အာရက္ခတိုင်းပြည်မှ ဆိုးတူကောင်းဖက် တိုင်းရင်းသားလူမျိုးများ



အာရက္ခတိုင်းပြည်မှ ဆိုးတူကောင်းဖက် တိုင်းရင်းသားလူမျိုးများ


သန်းအောင်ဖြိုး

၂၁/၃/၂၀၂၂


၁။ နိဒါန်း


အာရက္ခဒေသတွင် ( ၁ ) သက်၊ ( ၂ ) မရာမာကြီး၊ ( ၃ ) သက္ကမ ( ခေါ် ) ဒိုင်းနက်၊ ( ၄ ) ခမီး (ခေါ်) မြို၊ ( ၅ ) ကမန်၊ ( ၆ ) ချင်း၊ ( ၇ ) ဘဂ်လီ ( ရိုဟင်ဂျာ )၊ ( ၈ ) ရခိုင် အစရှိသည် လူမျိုး ၈ ခု စုစည်းနေထိုင်လျှက်ရှိသည်။ ဘဂ်လီ ( ရိုဟင်ဂျာ ) လူမျိုးကို မြန်မာနိုင်ငံ၏ တရားဝင်တိုင်ရင်းသားမျိုးနွယ်စုအဖြစ်သတ်မှတ်ထားခြင်းမရှိ၊ ရခိုင်တွင်နေထိုင်သော ချင်းလူမျိုးများကိုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအဖြစ် သတ်မှတ်ထားခြင်းမရှိပေ။ သို့သော် သတ်မှတ်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ လက်ရှိ ရခိုင်ဒေသတွင် လူမျိုးအားလုံးစုပေါင်း၍ နေထိုင်လျှက်ရှိသည်။


တိုင်းရင်းသားမျိုးနွယ်စုတိုင်းတွင် ရှည်လျှားသော နောက်ခံ သမိုင်းရာဇဝင်ကိုယ်စီရှိကြပြီး ယဥ်ကျေးမှု နှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကိုလည်း တိုးတက်လာသော ခေတ်စနစ်ကြောင့် မပျောက်ပျက်သွားစေရန် ကြိုးပမ်းနေကြရသည်။ မျိုးနွယ်စုဝင်အားလုံးမှာ သီးခြားကိုယ်ပိုင်ဘာသာစကား၊ စာပေလည်းရှိသည်။ ပညာရေးတွင်လည်း ခေတ်ပညာတတ်ဦးရေ နည်းပါးလွန်းပြီး စီးပွားရေးလည်း နိမ့်ပါးသည်။ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး မွတ်ဆလင်နှင့် ခရစ်ယာန်ဘာသာကိုလည်း ကိုးကွယ်ကြသလို နတ်ကိုးကွယ်ယုံကြည်မှုလည်းရှိသေးသည်။


ရခိုင်ပြည်သည် ကိုယ်ပိုင်အချုပ်အချာအာဏာပျောက်ဆုံးနေသော ကိုယ်လိုနီကျွန်ပြုခံထားရသည့် ဒေသတစ်ခုဖြစ်သလို ဒေသတွင်းနေထိုင်သည့် မျိုးနွယ်စုအချင်းချင်းကြား စိတ်ဝမ်းကွဲအောင် အုပ်ချုပ်သူတို့က တမင်ဖန်တီးထားကြောင်းကိုလည်းတွေ့မြင်ရသည်။ မျိုးနွယ်စုတိုင်းလိုလို မိမိ၏ အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံရေးတန်းတူညီမျှမှုရရှိအောင် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းခဲ့ကြသည်။ ယခုတွင်လည်း ULA/AA မှ ဦးဆောင်ပြီး ရခိုင်ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားအားလုံး လွတ်မြောက်ရေးအတွက် တော်လှန်ရေးတစ်ရပ်အား ဆင်နွှဲနေသည်။ ရခိုင်ပြည်မှ တိုင်းရင်းသားမျိုးနွယ်စုတို့၏ အမျိုးသားရေးစိတ်ဓာတ်အခံနှင့် နောက်ခံသမိုင်းကြောင်းတို့သည် ဤကာလအတွင်း ထုတ်ဖော်သုံးသပ်ရန် လိုအပ်လာပေသည်။


