ဘားရပ် အိုဘားမား (Barack Obama)



ဘားရပ် အိုဘားမား ( Barack Obama )


( သြဂုတ်လ ၄ ရက် ၁၉၆၁ တွင် အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီပြည်နယ်၊ ဟိုနာလုလု၌မွေးဖွား )


ဘာသာပြန်သူ ( သန်းအောင်းဖြိုး )

သူငယ်ချင်းတိ ခေါ်ရေနာမည် 😁


အမေရိကန်ပြည်ထောင်စု၏ ၄၄ ယောက်မြောက် သမ္မတ ဘားရပ်ဟူစိန် အိုဘားမားသည် နိုင်ငံတော်၏ အကြီးဆုံးရာထူးဖြစ်သည့် ပထမဆုံးသော အာဖရိကန်-အမေရိကန် သမ္မတ ဖြစ်လာခဲ့သည်။


အိုဘားမား၏အဖေ ဘားရပ်အိုဘားမားဆာ သည် ကန်ညာနယ်မှ ဆိတ်ထိတ်လူငယ်တစ်ဦးဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြား၍ ပညာတော်သင်ဆုရရှိခဲ့ပြီး နောက်ပိုင်း ကန်ညာအစိုးရ၏ အကြီးတန်းစီးပွားရေးအကြံပေးတစ်ဦး ဖြစ်လာခဲ့သည်။ အိုဘားမား၏မိခင် S. Ann Dunham သည် သူမ၏မိသားစု ဟိုနာလုလုတွင် ပြောင်းရွှေ့အခြေချမနေထိုင်မီ Kansas, Texas နှင့် ဝါရှင်တန်မြို့တို့တွင် ကြီးပြင်းခဲ့သည်။ သူမနှင့် ဘားရပ်ဆာ တို့သည် ၁၉၆၁ တွင် တွေ့ဆုံကြပြီး တစ်နှစ်ခန့်မကြာမီ လက်ထပ်ခဲ့ကြသည်။



အိုဘားသာ ၂ နှစ်သားအရွယ်တွင် ဖခင်သည် ဟားဘတ်တက္ကသိုလ်၌ ပညာသင်ကြားရန် တွက်သွားခဲ့သည်။ များမကြာမီအချိန်အတွင်း ၁၉၆၁ တွင် မိဘတို့ ကွာရှင်းခဲ့သည်။ များမကြာမီ မိခင်သည် အင်ဒိုနီးရှားမှ Lolo Soetoro နှင့် လက်ထပ်ခဲ့ပြီး ဒုတိယသမီး Maya ကို မွေးဖွားခဲ့သည်။ အိုဘားမားသည် သူ၏ အမေတူအဖေကွဲညီမ၊ အမေ၊ အဖေနောင်းတို့နှင့် ဂျာကာတာမြို့တွင် နှစ်ပေါင်းများစွာအကြာ နေထိုင်ခဲ့သည်။ ထိုစဥ်အတွင်း အိုဘားမားသည် အစ္စလာမ်ဘာသာဆိုင်ရာ လမ်းညွှန်အချက်အချို့ကို အစိုးရပိုင်ကျောင်းတစ်ကျောင်းမှ၄င်း၊ ခရစ်ယာန်ကျောင်းတော်တစ်ခု၌ ပါဝင်လျှက် ကက်သလိုက်ကိုယ်ပိုင်ကျောင်းတစ်ခုတွင်၄င်း ပညာသင်ယူခဲ့သည်။

သူသည် ဟာဝိုင်အီသို့ 1971 တွင် ပြန်လာခဲ့ပြီး ဟိုနာလုလုတွင် အထက်တန်းလွှာများအတွက် တက္ကသိုလ် ကောလိပ်ဝင်ရန် ကြိုတင်ပြင်ဆင်ပေးသော ပုဂ္ဂလိက ပျောင်းဖြစ်သည့် Punahou ကျောင်းမှ 1979 တွင် ဘွဲ့ရခဲ့သည်။


