ဖက်ဒရယ်ဖက်ကို ယိမ်းဖို့လား အမျိုးသားနိုင်ငံတော် ထူထောင်ဖို့လား? (ဒုတိယပိုင်း)



အို အမောင် ရခိုင်သား ...

ဖက်ဒရယ်ဖက်ကို ယိမ်းဖို့လား

အမျိုးသားနိုင်ငံတော် ထူထောင်ဖို့လား?


(ဒုတိယပိုင်း)


သန်းအောင်ဖြိုး

27/ 07/ 2022


ရခိုင်တိအတွက် သင်ခန်းစာ


ရခိုင်တိမှာ သမိုင်းထဲကယူလို့ရရေ သင်ခန်းစာတိ အများကြီးရှိရေ။ ရခိုင်နိုင်ငံရေးမတည်ငြိမ်၊ ဘုရင်မကောင်းဆိုပနာ ဗမာဘုရင်ကိုတစ်ခု လားပနာအကူအညီတောင်းရလို့။ အေလောက် နိုင်ငံထူထောင်ပနာ နိန်လာရေ လူမျိုးတစ်ခု၊ ပြိုင်ဘက်ဗမာကို ယုံပင်ယုံခရေကာ၊ ပြည်သူတစ်ချို့ ဇာပိုင်ယုံခကတ်လေ စဥ်းစားမိရေ။ ယင်းအကျိုးဆက် အေခုမျိုးဆက်အထိ ဒုက္ခခံရရေ။


လွတ်လပ်ရေးရစခါ ရခိုင်ပညာတတ်တိ၊နိုင်ငံရီသမားတိရေ ဗမာနိုင်ငံရေးသမားတိနဲ့ပေါင်းပနာ ပြည်ထောင်စုတည်ဖို့စဥ်းစားခကတ်တေ။ ပေါင်းသင့်၊ မပေါင်းသင့်ဆိုစွာ တစ်ဖေ့ချေလေ့ အရှည်ကြီးမစိုင်းစားခ။ ဒေကနိရခိုင်တိ လူလုံးမလှစွာ ယင်းအကျိုးဆက်တိကြောင့်ဖြစ်တေ။လွတ်လပ်ရေးရပြီးနောက်ပိုင်း တောက်လျောက်ဗမာနိုင်ငံရေးနောက်ကို လိုက်တေ၊ ဗမာနိုင်ငံရေးကလေ့ ငြိမ်ရေလို့ကိုမရှိခ။


ရခိုင်ပါတီတိထောင်ရေ၊ ဗမာတိကို ပြောင်းလဲဖို့ကြိုးစားကြည့်ကတ်တေ၊ စမ်းမတွိ။ ကိုယ်ပိုင်နိုင်ငံရေး လမ်းစိုင်မရှိခ။ အခုတောင်မှ ဗမာနဲ့ပေါင်းပနာ နိုင်ငံကို ပြောင်းလဲဖို့လို့ စဥ်းစားနိန်ရေ ထင်ရှားရေ ရခိုင်ခေါင်းဆောင် ၂ ယောက်တောင်မှရှိရေ။ ပြောချင်စွာက ဗမာနဲ့ပေါင်းခရေသမိုင်း လှရေလို့မရှိခပါ။ ခရီးအပါးချေကိုလားချင်ကေ အဖော်နဲ့လားလတ်၊ ယကေလေ့ ခရီးအဝီးကြီးလားချင်ကေတော တစ်ယောက်တည်းလားစွာ ပိုကောင်ရေလို့ဆိုရေ။


မြန်မာနိုင်ငံစွာ စစ်အာဏာရှင်နိုင်ငံတစ်ခုဖြစ်တေ။ အာဏာရှင်ကို တော်လှန်နိန်ရေ တော်လှန်ရေးအင်အားစုတိအားလုံးမှာ တူညီရေမျှော်လင့်ချက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရီးဖြစ်တေ။ ယကေလေ့ ဖြစ်တည်မှုချင်းမတူကတ်တေခါ လုပ်ပုံကိုင်ပုံ တွေးပုံခေါ်ပုံတိလည့်ကွဲလွဲကတ်တေ။ ယေလည့် အာဏာရှင်ကို တော်လှန်လို့မပြီးသိ၊ တော်လှန်ရေး အောင်မြင်ဖို့ မအောင်မြင်ဆိုစွာတောင် ၅၀-၅၀ ရခိုင်နှုန်းသိ။