၂။ သက်


ရခိုင်ပြည်တွင် လူဦးရေးအနည်းဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပြီး ဦးရေ ၃၀၀၀ ကျော်ခန့်သာရှိသည်။ မြောက်ဦး၊ စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တို့တွင် နေထိုင်ကြသည်။ ရခိုင်ပြည်မြောက်ပိုင်းဒေသတွင် တစ်ချိန်ကရှိခဲ့သော ဥက္ကရာစ်တိုင်းပြည်မှ ဆင်းသက်လာသည်ဟု သက်လူမျိုးတို့ကိုယ်တိုင် ယူဆထားကြသည်။ ရခိုင်တွင် နှစ်ပေါင်းထောင်ချီနေထိုင်လာခဲ့သည့် မျိုးနွယ်စုတစ်ခုဖြစ်သည်။


ယခု အမ်းမြို့နယ်မှ ရူး၊ ဒလက်ဒေသသည် တစ်ချိန်က ရခိုင်ဘုရင်မင်းထီးက သက်မင်းရှင်စောကို အောင်နိုင်ပြီးနောက် အိမ်ထောင်စုတစ်သောင်းကို အခြေချခဲ့သော ဒေသဖြစ်သည်ဟု ဆိုကြသည်။ ဘုရင်မင်းထီလက်ထက် သက်ပြည်သူတို့နှင် ပဋိပက္ခများရှိခဲ့သလို စစ်တကောင်းတောင်းတန်းဒေသမှ သက်လူမျိုးတို့သည်လည်း အခွင့်သာတိုင်း ရခိုင်အုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့ကြောင်း သိရှိရသည်။ ယခုအခါ ရှားပါးမျိုးနွယ်စုတစ်ခုအသွင် ဖြစ်လာပြီး သက်တို့ကိုယ်တိုင် ယဥ်ကျေးမှုနှင့် ဘာသာစကားတို့ကိုထိန်းသိမ်းထားသင့်သလို အင်အားကြီးသော မျိုးနွယ်စုတို့ကလည်း နိုင်ထက်စီးနင်းပြုမှုတို့ကို ချောင်ချားနိုင်ရန်လိုအပ်ပေသည်။


၃။ မရာမာကြီး


ရခိုင်ပြည်တွင်နေထိုင်ပြီး ဒုတိယမြောက်လူဦးရေအနည်းဆုံး တိုင်းရင်းသားမှာ မရာမာကြီးဖြစ်ပြီး ဦးရေ တစ်သောင်းကျော်ခန့်ရှိသည်။ စစ်တွေ၊ မင်းပြား၊ မြောက်ဦး နှင့် ကျောက်ဖြူဒေသတို့တွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဘဂ်လီစကားကို ပြောဆိုကြသည်။

ဓလေ့ထုံးစံတို့မှာ ရခိုင်တို့နှင့်အတူတူဖြစ်ပြီး တစ်လင်-တစ်မယားစနစ်ကို ကျင့်သုံးသည်ဟုဆိုသည်။ ရွှေစေတီဆရာတော်ဘုရားကြီး၏ ရာဇဝင်စာပေအထောက်အထားအရ မရာမာကြီးလူမျိုး ရခိုင်တိုင်းရင်းမျိုးနွယ်စုဝင်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၃၂၅ နှစ်ခန့်ရှိပြီးဖြစ်သည်။ စာပေကျမ်းဂန် တတ်မြောက်သည့် ဘာသာရေးခေါင်းဆောင်၊ ရဟန်းသခ်ါများစွာ ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် တစ်ခြားသူများနည်းတူ ဖိနှိပ်ခံတိုင်းရင်းသားတစ်ခုဖြစ်ပြီး ပညာရေး၊ စီးပွားရေး နိမ့်ပါးလျှက် ပညာတတ်မရာမာကြီးလည်း နည်းပါးကြောင်း သိရှိရသည်။