အိုဘားမားသည် Los Angeles မှ Occidential College တွင် ၂ နှစ်ပညာသင်ယူခဲ့ပြီးနောက် New York မြို့ ကိုလံဘီယာတက္ကသိုလ်သို့ ပြောင်းရွေ့ခဲ့သည်။ 1983 တွင် ထိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့ကို ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ချီကာဂိုမြို့၏ အလွန်ဆင်းရဲနွမ်းပါးသော တောင်ဖက်အစွန်း၌ ဒေသစည်းရုံးရေးမှုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။



သူသည် ၃ နှစ်ကြာပြီးနောက် ကျောင်းပြန်တက်၍ 1991 တွင် ဟားဘတ်တက္ကသိုလ်ဥပဒေကျောင်းမှ magna cum laude ဘွဲ့ကို ရရှိခဲ့သည်။ ယင်းနေရာ၌ Harvard Law Review ၏ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်သော ပထမဦးဆုံး အမေရိကန်-အာဖရိကန်တစ်ဦး ဖြစ်ခဲ့သည်။

၁၉၈၉ နွေရာသီ၌ Sidley Austin ၏ ချီကာဂိုဥပဒေကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်နေစဥ် အိုဘားမားသည် ကုမ္ပဏီမှ ရှေ့နေအမျိုးသမီးငယ်၊ ချီကာဂိုဇာတိ Michelle Robinson နှင့် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ဦးသည် ၁၉၉၂ တွင် လက်ထပ်ခဲ့သည်။


ဥပဒေဘွဲ့ရရှိပြီးနောက် အိုဘားမားသည် ချီကာဂိုသို့ပြောင်းရွှေ့လာပြီး ဒီမိုကရက်ပါတီတွင် ပါဝင်လာခဲ့သည်။ ဤအတောအတွင်း အိုဘားမားသည် သူ၏ပထမဆုံးစာအုပ် the memoir, Dreams from my father ( 1995 ) ကို ရေးသားပုံနှိပ် ထုတ်ဝေခဲ့သည်။ အိုဘားမားသည် ချီကာဂိုတက္ကသိုလ်၌ ဖွဲ့စည်းပုံဆိုင်ရာဥပဒေဘယသာရပကို သင်ပြခဲ့သည်ပြည်သူ့ရပိုင်ခွင့်ကိစ္စရပ်များနှင့် ပါတ်သက်၍ ရှေ့နေအလုပ် လုပ်ခဲ့သည်။ 1996 တွင် သူသည် Illinois အထက်လွှတ်တော်တွင် ရွေးချယ်ခံခဲ့ရသည်။


အာဖရိကန်-အမေရိကန် ထိပ်တန်းသမ္မတလောင်းနှစ်ဦးဖြစ်သည့် အထက်လွှတ်တော်မှ ရီပတ်ဘလစ်ကန် Alan Keyes ကို အနိုင်ယူ၍ အိုဘားမားသည် ၂၀၀၄ ခုနှစ်တွင် အမေရိကန် အထက်လွှတ်တော်၌ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။ ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် အမေရိကန် အထက်လွှတ်တော်နေရာအတွက် မဲဆွယ်စည်းရုံးနေစဥ် အိုဘားမားသည် အမျိုးသားညီလာခံ၌ မိခွန်းပြောကြားခြင်းဖြင့် အမျိုးသားအသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ အိုဘားမားသည် ပါတီအတွင်း အရေးပါသူတစ်ဦး လျှင်မြန်စွာ ဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စုအပေါ် သူ့၏အမြင်နှင့် ခေတ်ရေစီးကြောင်းအရဝေဖန်မှုပြုထားသည့် သူ၏ ဒုတိယမြောက်စာအုပ် The Audacity of Hope ( 2006 ) ကို ရက်သတ္တပတ် အနည်းငယ်ခန့်အကြာတွင် ထုတ်ဝေခဲ့ပြီး ချက်ချင်းဆိုသလို အဓိကရောင်းအားအကောင်းဆုံး ဖြစ်လာခဲ့သည်။ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ၌ အိုဘားမားသည် ၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ခန့်အပ်တာဝန်​ပေးအောင် ကြိုးပမ်းမည်ဟု ကြေညာခဲ့သည်။