တော်လှန်ရေးမအောင်မြင်ကေတော တစ်ခုလေ့မစဥ်းစားကေ့ဖိ။ အောင်မြင်ခကေတောင် ဖက်ဒရယ်စနစ် ထူးထောင်နိုင်ဖို့လား၊ မထူထောင်နိုင်လာမသေချာသိ၊ အရာနှစ်ပေါင်း ဇာလောက်ကြိုးစားရကတ်မေ မသိရသိ။ ဒေနိုင်ငံက နိုင်ငံရေးသမားတိ၊ တော်လှန်ရေးသမားတိ ကြိုးစားနိန်ကတ်စွာကို အပျက်သဘောမြင်လွန်းရေ၊ မယုံကြည်ဖြစ်လွန်းရေ၊ ယင်းကြောင့် ပြောနိန်ရစွာမဟုတ်။


မတူကွဲပြားမှုတိ၊ အတွေးအခေါ်မတူစွာတိ၊ စုစည်းရခက်စွာတိကို ရခိုင်တစ်ယောက်အနီနဲ့ ဇာပိုင်မြင်လေ သုံးသပ်ပြစွာ။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပိုင် ဖက်ဒရယ်နဲ့ပါတ်သက်လို့၊ လူအများကယုံကြည်ရေ၊ ယုံကြည်နိုင်အောင်စွမ်းဆောင်မှုရှိရေ၊ တာဝန်ယူမှု တာဝန်ခံမှု အာမခံမှု အပြည့်အဝပီးနိုင်ရေ ခေါင်းဆောင်တစ်ယောက်လောက် မပေါ်သိလို့ဖြစ်တေ။


လေ့လာမိသလောက် ဗမာမဟုတ်တေပြည်သူလူထုတိလိုချင်ရေ ဖက်ဒရယ်ပုံစံကကျခါ ပြည်နယ်ကလုပ်ပိုင်ခွင့်အာဏာတစ်ချို့တစ်ဝက်ကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရဘားမှာ အပ်ထားရေပုံစံဖြစ်တေ။ ပြီးကေ ပြည်နယ်အချင်းချင်း အလျားလိုက်ဆက်ဆံရေးကို တည်ဆောက်ဖို့ပုံစံ။ ရခိုင်ပြည်က မြန်မာပြည်ထောင်စုထဲမှာ ဖက်ကဒရယ်ယူနစ်တစ်ခုအနီနဲ့ပါဝင်ဖို့စွာက လွယ်ရေ၊ ယေလေ့ မြန်မာပြည်ကိုယ်နှိုက်က ဖက်ဒရယ်ဖြစ်လာဖို့လား မှန်းမကျသိ။


ပြည်နယ်တိအချင်းချင်းကြားထဲမှာတောင် ညှိနှိုင်းရဖို့၊ ဆွေးနွေးရဖို့ ပြသာနတိတစ်ပုံကြီးရှိရေ။ ပြီးကေ ပြည်နယ်တိတစ်ခုချင်းစီးမှာ ကိုယ့်အာဏာ၊ ကိုယ့်မင်းကိုယ့်ချင်းနဲ့နိန်ကတ်ဖို့ အစွမ်းအစမရှိသည်။ ကချင်ကို KIA အုပ်ချုပ်တေ၊ ကရင်ကို KNU အုပ်ချုပ်တေ၊ ချင်းမှာ CNF ရှိရေဆိုစွာက တစ်ဝယေဘုယျဆန်သိရေ။ သူရို့ရဲ့ သက်ဆိုင်ရာပြည်နယ်မှာ သြဇာလွှမ်းမိုးနိုင်မှု၊ စီမံခန့်ခွဲနိုင်မှုက ရာခိုင်နှုန်းအနည်းအကျွန်းရာဖြစ်တေ။


အရာ ဗမာပြည်မက နိုင်ငံရေးသမားအများကြီးလွှမ်းမိုးထားရေ NUG ဆိုလေ့ ဖက်ဒရယ်ဆိုစွာ သဘေယမပေါက်သိ၊ တော်လှန်ရေးသဘောသဘာဝကို ပီပီပြင်ပြင်နားမလည်သိ။ ဗမာပြည်နယ်ဆိုပနာ မထုတ်ပြရဲဘဲ ဖက်ဒရယ်လို့အော်နိန်ရေ အချိုး၊ တခြားတော်လှန်ရေးအင်အားစုတိကို ဖက်ဒရယ်ဘောင်ထဲ ဆွဲမစုနိုင်သိစွာလေ့ အေနိုင်ငံ အဆိုးသံသရာလည်နိန်ဖို့သိဆိုစွာ သိသာရေ။