၄။ သက္ကမ ( ခေါ် ) ဒိုင်းနက်


ဒိုင်းနက်လူမျိုးတို့သည် တိဗက်-မြန်မာအစုဝင် သက်အုပ်စုတွင်ပါဝင်ပြီး စစ်တကောင်းသွေး အနည်းငယ်နှော၍ ဘဂ်ါလီစကားကို ပြောဆိုကြသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် သက္ကမလူမျိုးပေါင် လေးသောင်းဝန်းကျင်ခန့်ရှိပြီး ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် အများစုနေထိုင်ကြပြီး ကျန်မြို့နယ်တို့တွင်လည်း ပျံ့နှံ့နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး နေထိုင်စားသောက်မှုပုံစံမှာ ရခိုင်နှင့်ဆင်တူသည်။ ကိုယ်ပိုင်စာပေ ယဥ်ကျေးမှု၊ ရိုးရာ ပွဲတော်တို့လည်း ရှိပေသည်။ သက္ကမ စာပေနှင့် ယဥ်ကျေးမှုအသင်းသည် မိမိတို့၏ အမျိုးသားအင်ဂ်ါရပ်များ တိမ်းမြှုပ်ပျောက်ကွယ်မသွားအောင် ကြိုးပမ်းနေသည်။ ရိုးရာယဥ်ကျေးမှု၊ ဘာသာစကား၊ စာပေကို ချစ်မြတ်နိုးခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရန်မှာ သက္ကမလူမျိုးတို့၏ သမိုင်ပေးတာဝန်ဖြစ်ပြီး ၄င်းတို့အား အသိအမှတ်ပြုမှုတစ်စုံတစ်ရာကို အင်အားသာသူတို့က ပေးကမ်းနိုင်ရမည်ဖြစ်သည်။


၅။ ခမီး ( ခေါ် ) မြို


သမိုင်းသုတေသီ ဆရာအေးသိန်းရေးသားသော ရခိုင်မျိုးနွယ်စု ညီအစ်ကိုမောင်နှမများနှင့် ရခိုင်သမိုင်းမှတ်တမ်းများ စာအုပ်တွင် '' ရခိုင်သမိုင်းတွင် မြိုလူမျိုးတို့သည် ဘီစီ ၃၃၂၅ မတိုင်မီကာလကပင် ကုလားတန်မြစ်ညာအရပ်၌ နေထိုင်ခဲ့ကြောင်း ဓညဝတီတည်ထောင်သူ မာရယုမင်းကြီးသည် မြိုနှင့်သက်တို့အင်အားဖြင့် ရက္ခိက်သောင်းကျန်းသူတို့ကို နှိမ်နှင်းအောင်မြင်နိုင်ခဲ့ကြောင်း ပါရှိသည်။ ရခိုင်ဝေသာလီ ပျက်သုဥ်းခါနီး မြိုအမတ် ၂ ဦးသည် နန်သက် ၂၄ နှစ်ထိ နန်းတက်ခဲ့ဖူးသည်။ ၁၂ ရာစုတွင် မြိုတို့သည် မဟာမုနိဘုရား ပတ်ဝန်းကျင်တွင် အခြေစိုက် ခိုင်မြဲလျှက်ရှိခဲ့သည် '' ဟု ဖော်ပြထားသည်။ ရခိုင် နှင့် တစ်ခြားတိုင်းရင်းသားမျိုးနွယ်စုများနည်းတူ မြိုလူမျိုးဖြစ်တည်လာပုံ သမိုင်းစဥ်မှာလည်း ရှည်လျားလှပေသည်။ လက်ရှိ ရခိုင်ပြည်တွင် မြိုလူဦးရေ ရှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ပြည်ပတွင်လည်း ပြောင်းရွှေ့နေထိုင်ကြသည်။