၂၀၀၈ ခုနှစ်တွင် အိုဘားမားသည် အံ့ဖွယ်သရဲအောင်မြင်မှုကို ရရှိခဲ့သည်။ ( The Iowa Caucus, over Sen )။ ဟီလာရီကလင်တန်သည်လည်း အမည်စာရင်းတင်သွင်းမှုကို အောင်နိုင်ကြောင်း လွန်စွာ ရေပန်းစားခဲ့သူဖြစ်သည်။


သို့သော် ငါးရက်အကြာတွင် အိုဘားမားသည် ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲ ( New Hampshire ) တွင် ကလင်တန်ကို ခက်ခက်ခဲခဲ၊ ခါးခါးသီးသီးနှင့် ဒုတိယနေရာ၌ အဆုံးသတ်စေခဲ့သည်။ ဇွန်လ ၃ ရက်နေ့ Montana နှင့် တောင် Dakota အကြိုရွေးကောက်ပွဲတွင်လည်း အိုဘားမားကိုထောက်ခံသော ကိုယ်စားလှယ်အရေအတွက်သည် ဒီမိုကရက်တစ်ပါတီမှ အမည်စာရင်းတင်သွင်းရန် လိုအပ်သော ထောက်ခံသူစုစုပေါင်းအရေအတွက်ထက် ကျော်လွန်သွားသည်။



သြဂုတ်လ ၂၇ ရက်နေ့တွင် အိုဘားမားသည် ပါတီကြီးတစ်ခုက သမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခံရသည့် ပထမဆုံး အာဖရိကန်-အမေရိကန် တစ်ဦး ဖြစ်လာခဲ့ပြီး ရီပတ်ဘလစ်ကန် အမတ်ကို စိန်ခေါ်ခဲ့သည်။ တိုင်းပြည်၏ အမြင့်ဆုံးအရာရှိတစ်ဦးဖြစ်သည့် ပထမသက်တန့်လွှတ်တော်အမတ် John McCain သည် အိုဘားမားအား တာဝန်ထမ်းဆောင်ရန် အတွေ့အကြုံနည်းပါးသေးသည်ဟု ဝေဖန်ခဲ့သည်။ ၄င်းကို တုန့်ပြန်ရန်အတွက် အိုဘားမားသည် Delaware မှ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်ပညာရှင် ဝါရင့်အထက်လွှတ်တော်အမတ် Joe Biden ကို ၄င်း၏ ဒုတိယသမ္မတလောင်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခန့်အပ်ခဲ့သည်။


အိုဘားမားနှင့် McCain တို့သည် ခက်ထန်ပြီး တန်ဖိုးကြီးလှသော ပြိုင်ပွဲကို ယှဥ်ပြိုင်ခဲ့ကြသည်။ လူအများ၏ ထောက်ခံမှုဖြင့် အားကောင်းနေဆဲဖြစ်သော အိုဘားမားသည် ၄င်း၏မဲဆွယ်စည်းရုံးပွဲအတွက် ဖက်ဒရယ်ဘဏ္ဍာငွေကို မသုံးဘဲ အင်တာနက်မှ စံချိန်တင် အလှူရှင်များရော ပမာဏအနည်းငယ်လှူဒါန်းသူများကပါ ဒေါ်လာသန်းရာပေါင်းများစွာကို ရန်ပုံငွေရှာဖွယ်နိုင်ခဲ့သည်။ အိုဘားမား၏ ရန်ပုံငွေရှာဖွယ်ရေး အားသာချက်သည် ရုပ်မြင်သံကြားကြော်ငြာ အမြောက်အများကို ဝယ်ယူနိုင်ခဲ့ပြီး ယခင်သမ္မတရွေးကောက်ပွဲကာလများတွင် ရီပတ်ဘလစ်ကန်ကို မဲပေးခဲ့ကြသည့် ပြည်နယ်များနှင့် အဓိကပြိုင်ဘက်ပြည်နယ်များမှ အောက်ခြေအဖွဲ့အသည်းများစွာကိုလည်း စည်းရုံးနိုင်ခဲ့သည်။