တစ်ဖက်မှာ မြန်မာစစ်တပ်စွာလေ့ အလှမပျက်၊ အပျိုရည်ကောင်းတုန်းအချိန်သိ။ တော်လှန်ရေးမှာ ကကောင်းကြီးစတေးကတ်ရဖို့သိ။ ရခိုင်တိအနေနဲ့ ဒေအချိန်မှာ ဖက်ဒရယ်လို့အော်ပနာ အချိန်ကုန်ခံဖို့အစား၊ သီးခြားနိုင်ငံထူထောင်ရေးလမ်းကြောင်းကို လိုက်လားစွာက ပိုကောင်းဖို့။ ယေလေ့အိပ်မက်တိက စျေးကြီးရေ၊ အသေးစိတ်ပြင်ဆင်ထားဖို့ လိုအပ်တေ။ ရခိုင်တိစွာ ကိုယ်ပိုင်နိုင်ငံထူထောင်ရေးလမ်းကြောင်းကို ဦးတည်နိန်ကြောင်းကို ပိုလို့ပီပြင်လာအောင် ပြတ်ပြတ်သားသား ထုတ်ဖော်ပြဖို့ လိုအပ်လာရေ။


သူမတူ နိုင်ငံရီး


ကိုယ့်လမ်းကြောင်း ကိုယ်လားဖို့အတွက်ကျခါ နိုင်ငံရီးစနစ်ဖြစ်စဥ်တစ်ခုလုံးကို မြန်မာနိုင်ငံက ဇာအဖွဲ့အစည်းနဲ့လည်းမတူအောင် ပြောင်းလဲပစ်ဖို့လိုရေ။ ဆိုလိုစွာက သူများနောက်လိုက် နိုင်ငံရီးစနစ်ကို ဖျောက်ပိုက်ဖို့လိုရေပြောချင်စွာ။ လိုအပ်ကေ ကွန်မျူနစ်အစိုးရပုံစံ အုပ်ချုပ်ရေးမဏ္ဍိုင်ကို ချပိုက်ရဖို့။ တစ်ယောက်ချင်းအခွင့်အရီးထက်၊ အုပ်စုလိုက်အခွင့်အရီးကိုအသာပီးဖို့။


ပြည်သူတိကျခါ အာဏာရှင်ယောင်ယောင်၊ ဒီမိုကရေစီယောင်ယောင် တိုင်းပြည်မှာ နိန်သားကျလာကတ်စွာ။ တော်လှန်ရေးကာလမှာ ပြည်သူကိုအထိန်းအရအသိမ်းရခက်ဖို့။ ယေကေ တော်လှန်ရေး နှောင့်နဲ့ကြန့်ကြာနိန်ဖို့။ ယေလေ့ ပြည်သူကပူးပေါင်းမှုအားနည်းရေ တော်လှန်ရေးဆိုစွာ မအောင်မြင်နိုင်ရေအတွက်တာကြောင့်၊ အစိုးရက လည်ပတ်ချင်ရေပုံစံကို ပြည်သူကိုတော ရှင်းလင်းထားဖို့လိုအပ်တေ။


တော်လှန်ရီး အောင်မြင်ဖို့နဲ့ လွတ်မြောက်ရီးက်ိုရာ ပဓာနထားရေ ရခိုင်အဖွဲ့အစည်းဖြစ်လာဖို့လိုရေ။ မြန်မာပြည်နိုင်ငံရေး ယန္တရားထဲက ထွက်မကျသိရေ နိုင်ငံရီးအင်အားစုတိ ရခိုင်ပြည်ထဲမှာရှိနိန်သိရေ။


ဒေ့ပြောရကေ ALP ရို့ AFP ရို့စွာ ဗမာပြည်နိုင်ငံရီးစနစ်ဖက်မှာ အပြည့်ရပ်တည်သိရေ။ ANP ရပ်တည်ချက်လေ့ မကွဲပြားသိ။ ပြောချင်စွာက ကိုယ်ရို့မာ ခိုင်မာပြတ်သားရေ ဦးတည်ချက်နဲ့လားနိန်ရေကာလမှာ ယင်းတိုင်ရှင်တိကဇာလဲ?