ဗုဒ္ဓဘာသာ စည်ပင်သာယာရေးအတွက် မြိုလူမျိုးတို့က များစွာအထောက်အကူပြုခဲ့ပြီး ယခုထက်ထိတိုင် အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ လက်ရှိတွင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း ရှိသည်။ ရခိုင်ပြည်တွင်းရှိ ခမီးလူမျိုးများ၏ ဘာသာစကားတွင် နေ့စဥ်သုံးဘာသာစကားနှင့် အလက်ာဘာသာစကားဟူ၍ ၂ မျိုးခွဲခြားနိုင်သလို နေ့စဥ်သုံးဘာသာစကားကို ခမီးလူမျိုးတိုင်းက ပြောဆိုနိုင်၊ နားလည်နိုင်သော်လည်း အလက်ာဘာသာစကားကိုမူ ရိုးရာတေးအလက်ာများအား လေ့လာလိုက်စားသူတို့သာ နားလည်နိုင်ကြောင်း သိရှိရသည်။ ခမီးလူမျိုးတို့တွင် သမိုင်းတစ်လျှောက် ကိုယ်ပိုင်စာပေဟူ၍ မရှိခဲ့သော်လည်း ၁၉၇၂ ခုနှစ်တွင် ခမီးရဟန်းတော် အရှင် တိလောက (သာသနဓဇ ဓမ္မာစရိယ) ( သာသနာ့အောင်မြေကျောင်း ဘောက်ထော် ရန်ကုန် ) က မြန်မာစာပေကိုအခြေခံ၍ ခမီးစာပေအက္ခရာသင်ပုန်းကြီးကို တီထွင်ပေးခဲ့သည်။ ခမီးတိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအသင်းက ခမီးတိုင်းရင်းသာစာပေသင်ကြားနိုင်ရေး ကြိုးပမ်းနေကြောင်း သိရှိရပါသည်။


ခမီးလူမျိုးတို့၏ တော်လှန်ရေးဗီဇသည်လည်း အထင်ကြီးလေးစားလောက်ဖွယ်ဖြစ်သည်။ တော်လှန်လိုစိတ်ရှိသူများ၊ ဖိနှိပ်မှု၊ မတရားမှုတို့ကို တွန်းလှန်ကြသူများအဖြစ် သမိုင်းမှတ်တမ်းတင်ခံရသည်။ ဆရာ အေးသိန်း၏ စာအုပ်တွင် '' မီးချောင်းနယ်စား နယ်ချဲ့ ဗြိတိသျှတော်လှန်ရေးခေါင်းဆောင် ခမီးအမျိုးသားမိဇသည် မိမိ၏အမျိုးသားထောင်ချီစုစည်း၍ ရခိုင်မြောက်ပိုင်းတောင်တန်းဒေသသို့ ကျူးကျော်လာသော နယ်ချဲ့အဂ်လိပ်တို့ကို ဓား၊ လှံ၊ အဆိပ်လူး မြှားတို့နှင့်တော်လှန်ခဲ့ပြီး နောက်ဆုံး ကွပ်မျက်ခံလိုက်ရကြောင်း၊ တင်းမချောင်းရွာသားဖြစ်သော ခမီးအမျိုးသား ဆတူနွယ်စုဗိုလ်စပင်နှင့် နော်မလော်နွယ်စု ဗိုလ်စန္ဒာတို့သည်လည်း အင်းအား တစ်ထောင်ခန့်စုစည်းပြီး နယ်ချဲ့တို့ကို ဆန့်ကျင့်ခဲ့ကြောင်း '' ဖော်ပြထားသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတလျောက် ခမီးလူမျိုး တော်လှန်ရေးခေါင်းဆောင်တို့သည် ရခိုင်တော်လှန်ရေးခေါင်းဆောင်တို့နှင့် ပူးပေါင်း၍ အဂ်လိပ်နယ်ချဲ့၊ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ အဂ်လိပ်ဂျပန်တော်လှန်ရေးဥက္ကဌ ဦးအာဝင်း၏အလောင်းကို ကိုယ်လုံးဂူဗိမာန်သွင်းပြီး မြောက်ဦးမြို့နယ်၊ ခမီးကျောင်းတိုက်ကျေးရွာတွင်၄င်း၊ ဒုတိယဥက္ကဌ ဦးအောင်ဘန်း၏ အလောင်းကိုလည်း မြောက်ဦးမြို့နယ် အကြီးတော်မရွာသစ်အနီးတွင် အမှတ်တရဂုဏ်ပြုထားသည်ဟု လေ့လာသိရှိရသည်။ လက်ရှိ ရခိုင်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုတွင်လည်း တစ်ထောင့်တစ်နေရာက ခမီးလူမျိုးများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ရန် မျှော်လင့်မိသည်။


