးတက်လို့ရှိဖို့ထွောဆိုပနာ နောင်တရမိကတ်တေ။


အတွေးအခေါ်မတူကတ်ခါ ညှိနှိုင်းတိုင်ပင်ဖို့ခက်တေ။ NCA ထိုးလူ၊ ပြည်နယ်တောင်းလူ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းရေလူ၊ Bilateral ထိုးချင်ရေလူ၊ ဒီမိုကရေစီက အဓိကလို့ထင်ရေလူ ယပိုင်နဲ့ လူတစ်ပုန် စိတ်တပုန်၊ ပြသနာတထွီးနဲ့။ 'ဝ' အခွင့်ထူးခံတိဖြစ်၊ တအောင်းက ပြည်နယ်တောင်း၊ မွန်က ပညာရေးကိုမြှင့်၊ ချင်းက ဒီမိုကရေစီလို၊ ကချင်က ဆရာခံ၊ ကရင်က အိပ်မက်ပျောက်နဲ့ ပကတိဖြစ်တည်မှုတိစွာ ကွာဟလားကတ်တေခါ ဇာစွာ ဇာလဲမသိအောင် ရေရေရာရာဖြစ်လခရေ။ ဖက်ဒရယ်အကြောင်းစဥ်းစားကြည့်ကေ လွယ်စွာပိုင်၊ ခက်စွာပိုင် တွိနိန်ဖို့၊ အမှန်က ခက်လို့လည့် အေလောက်တိုင်းပြည်ဆူနိန်စွာ။


မြန်မာပြည် နိုင်ငံရေးအရှုပ်ထုပ်ကို ဖြေရှင်းဖို့ ပြည်နယ်အခြေခံ စပနာဖြေရှင်းဖို့စဥ်းစားကြည့်မယ်။ ရှမ်းပြည်နယ်ကိုလားကြည့် လက်နက်ကိုင်တပ်တိ တစ်ပုန်တစ်ပန်နဲ့။ အားလုံးကိုယ့် လူမျိုးစုချေတစ်ခု တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်နိုင်ဖို့အရေး လက်နက်ကိုင်ထားကတ်စွာဖြစ်တေ။ ဇာတစ်ဖွဲ့လည့် ပြည်နယ်ကိုဗဟိုပြုပနာမစဥ်းစားကတ်။ စဥ်းစားလို့လည့်မရ ပြည်နယ်တစ်ခုဆိုစွာရာ လူမျိုးတိုင်းပြသနာ ရှမ်းပြည်မှာ စုကျနိန်ရေ။ အရာကရင်ပြည်၊ ဝါရင့် အင်အားကြီး KNU ရှိရေနိန်ရာ၊ တော်လှန်ရေးလုပ်လာစွာ အခုကပင်မဟုတ်၊ NCA ထိုပနာ အချိန်ဖြုန်းပလိုက်စွာ အခု ဇာစိတ်ပေါက်မသိ ထတိုက်နိန်ရေ။


ကိုယ့်ပြည်နယ်တစ်ခုလုံးကို သြဇာလွှမ်းနိုင်အောင်လည့် မကြိုးစား၊ တိုးလိုးတန်းလန်းနဲ့ တော်လှန်ရေးကြာလားလို့ စစ်ပန်းလားဗျာရှိဖို့။ ကချင်က ဇာထူးလို့၊ အေတစ်ကမ္ဘာ မြန်မာနိုင်ငံ ဖက်ဒရယ်မရသရွီ အောင်ဒေါင်းမအော်ချင်ရေတိုင်သား၊ အဓိက ကိုယ့်အိမ်ကလူကို ကိုယ်မယုံ၊ ယုံကြည်မှုမတည်ဆောက်ကတ်။ မွန်ကိုတော မပြောကေ့ဖိ၊ နယ်မြေလေ့မရှိ တော်လှန်ရေးလည့် မလုပ်ဗျာ၊ အင်အားလည့်မရှိ သမိုင်းတစ်ပုန်ကျန်ဗျာ။ ဗမာနဲ့ဆင်ပြေအောင်ပေါင်းဖို့အရေးစွာ သူရို့နိုင်ငံရေးဖြစ်လခဗျာ။ ကရင်နီလည့် ယင်းနည်း၄င်း၊ ချင်ပြည်ကာယကေ၊ အေလောက်ပြည်နယ် ဆင်းရဲတွင်းမှာ ဂျဂျုံးကြီးကျနိန်ကေလေ့မမှတ်၊ ဗမာနိုင်ငံရေးသမားတိနဲ့ပေါင်းပနာ ဒီမိုကရေစီလီလုံးကြီးချင်သိရေ။