သက်ဆိုင်ရာ နိုင်ငံရီးအင်အားစုတိကို မလိုမုန်းတီးခြင်းမဟုတ်၊ ပြည်သူ့ဆန္ဒဇာကိုဦးတည်နိန်ရေဆိုစွာ ပြတ်သားလာရေခါ သက်ဆိုင်သူတိအနဲ့နဲ့ မပြတ်မသားဖြစ်နိန်စွာကို မီးမောင်းထိုးပြလိုစွာဖြစ်တေ။ လိုချင်စွာကို အရယူဖို့ စည်းလုံးမှုက အဓိကကျရေ။ တစ်စိတ်တစ်ဝမ်းတည်း၊ လမ်းကြောင်းတစ်ခုတည်းကို ရောက်လာဖို့အတွက်ကျခါ ယင်းပိုင် သုံးဖွဲ့ လေးဖွဲ့ရှိနိန်ကေ လူမြင်ကောင်းဖို့လား။

ရခိုင်မှာလေ့ စစ်ကောင်စီနဲ့ပူးပေါင်လိုရေ နိုင်ငံရီးအဖွဲ့တိရှိရေလို့ အပြောခံရစွာလည့်၊ ရခိုင့်ဂုရ်သိက္ခာကို ညိုးနွမ်းစီးပါရေ။ မြန်မာနိုင်ငံသားတိစွာ မြန်မာနိုင်ငံအကြောင်းစဥ်းစားနိန်ကတ်စွာပိုင်၊ ရခိုင်သားတိလေ့ ကိုယ့်နိုင်ငံရီးအကြောင်း ဆွေးနွေး၊ ငြင်းခုံ ဝေဖန်ရေပုံစံတိ အယင်ဖြစ်လာအောင် လုပ်ယူရဖို့။ ဗမာနိုင်ငံရီး နဲ့ ရခိုင်နိုင်ငံရီးကို စည်းသတ်ပလိုက်လီ၊ ကိုယ်ရို့လိုချင်ရေ ပန်းတိုင်နဲ့ နီးလာလီဖြစ်တေ။


အရာတစ်ဖက်မှာကျခါ ကိုယ်ရို့လိုချင်ရေပွိုင့်ကိုရောက်ဖို့အတွက် မြန်မာနိုင်ငံကတော်လှန်ရီအင်အားစုတိနဲ့ မဟာမိတ်ဆက်ဆံရီးတည်ဆောက်ထားဖို့လိုသိရေ။ စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းရင်း၊ လိုအပ်ကေ အကူအညီတိပီး၊ ကိုယ်တိုင်လေ့ အကူအညီယူရင်း၊ ကိုယ်ရို့လိုချင်ရေပန်းတိုင်ကို တစ်ဖက်လူတိနားလည်လက်ခံလာအောင် ချပြနိန်ရဖို့။ မိတ်ဆွီတိ အများကြီးရှိစွာလေ့ လာဘ်တစ်ခုဗျာမနား။


တောင့်ခံနိုင်စွမ်း


ရန်သူဗမာစစ်တပ်စွာ ကိုယ်ရို့ထက်လက်နက်အင်အာနဲ့ လုပ်နိုင်စွမ်းရည် မြင့်မားနိန်တုန်းဆိုစွာ လက်ခံထားရဖို့။ တစ်ဖက်သားကို အလဲထိုးနိုင်ဖို့ကျခါ သူ့ဝိတ်ကို တောင့်ခံနိုင်စွမ်းရှိဖို့လည့်လိုရေ။ ဗမာစစ်တပ်စွာ ရခိုင်ပြည်သူလူထုကို မီးကုန်ယမ်းကုန်ဖိနှိပ်လာဖို့၊ စီးပွားရေးအရ ပိတ်ဆို့မှုတိအများကြီးလုပ်လာဖို့သိ။ လောလောဆီ တစ်နိုင်ငံလုံးမှာ စစ်မျက်နာဖွင့်ထားရလို့ မလွဲသာ မရှောင်သာ စစ်နားထားရေသဘောရှိသိရေ။