၆။ ကမန်


မြောက်ဦးခေတ် ရခိုင့်တပ်မတော်တွင် အာရပ်မှ စစ်သည်တော်များ၊ ဥရောပမှ ပေါ်တူဂီများနှင့် ဂျပန်ဆာမူရိုင်းတို့က အမှုထမ်းခဲ့သည်။ ထိုသူတို့ကို ရခိုင်တို့က ကမန်ဟုခေါ်ဝေါ်ခဲ့ကြပြီး ယခုအခါ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်တစ်ခုအဖြစ် အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ရှေးရခိုင်တို့က လှေးသည်တော်ကို ကမန်ဟု ခေါ်ဆိုခဲ့ကြသည်။ ယခုအခါ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်များတွင် နေထိုင်ကြပြီး လူဦးရေ ခုနှစ်သောင်းနီးပါးခန့်ရှိသည်။ ရမ်းဗြဲစကားကို ပြောဆိုကြပြီး တစ်လင်တစ်မယားစနစ်က်ို ကျင့်သုံးသည်။ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသော်လည်း ရခိုင်များနည်းတူ သကြ်န်ပွဲ၊ ရထားဆွဲပွဲ၊ နပန်းကျင်ကိုင်ပွဲတို့ကို ကျင်းပသည်ဟုဆိုသည်။ ကမန်အမျိုးသားတိုးတက်ရေးပါတီ တည်ထောင်ထားပြီး ကမန်တို့၏ အမျိုးသားရေးလိုအပ်ချက်တို့ကို ရခိုင်ပါတီးများနှင့်ပူးပေါင်း၍ နိုင်ငံရေးတွင်ပါဝင်နေကြသည်။ နိုင်ငံရေးဗီဇ ရှိသူများဟု သတ်မှတ်နိုင်ပေသည်။


၇။ ချင်း


ရခိုင်ပြည်နှင့် ချင်းပြည်သည် နယ်နမိတ်ချင်းထိစပ်နေပြီး ရခိုင်ဒေသသို့ ချင်းလူမျိုးများ အနောက်ရိုးမနှင့် ရခိုင်ရိုးမတစ်လျှောက် ရွေ့ပြောင်းနေထိုင်လာကြခြင်းဖြစ်သည်။ လက်ရှိတွင် ရခိုင်ပြည်၌ ချင်းလူဦးရေ တစ်သိန်းကျော်ရှိပြီး မင်းပြား၊ မြေပုံ၊ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်တို့တွင် ဖြန့်ကျက်နေထိုင်ကြသည်။ ရခိုင်စကားကိုပြောဆိုကြပြီး ယဥ်ကျေးမှုမှာလည်း ရခိုင်နှင့် ဆင်တူဖြစ်သည်။ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြသလို ခရစ်ယာန်ဘာသာဝင် အနည်းငယ်ရှိသည်။ ရခိုင်ပြည်နယ် လူဦးရေ၏ ဒသမ ၀၁ ရာခိုင်နှုန်းကျော်လွန်သဖြင့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦးကို နေရာပေးထားသည်။ ချင်းလူမျိုးတို့၏ ဘာသာစကား၊ စာပေ၊ ယဥ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နေသော လူမှုအဖွဲ့အစည်း၊ လူငယ်အသင်းအဖွဲ့ များစွာရှိသည်ကို တွေ့မြင်နိုင်ပေသည်။ ရခိုင်ဒေသတွင် နေထိုင်သည့်အလျောက် ကောင်းကျိုး၊ ဆိုးကျိုးကို ထပ်တူခံစားကြရသလို အမျိုးသားရေးလမ်းစဥ်တွင်လည်း ပူးပေါင်ပါဝင်သင့်ပေသည်။


၈။ ဘဂ်လီ ( ရိုဟင်ဂျာ )


