အာရက္ခနိုင်ငံတော် တည်ဆောက်ရေး လမ်းကြောင်းပေါ်က ရခိုင်လူထုနှင့် မွတ်ဆလင်အသိုင်းအဝိုင်း



အာရက္ခနိုင်ငံတော် တည်ဆောက်ရေး လမ်းကြောင်းပေါ်က ရခိုင်လူထုနှင့် မွတ်ဆလင်အသိုင်းအဝိုင်း


သန်းအောင်ဖြိုး

17/ 07/ 2022


"လူသားတိုင်းဟာ လူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးမှာ တူညီစွာမွေးဖွားလာကြတယ်။ အသိတရားနဲ့အညီ တစ်ဦးအပေါ် တစ်ဦး ညီအစ်ကိုစိတ်ဓာတ်နဲ့ ဆက်ဆံသင့်ပေတယ်။"

(၁၉၄၅ ခုနှစ် ကုလသမ္မဂ ပဋိဉာဥ်စားတမ်း)


နိဒါန်း


မြန်မာနိုင်ငံက လိပ်ခဲတလည် နိုင်ငံရေးပြသနာဟာ ဖိနှိပ်ချုပ်ချယ်မှု၊ လူ့အခွင့်အရေး ဆိတ်သုဥ်းမှု၊ လူမျိုးရေး ဘာသာရေးအစွမ်းရောက်မှုနဲ့ လူတန်းစားခွဲခြားမှု တွေကနေ အခြေတည်လာတာဖြစ်တယ်။ လွတ်လပ်ရေးရပြီးခါစ ပြည်နယ်အချင်းချင်းကြား၊ အထူးသဖြင့် လူမျိူးအချင်းချင်းကြား တန်းတူညီမျှမှုကို မဖော်ဆောင်နိုင်ခဲ့ကြဘူး။ စစ်တပ်က အာဏာသိမ်းတယ်၊ လူမျိုးကြီးဝါဒစနစ်ကိုဖော်ဆောင် အသုံးချပြီး စစ်အာဏာရှင်သက်ဆက်ဆိုးရှည်အောင်လုပ်တယ်။


ရလဒ်က လူမျိုးအချင်းချင်းကြား၊ အတိအကျပြောရရင် ဗမာနဲ့ ဗမာမဟုတ်တဲ့လူမျိုးတွေကြား လူမျိုးရေးအမုန်းတစ်ရားတွေ လွှမ်းမိုးသွားတယ်။ ပြည်နယ်တွေထဲက မတူညီတဲ့ လူမျိုးတွေကြားထဲမှာတောင် တစ်မျိုးကို ဦးစားပေး အခြားလူမျိုးကို ဖိနှိပ်တဲ့စနစ်နဲ့ အုပ်ချုပ်လာတာ။ စစ်အာဏာ ရှင်စနစ် အမြစ်တွယ်လာအောင် ခွဲခြားဆက်ဆံအုပ်ချုပ်ရေးစနစ်ဟာ အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်တယ်။ မယုံရင် ရှမ်းပြည်၊ ကချင်ပြည်၊ ရခိုင်ပြည်တွင်း နေထိုင်ကြတဲ့ လူမျိုးအသီးသီးတွေကြား အခြေအနေကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။


လူမျိုးရေး ပြသနာတွေဟာ အုပ်ချုပ်သူတွေရဲ့ စေတနာမမှန်မှုတွေ၊ မိမိတို့ရဲ့အာဏာတည်မြဲရေးအတွက် လူမျိုးရေး၊ ဘာသာရေးကို အသုံးချရာကနေ အခြေတည်လာတာ။ ရှမ်းပြည်နယ်ကို ကြာကြာထိန်းချုပ်ထားချင်ရင် ဌာနေလူမျိုးတွေအကြား ပြသနာဖန်တီးလိုက်မယ်။ ဒေသတွင်း မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး အာဏာရှင်တွေဟာ ဆက်လက်အာဏာထိန်းထားနိုင်မယ်။ အလားတူ ရခိုင်ပြည်ကို တာရှည်ထိန်းထားမယ်ဆိုရင် ရခိုင်ဌာနေက လူမျိုးတွေကို သွေးခွဲအုပ်ချုပ်လိုက်မယ်။


မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အာဏာပိုင်တွေဟာ တောက်လျောက် ဒီလုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်လာတာ။ အောင်မြင်တဲ့အနေနဲ့ ပြည်နယ်တိုင်း၊ ဒေသတိုင်းမှာ လူမျိုးရေးပြသနာတွေနဲ့ ပြည့်နှက်သွားရော။ နောက်ဆုံး ရခိုင်လူမျိုးတွေဟာ ဖိနှိပ်ချုပ်ချယ်မှုကို တော်လှန်ပြီး၊ သီးခြားနိုင်ငံနိုင်ငံထူ​ထောင်ချင်တယ်လို့ ဆန္ဒအနည်းငယ်ထုတ်ဖော်လိုက်ရုံနဲ့ တန်ပြန်မေးခွန်းတစ်ခုဟာ ဖျက်ခနဲ့ပေါ်လာတယ်။ ရခိုင်ပြည်က ကမ္ဘာကျော်နေတဲ့ မွတ်ဆလင်ပြသနာကို ဘယ်လိုဖြေရှင်မလဲ ဆိုတဲ့ မေးခွန်းပင်။