ယေလေ့ ပြည်သူခမာ အီးချမ်းလာ၊ မအီးချမ်းလားဆိုစွာ မြေပြင်အခြေအနေက သက်သီ။ စစ်ဘေးနဲ့ ဆင်းရဲမွေးတေးမှုဒဏ်ကို ပြည်သူတိ အလူးအလဲခံကတ်ရဖို့သိ။ အခုကာလ အုပ်ချုပ်နိုင်စွမ်းနဲ့ နီမြီထိန်းချုပ်မှုအပိုင်းမှာလေ့ ဘတစ်ပြန် ကျားတစ်ပြန်အဆင့်သိ။ ကိုယ်ရို့ဖက်ကကာ၊ ကိုယ်ရို့ပန်းတိုင်ကို ကိုအသိအမှတ်ပြုရေ နိုင်ငံတကာလေ့မရှိ၊ ရှင်းရှင်းပြောရကေ ရခိုင်ရို့မျှော်လင့်ချက်အသံစွာ အိမ်ထဲက မွတ်ဆလင်လူထုမျှော်လင့်ချက်လောက် မပီပြင်နိုင်သိ၊ မပေါက်နိုင်သိ။

အပြည့်အဝ အုပ်ချုပ်နိုင်ရေးအတွက် အဆုံးအဖြတ်တိုက်ပွဲကြီးတစ်ခု ကြိုတင်ပြင်ဆင်ထားကတ်ရဖို့။ အတွိအကြုံအရဆိုလေ့ တော်လှန်ရေးကြာလာကေ ပြည်သူတိဆန္ဒဇော အီလာရေဆိုပနာမြင်ရရေ၊ ဒေပိုင်လေ့အဖြစ်မခံနိုင်။ စိတ်လည့်ရှည်ရဖို့၊ အခွင့်ကောင်း အခါကောင်းလို့လည့် စောင့်ရဖို့၊ ကြုံလာသမျှဒုက္ခတိကို တောင့်ခံနိုင်စွမ်းရှိရဖို့။


အထူးသဖြင့် စစ်ဘေးရှောင် ကိစ္စ။ စစ်ပွဲဖြစ်ပိုက်တေဆိုစွာနဲ့ စစ်ဘေးရှောင်တိစွာ အိမ်ပြန်ဖို့ခက်လားရေ။ စစ်ဘေးရှောင်မိသားစုတိစွာ ဘဝရေရေရာရာမရှိ၊ လုပ်စားကိုင်စားပျက်နဲ့၊ ပိုင်ဆိုင်မှုတည်ဆောက်လို့မရရေ အခြေအနေကိုရောက်ရှိလားကတ်တေ။ ရခိုင်ပြည်သူတိအနေနဲ့ ကိုယ်နဲ့မဆိုင်ရေပုံစံမျိုး မဖြစ်သင့်၊ ဖေးမကူညီပီးကတ်ရဖို့။


စစ်ဘေးရှောင်တိကို အားငယ်စိတ်မဝင်မိလားစီဖို့ အရေးကြီးရေ။ ရခိုင်ဆိုစွာ နဂိုကတည်းကပင် ဆင်းရဲရေအသိုင်းအဝိုင်း၊ စစ်ပွဲကြောင့် ရခိုင်မိသားစုတိစွာ အလုပ်ပျက် အကိုင်ပျက်၊ တော်လှန်ရေးဝန်မပိလားဖို့လည့်လိုရေ။ ရခိုင်ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုကြား၊ စုခံနိုင်မှု တောင့်ခံနိုင်မှုစွာ အရေးကြီးလာရေ။ ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှု၊ ကိုဗစ်ရောဂါ ကပ်ဘေး၊ မြန်မာနိုင်ငံ နိုင်ငံရေးပဋိပက္ခဘေး ကြားက ရခိုင်တိအိပ်မက်ကို ဇာလောက်ထိအကောင်အထည်ဖော်နိုင်ဖို့လဲဆိုစွာ မဟာရစိန်ခေါ်မှုကြီးဖြစ်တေ။