ကိုယ်စားလှယ်လောင်း နှစ်ဦးသည် မဲဆန္ဒရှင်များအတွက် လုံးဝဥသုန်အတွေးအခေါ်ရွေးချယ်မှုတစ်ရပ်ကို ပေးစွမ်းနိုင်ခဲ့သည်။ အိုဘားမားသည် အီရတ်နိုင်ငံမှ တပ်အင်အားအများစုကို ဆုတ်ခွာရန်၊ လူလတ်တန်းစား မဲဆန္ဒရှင်များအတွက် ပိုမိုသက်သာစေသည့် အခွန်မူဝါဒကို ပြန်လည်ရေးဆွဲရန် တောင်းဆိုခဲ့ပြီး McCain က အီရတ်တွင် အောင်မြင်မှုအပြည့်အဝရရှိရန် စောင့်ဆိုင်းရမည်ဟု ပြောကြားခဲ့ပြီး အိုဘားမား၏ ပြောဆိုချက်သည် အပြောကောင်းသလောက် ယုတ္တိကင်းမဲ့လွန်းသည်ဟု စွပ်စွဲခဲ့သည်။

Geroge W. Bush ရှစ်နှစ်တာအုပ်ချုပ်ခဲ့သော ရီပက်ဘလီကန် လွတ်လပ်သော စျေးကွက်မူဝါဒ၏ အကျိုးဆက်တစ်ခုဖြစ်သည့် စက်တင်ဘာလအတွင်း အမေရိကန်ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများ၏ ရုတ်တရက်ပြိုလဲခြင်းမှ ဖြစ်ပေါ်လာသော စီးပွားရေးထိုးကျခြင်းကြောင့် ရွေးကောက်ပွဲမတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် အိုဘားမား၏ မဲဆွယ်စည်းရုံးမှုသည် တုံ့ဆိုင်းသွားခဲ့ရသည်။


အိုဘားမားသည် လူထုမဲ ၅၃%၊ ကိုယ်စားလှယ် ၃၆၅ မဲနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် John Kerry အနိုင်ရခဲ့သော ပြည်နယ်အားလုံးကို ထိန်းချုပ်နိုင်ခဲ့ရုံသာမက ယခင်သမ္မတရွေးကောက်ပွဲနှစ်ခုတွင် ရီပတ်ဘလီကန်ထောက်ခံသည့် ပြည်နယ်များဖြစ်သည့် Colorado, Florida, Nevada, Ohio နှင့် Virginia ပြည်နယ်တို့ကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ရွေးကောက်ပွဲညတွင် သောင်းနှင့်ချီသောလူထုသည် အိုဘားမား၏အောင်ပွဲခံမှုကို ကြည့်ရှုရန် ချီကာဂို Grand Park ၌ စုရုံးခဲ့ကြသည်။ အောင်မြင်မှုရရှိပြီး များမကြာမီ အိုဘားမားသည် အထက်လွှတ်တော်မှ နုတ်ထွက်ခဲ့သည်။ ဇန်နဝါရီလ ၂၀ ရက် ၂၀၀၉ ခုနှစ်တွင် အိုဘားမား သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်းကို ကြည့်ရှုရန် လူထုသိန်းချီသည် ဝါရှင်တန်မှ ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတကာ သံခင်းတမန်ခင်းရေးရာနှင့် ပြည်သူတို့အကြားပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် သူ၏ ထူးခြားပြောင်မြောက်သော ကြိုးပမ်းမှုကြောင့် အိုဘားမားသည် ၂၀၀၉ ခုနှစ်တွင် ငြိမ်းချယ်ရေးနိုဘယ်ဆု ချီးမြှင့်​ခြင်းခံခဲ့ရသည်။




36 views0 comments