မသမာအစိုးရရဲ့ လုပ်ရပ်တွေ


မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ရခိုင်ပြည်တွင်းနေထိုင်ကြတဲ့ မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အဝ အာမခံချက်နဲ့ အသိအမှတ်မပြုသေးတာ ယနေ့ထိတိုင်။ နိုင်ငံသားဖြစ်ခွင့်အစား နိုင်ငံရေးအသုံးချခံအခြေအနေတစ်ရပ်သို့ ရောက်ရှိသွားတယ်။ လွတ်လပ်ရေးရခါစ ရခိုင့်တော်လှန်ရေး မကြီးထွားလာအောင် ဦးနုက မာစတာ ပလန်တစ်ခုကိုချလိုက်တယ်။ မွတ်ဆလင်တွေကို နေရာပေး၊ အသိအမှတ်ပြုပေးတယ်။ ဒါဟာ အန္ဒိယကနေ မြန်မာပိုင်နက်ထဲကို ဝင်ရောက်အခြေချလာတဲ့သူတွေပါလို့ တစ်ခွန်းတစ်ပါဒတောင်မဟခဲ့ဘူး။


အာဏာရှိသူတွေ အေးအေးလူလူအုပ်ချုပ်နိုင်အောင် ရခိုင်နဲ့မွတ်ဆလင်လူထုကြား သွေးခွဲအုပ်ချုပ်ရေးစတင်ခဲ့တယ်။ ဦးနေဝင်းလက်ထက် ရောက်တော့ နဂါးမင်းစစ်ဆင်ရေးနဲ့ မွတ်ဆလင်တွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ဖြိုရော။ ဒါပေမယ့် နိုင်ငံတကာဖိအားကြောင့် ပြန်ပြီးလက်ခံလိုက်ရတယ်။ မွတ်ဆလင်လူထု အိမ်ထောင်ပြုခြင်းဓလေ့ ဥပဒေနဲ့ ဆိုင်မယ်လို့ထင်ပါရဲ့။ ပြည်တော် ပြန်သွင်းတဲ့အခါ နဂိုလူဦးရေထက် ပိုများတဲ့အရေအတွက်နဲ့ လက်ခံလိုက်ရတယ်လို့ဆိုတယ်။


အဆိုးဆုံးက နယ်စပ်ဒေသကို ကောင်းမွန်စွာမထိန်းချုပ်ကြတာက စတယ်။ လာဘ်ပေး လာဘ်ယူပြုပြီး မွတ်ဆလင်လူထုကို တန်းခါးမရှိ၊ ဒါးမရှိ ဝင်ထွက်သွားလာခွင့်ပြုထားခဲ့တယ်။ အခြေချနေထိုင်ခွင့်တွေ၊ လယ်ယာမြေပိုင်ဆိုင်ခွင့်တွေကို ခွင့်ပြုပေးခဲ့တယ်။ နိုင်ငံသားအနေနဲ့ အသိအမှတ်လည်း မပြုဘူး၊ ဒါပေမယ့် စီစစ်မှုတွေကိုလည်း ဘာမှမလုပ်ခဲ့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မိမိတို့ဒေသက မွတ်ဆလင်လူထု white card ကိုင်ပြီး မေးပေးခွင့်ရတာ မျက်မြင်တွေ့ဖူးတယ်။

ကြံ့ဖွတ်က ရွေးကောက်ပွဲအနိုင်ရရှိရေးကို ဦးတည်ပြီး အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာလည်း မတွေးတောခဲ့ဘူး။ သေချာတာက ဒါလည်း မွတ်ဆလင်လူထုကို နိုင်ငံရေးအရ အသုံးချကြတာပါဘဲ။ အသုံးချခံလို့ဆိုတဲ့နေရာ မွတ်ဆလင်လူထုတစ်ခုတည်းမဟုတ်ပါဘူး။ ရခိုင်လူထုလည့် ထိုနည်း၄င်းဘဲ။ ရခိုင်မြေပြင်ကထွက်တဲ့ ရွှေသဘာဝဓာတ်ငွေကို မောင်ပိုင်စီးဖို့အတွက် ၂၀၁၂ ရခိုင်-ကုလား အဓိကရုန်းကို ဖန်တီးလိုက်ကြတယ်။ အကျိုးဆက်အနေနဲ့ ကမ္ဘာမှာ ရခိုင်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားသွားပြီး၊ မွတ်တလင်လူထုရဲ့ နိုင်ငံရေးရည်းမှန်းချက် အောက်မြင်ရေးအတွက် ထွက်ပေါက်တစ်ခုဖြစ်သွားပေတယ်။