အကောင်းဆုံးကို မျှော်လင့်ကတ်တေခါ၊ အဆိုးဆုံးကြုံတွိလာနိုင်ရေ အခြေအနေတိကိုရင်ဆိုင်နိုင်ရေး အားမွီးထားရဖို့။ ရခိုင်ပြည်သူတိအသက်ကိုလည့် အများကြီးစတေးရဖို့၊ သမိုင်းမှာ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိခရေ လူမျိုးတိုင်း အသီစာရင်းများရေဆိုစွာ လေ့လာကြည့်ကေ သိနိုင်ရေ။ သို့သော် ရခိုင်ဂုဏ်အတွက်၊ အနာဂါတ်မျိုးဆက်အတွက် စတေးကတ်တေဆိုပနာ ခံယူထားရဖို့။ ပြောချင်စွာက တောင့်ခံနိုင်စွမ်းအားကောင်းရဖို့။


ပြောင်းလဲနိုင်စွမ်း


''ရခိုင်အသိုင်းအဝိုင်းစွာ တစ်လက်ဝါးချေတည်းရာရှိရေ၊ မြန်မာတစ်နိုင်ငံလုံးနဲ့ယှဥ်ပနာ စဥ်းစားရဖို့'' လို့ အတွေးအခေါ်ကို ဘောင်မခတ်လိုက်ကေ့။ ကိုယ်ရို့အသိုင်းအဝိုင်းကို ကိုယ်ရို့ရာ ကယ်တင်နိုင်ဖို့ဖြစ်တေ။ ဥပမာ ရခိုင်တိနိတိုင်စားနိန်ကတ်တေ ဟင်းသီးဟင်းရွက်တိစွာ ဗမာပြည်ဖက်ကလာရေ ယပိုင်ပုံစံမျိုးတိစွာ မဖြစ်သင့်ပါ။ ကိုယ်ရို့လက်ထဲမှာရှိနိန်ရေ ငွေကြေးတိစွာ တစ်ဖက်ကို ခုထိ စိမ့်ဝင်နိန်ရေ။


နိုင်ငံတစ်ခုအနီနဲ့ ရပ်တည်ဖို့ဗျာလို့ ကျခါ အားလုံးကို ​ပြောင်းလဲပိုက်ရဖို့။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအားလုံးကို တီထွင်ရဖို့။ ယပိုင်လုပ်နိုင်ဖို့လည့် အားကောင်းရေအစိုးရတစ်ရပ်ကို ရခိုင်ပြည်သူတိမှာ စုပေါင်းဖန်တီးကတ်ရဖို့။ ပြည်သူတိထဲက ပညာရှင်တိ အပြင်ထွက်လာရဖို့။ လူငယ်တိထဲက တီထွင်ရှင်တိ ပေါ်လာအောင်လုပ်ရဖို့။ အထူးသဖြင့် ကိုယ်ကျိုးဆိုစွာထက် အများအကျိုးကိုမျှော်ကိုပနာ အလုပ်လုပ်ကတ်ရဖို့။နောက်ဆုံး ရခိုင့်လက္ခာဏာတိကို လူသိလာဖို့အရေးကြီးရေ မဟုတ်လား။


နိဂုံး


မြန်မာနိုင်ငံစွာ ဖက်ဒရယ်ဂယက်ထဲမှာ တဝဲလည်လည်ဖြစ်နိန်ဖို့သိလို့ မြင်မိရေ။ လူများကေ စိတ်များရေ။ ညှိနှိုင်းရခက်တေ။ ခရီးမတွင် ရခိုင်တိ ယင်းအထဲမှာ ဝင်ပါလိုက်ကေ လိုချင်ရေပန်းတိုင် မရေရာဖြစ်လားဖို့။ ရခိုင်တိစွာ အယင်ကလေ့ ဆင်းရဲရေ၊ အနှိမ်ခံရရေ၊ ခုလေ့ ယင်းအတိုင်းရာဖြစ်တေ။ ဆိုခါ ဒုက္ခခံရချင်းအတူတူ အိပ်မက်ကို အမြှင့်ဆုံးထားသင့်ရေ။ ရည်မှန်းချက်ကြီးစွာကောင်းရေ၊ ယေလေ့ ကာယကံမြောက် အလုပ် လုပ်ဖို့လိုရေ။ ရခိုင်တိ ပါးဖို့ နပ်ဖို့လို့ရေ။ တောင့်ခံနိုင်စွမ်းနဲ့ တီထွင်နိုင်စွမ်းကရာ ရခိုင်တိအနာဂါတ်ကို အဆုံးအဖြတ်ပီးလားဖို့ မြင်မိပါကြောင်း။


သန်းအောင်ဖြိုး

1 view0 comments