ဘဂ်လီလူမျိုးသည် ရခိုင်ပြည်တွင် ဒုတိယအများဆုံးလူဦးရေကို ပိုင်ဆိုင်ထားသည်။ မွတ်ဆလင်ဘာသာကို ကိုးကွယ်ပြီး ဘဂ်လီစကားကို ပြောဆိုကြသည်။ ဘဂ်လီစာပေကိုလည်း သင်ကြားကြသည်။ ယဥ်ကျေးမှုနှင့် နေထိုင်မှုပုံစံ အစားအသောက်တို့လည်း သီးခြားတည်နေသည်။ တစ်လင်တစ်မယားစနစ်ကို မကျင့်သုံးသောကြောင့် လူဦးရေပေါက်ဖွားနှုန်းမြန်ဆန်သည့် လူမျိုးတစ်ခုဖြစ်သည်။ ရခိုင် အချုပ်အချာအာဏာ ပျက်သုဥ်းပြီးနောက်ပိုင်း နယ်စပ်ခြံစည်းရိုးပျက်ပြားကာ အတားအဆီးအဆီးမရှိ ပြည်ပနိုင်ငံမှ ပြောင်းရွှေ့နေထိုင်လာကြခြင်းဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းလည်းနယ်စပ်ခြံစည်းရိုးကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် ဖြစ်နေအောင် မြန်မာအစိုးရအဆက်ဆက်က လျစ်လျူပြုထားခဲ့သည်။ မြန်မာနိုင်ငံအစိုးရက နိုင်ငံသားအဖြစ်အသိအမှတ်မပြုခဲ့ခြင်းကြောင်း လွတ်လပ်ရေးရပြီးကတည်းက ဘဂ်လီ(ရိုဟင်ဂျာ) တ်ို့၏ ပုန်ကန်တော်လှန်မှုကို တောက်လျှောက်ကြုံလာရသည်။ အစောပိုင်းတွင် နယ်မြေခွဲထွက်ရေးအထိ တောင်းဆိုခဲ့ပြီး ယခုတွင်ကား လူ့အခွင့်အရေးနှင့် နိုင်ငံသားအရေးတောင်းဆိုလျှက်ရှိသည်။


ရခိုင် နှင့် ဘဂ်လီလူထုကြား ပဋိပက္ခမြောကိများစွာဖြစ်ပွားခဲ့ပြီး ဒေသခံတိုင်းရင်းသားမြောက်များစွာ သေကြေပျက်စီးခဲ့ရသည်။ မောင်တော ဘူးသီးတောင် ရသေ့တောင် မြို့နယ်သည် ဘဂ်လီတို့ ရှစ်ဆယ်ရာခိုင်နှုန်းကျော် လွှမ်းမိုးထားသော ဒေသဖြစ်သည်။ ရခိုင်ပြည်လူဦးရေ၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားခြင်းကြောင့် နိုင်ငံတကာအနေနှင့် ရခိုင်ပြည်မှ လူနည်းစုရိုဟင်ဂျာများဆိုသည့် အသုံးအနှုန်းကို ပြန်လည်သုံးသပ်ရန်လိုအပ်ပေသည်။ လက်ရှိတွင် တော်လှန်ရေးအစိုးရ ULA ၏ ထိန်းချုပ်မှုအောက်တွင် ရခိုင်နှင့် ဘဂ်လီလူမျိုးတို့ကြား နားလည်မှုနှင့် ယုံကြည်မှုတို့ တည်ဆောက်ပေးထား၏။ ဘဂ်လီလူမျိုးတို့၏ နိုင်ငံရေးအရ ရပိုင်ခွင့် နှင့် ရခိုင်လူမျိုးတို့၏ သူတို့အပေါ်အမြင်သဘာထားတို့မှာ အနာဂတ်တွင် ဆက်လက်ဆွေးနွေးရမည် အကြောင်းအရာတစ်ရပ် ဖြစ်နေသေးသည်။ ယခင်ကလို လူမျိုးရေး၊ ဘာသာရေး ပွတ်တိုက်မှုတစ်စုံတစ်ရာ မဖြစ်ပွားရအောင် သတိထားရမည်ဖြစ်ပြီး ရခိုင်တိုင်းရင်သားအားလုံး အမျိုးသားလွတ်မြောက်ရေတိုက်ပွဲတွင် ပူးပေါင်းပါဝင်ရန် လိုအပ်ပေသည်။


