
ဘဝ ဆိုသည်မှာ ...
လူသားမျိုးနွယ် အကျိုးရှိမှုသည်သာ အဓိက။
ဘာသာ သာသနာ (ကိုးကွယ်မှု) နှင့် အခြားသောအရာတို့သည်ယ
င်း၏နောက် ဒုတိယ အဓိကသာ။
လူသားတွေအတွက်
စားသောက်ရေး အရေးကြီးတယ်
နေထိုင်ရေး အရေးကြီးတယ်
အဝတ်အစား အရေးကြီးတယ်
ကျန်းမာရေး အရေးကြီးတယ်၊ မရှိမဖြစ်အရေးကြီးတယ်။
ဒီ လိုအင်ကြီးလေးခုကို ကိုယ့်ဘာသာအတွက်ပဲ ဖြည့်ဆဲရင်ဒါ
ကို 'အတ္တဟိတ' (ကိုယ်ကျိုး) လို့ ပြောကြတယ်။
သူများတွေအတွက်ဖြည့်ဆည်းကူညီပေးရင်ဒါ
ကို 'ပရဟိတ' (သူ့အကျိုး) လို့ နားလည် လက်ခံထားကြတယ်။
တပါးသူတွေအပေါ် 'ကရုဏာ' (သနားကြင်နာမှု) အားကြီးတဲ့သူတွေက
'ပရဟိတ'ကို များများတွေး များများ ဆောင်ရွက်ကြတယ်။
'အတ္တဟိတ'ကို များများတွေး များများဆောင်ရွက်ကြတဲ့သူတွေဟာ
သူတပါးတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကိုတောင် ထိပါး၊ဖျက်ဆီးဖို့ ဝန်မလေးတတ်ကြဘူး။
အများစုက 'အတ္တဟိတ' နှင့် 'ပရဟိတ'ကို ချိန်ညှိ၊ မျှတအောင်ကြိုးစား၊ ပြုမူ နေထိုင်ကြတယ်။
တကယ်တော့
ဘာသာ သာသနာတိုင်းမှာ
ဒီ 'အတ္တဟိတ' နှင့် 'ပရဟိတ' ဆိုတဲ့ သဘောသဘာဝ၊ လုပ်ကိုင်ဆောင်ရွက်ပုံ အခြင်းအရာတွေ ရှိတယ်။
ဒါပေသိ၊ ဒီ နှစ်ခုလုံးအပေါ် သာယာမှုကင်းပြတ်အောင် ကြိုးစားကျင့်ကြံနိုင်တဲ့ နည်းလမ်းတွေကိုတော့
ဗုဒ္ဓ ဂေါတမကသာ ကိုယ်တော်တိုင် ရှာဖွေပြသ လမ်းညွှန်ထားခဲ့တာ။
ဒီအထိ ငါတို့တွေ ကျင့်ကြံသွားနိုင်မှ ဒီဘဝ ဒီသာသနာကို တွေ့ကြုံခွင့်ရခဲ့တာ အကျိုးရှိမယ်။
နိုးမိုး ဆိုရင်တော့
သာမန်တွေထဲက သာမန်တွေလို ဒီနှလုံးလေး ခုန်နေရုံလေး ပါပဲ။