ပြည်နယ်တစ်ခုချင်းစီမှာ ပြသနာရှိရေပိုင်၊ ပြည်နယ်အချင်းချင်းကြားမှာလေ့ ပြသနာရှိရေ။ ကြားဝင်ပနာ ဖြေရှင်းပီးနိုင်ဖို့ ခေါင်းဆောင်ပျောက်စွာရာရှိရေ။ NLD ကို အားကိုခရေ။ NLD လည့် စစ်တပ်နဲ့ ပေါင်းပနာ ဒီမိုကရေစီနဲ့ အနိုင်ကျင့်လားရေ။ စစ်တပ်နဲ့မသင့်ကတ်ခါ ဗမာမဟုတ်တေ ပြည်နယ်တိဖက် ကပ်ပါလတ်တေ။ ယေလေ့ အကျင့်ကမပျောက်၊ တော်လှန်ရေးသဘောသဘာဝကို နားမလည်ခါ ပထဝီနိုင်ငံရီးကိုအသုံးမချတတ်၊ တော်လှန်ရေးကို ဒီမိုကရေစီအရေးနဲ့ ရောပနာလုပ်နိန်ရလို့တစ်ခု။ အနောက်မျှော်လွန်းရေ၊ ပြည်နယ်တိအတွက် အလေးထားပုံမပေါ်၊ ဗမာပြည်လို့မမြင်၊ လွန်ခရေ ၅ နှစ်က အုပ်ချုပ်ရေးအာဏာကို တမ်းတလွန်းရေ။


ယကေလေ့ အေနိုင်ငံက နိုင်ငံရေးပြသနာတိကို ဆီးကူးဖို့အတွက်ကျခါ ဖက်ဒရယ်ဆီးကလွဲကေ တစ်ခုလေ့မရှိဗျာ။ အယင်ကလေ့ ပြည်နယ်တိ ဖက်ဒရယ်တောင်းရေ၊ အခုလေ့ တောင်းရေ၊ မတောင်းကေ့ဖိ ရအောင်ယူကတ်လို့ရာ အားပီးရဖို့။ ထွက်ပေါက်မရှိရေ အခြေအနေတစ်ခုမှာ ပြည်နယ်တိအားလုံး ဂျောင်ပိတ်လားမိစွာကို။ အရာ နှစ် ၇၀ လား? မဖြစ်ကေ ဖြစ်အောင်ဖက်ဒရယ်စနစ်ကို တည်ထောင်ကတ်ပါလို့ တိုက်တွန်းပါရေ။ ပြည်သူတိ ဒုက္ခခံရပေါင်းလည့် မနည်းဗျာ။ အားကြီးရေအုပ်စုက သဘောထားကြီးတတ်ခါမှ အေနိုင်ငံ အီးချမ်းဖို့။ ယကေ ရခိုင်ဖက်ကိုလှည့်ကြည့်ဖို့။ ရခိုင်ကာ? ဆိုးတူကောင်းဖက် ဖက်ဒရယ်လမ်ကြောင်းကိုလားဖို့လား? ကိုယ့်လမ်း ကိုယ်ဖောက်၊ ကိုယ့်လမ်း ကိုယ်လျှောက် ကတ်ဖို့လား?


ဆက်ပါဖို့သိ

4 views0 comments