၉။ နိဂုံး


ရခိုင်အမျိုးသားလွတ်မြောက်ရေးဆိုသည်မှာ ရခိုင်လူမျိုးတစ်ခုတည်းကသာ တည်ဆောက်သွားရမှာမဟုတ်၊ ရခိုင်ဒေသတွင် နေထိုင်နေကြသည့် ဖော်ပြထားသော တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် သက်ဆိုင်ပေသည်။ မြန်မာအစိုးရ အာဏာပိုင်တို့က သွေးခွဲအုပ်ချုပ်ခဲ့သော့ကြောင့် လူမျိုးစုတစ်ခုနှင့် တစ်ခုကြား အဖုအထစ်ရှိသော်ငြားလည်း၊ ယခုအချိန်တွင် လက်တွဲပြီး အမျိုးသားနိုင်ငံတော်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်သည်။ အခွင့်အရေးဆိုသည်မှာ ဖန်တီးသူကသာ အကျိုးကျေးဇူးကို ခံစားရသည်ဆိုသော်လည်း အင်အားကြီးသူက အင်အားငယ်သူကို ဆွဲခေါ်နိုင်ရမည်။ အင်အားငယ်သူကလည်း ငယ်သည်ဟုမှတ်ယူပြီး ဘေးထွက် ထိုင်မနေဘဲ နိုင်ရာဘက်မှ ဝိုင်းကူပေးရမည်။


မြန်မာနိုင်ငံ စစ်ပွဲသံသရာလည်နေခြင်းမှာ အင်အားသည်သာ အမှန်ဟုမှတ်ယူထားခြင်း၊ သူ့ထက်သေးငယ်သည့် အစုအဖွဲ့တို့ကို အသိအမှတ်မပြုမှု၊ လွှမ်းမိုးရန်ကြိုးစားမှု ဖိနှိပ်ချုပ်ချယ်မှုတို့ကြောင့် ဖြစ်သည်။ အင်အား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဘာသာ လူမျိုး ဘာသာစကား ယဥ်ကျေးမှု တူသည်ဖြစ်စေ မတူသည်ဖြစ်စေ နိုင်ငံရေးရပိုင်ခွင့်မှာ လူမျိုးတိုင်း တန်းတူဖြစ်နေရမည်။ ရခိုင်လူမျိုးများအနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမတို့၏ အရေးကို နိုင်ငံခြားမှ လှူဒါန်းငွေ(donar) ရမှသာ သူတို့၏ အခွင့်အရေးကို အသိအမှတ်ပြု၊ ဂရုစိုက် ကူညီမည်ဆိုသည့် အတွေးအခေါ် အယူအဆထက် ရခိုင်အစိုးရ တစ်နည်း ULA ကိုယ်တိုင်က ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့၏ တန်းတူရေးကို ကာကွယ်၊ စောင့်ရှောက်၊ ထိန်းသိမ်းစေရန် တိုက်တွန်းလိုခြင်းဖြစ်ပါသည်။


၁၀။ ခြွင်းချက်


သမိုင်းဆိုသည်မှာ နက်နဲ့ကျယ်ပြန်ပြီး စကားလုံးတစ်လုံး၊ အသုံးအနှုန်းတစ်ခုကအစ အငြင်းပွားစရာဖြစ်သောကြောင်း စာဖတ်သူများအနေဖြင့် အပြုသဘောဆောင်သော မှတ်ချက်ကိုသာ ပြုစေလိုပါသည်။

ဤဆောင်းပါးရေးသားနိုင်ရန်အတွက် ကိုးကားထားသော စာအုပ်၊ စာစောင် မူရင်ပိုင်ရှင်တို့အား credit ပေးပါသည်။


ပြီး


သန်းအောင်ဖြိုး

3 views0 comments