ရခိုင်ဒေသခံတွေရဲ့ နစ်နာမှု


လူ့သက်တန်းသာတိုတာ လူ့သမိုင်းကတော ရှည်လွန်းတယ်။ ရခိုင်တွေ အချုပ်အခြာအာဏာ ဆုံးရှံးသွားတယ်။ အုပ်ချုပ်ခံဘဝရောက်သွားတော ဆုံးဖြတ်ပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ပျောက်ဆုံးသွားရော။ ရခိုင် မြေဧရိယာပိုင်နက်ဟာ တစစနဲ့ ကျုံ့လာတယ်။ ရာစုနှစ်တစ်ခုတောင် မပြည့်သေးဘူး၊ ရခိုင်မြေပိုင်နက်မှာ မွတ်ဆလင်လူထုဟာ ရခိုင်ပြီးရင် ဒုတိယအင်အားအကောင်းဆုံးဖြစ်သွားရော။ ရာခိုင်နှုန်းအားဖြင့် ၃ ချိုး ၁ ချိုးဖြစ်လာတယ်။


နယ်မြေတွေ ဖယ်ပေးလိုက်ရတာ ဘူးသီး​တောင် နဲ့ မောင်တောမြို့နယ်မှာ ရခိုင် ၄% လောက်ဘဲ ကျန်တော့တယ်။ တခြားမြို့နယ်အချို့ တွေမှာလည်း မွတ်ဆလင်လူထုနဲ့ ရခိုင်လူထု အချိုးအစားဟာ မတိမ်းမယိန်းဘဲ။ ၂၀၁၇ ခုနှစ် မွတ်ဆလင်လူထုကို အစိုးရက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တော မွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးတောင်းဆိုမှုတွေ မြင့်မားလာတယ်။ မွတ်ဆလင်အရေးကို သက်ဆိုင်သူတွေ စောလျှင်စွာ ဖြေရှင်နိုင်လေ ကောင်းလေပါဘဲ။ ဒီအတိုင်း သောင်မတင် ရေမကျအခြေအနေအတိုင်းသာ ဆက်ထားလိုက်ရင် ရခိုင်တွေအတွက် နစ်နာမှုဟာ မတွေးဝံ့စရာအခြေအနေသို့ ရောက်ရှိသွားနိုင်တယ်။


ရခိုင်တွေဟာ ဆုံးရှံးနေတဲ့ အချုပ်အချာအာဏာကို ပြန်လည်ရရှိအောင် အစွမ်းကုန်ကြိုးပမ်းလာနေတယ်၊ ခရီးလည်း အတိုင်အတာတစ်ခုရောက်နေပီဖြစ်တယ်။ ခုလိုအချိန်မှာ ပြိုင်ဖက်က ရခိုင်ဒေသတွင်း လူမျိုးရေးပဋိပက္ခတွေ ဖြစ်လာအောင် လိုလိုလားလားရှိနေမှာဘဲ။ ရှမ်းပြည်နယ် ခွဲမထွက်နိုင်အောင် လူမျိုးရေးပြသနာတွေနဲ့ ထိန်းထားနိုင်တာတွေ့ရတယ်။ ထိုပြည်နယ် ကိုယ်နှိုက်ကလည်း ခွဲမထွက်ရဲဘူး၊ အိမ်တွင်းပဋိပက္ခတွေကို မယုံကြည်လိုဖြစ်တယ်။ တစ်ခြားပြည်နယ်တွေမှာလည်း ထိုနည်းတူဘဲ၊ အိမ်တွင်းရေး မပြေလည်မှုတွေ ရှိနေကြတယ်။ ရခိုင်တွေရဲ့ ခရီး လိုရာရောက်ဖို့ဆိုရင် ကိုယ့်ပြည်တွင်းထဲမှာ ရခိုင်နဲ့ မွတ်ဆလင်လူထုကြား ပဋိပက္ခတစ်စုံတစ်ရာ မဖြစ်ပွားရအောင် ထိန်းထားနိုင်ရမယ်။


လက်ရှိဖြစ်ပွားနေတဲ့ ပြသနာတွေကို တာဝန်ယူပြီး ပြေလည်အောင် မဖြေရှင်နိုင်သေးသည့်တိုင်၊ အတူတကွ ပူးပေါင်းအဖြေကြမယ်ဆိုတဲ့ အဆင့်ကိုရောက်လာအောင် ကြိုးပမ်းကြရမယ်။ ဖြစ်ပွားခဲ့သမျှ ပြသနာတွေကို သမိုင်းအထောက်အထားတွေနဲ့ ​ဖြေရှင်းကြရင် သဘောထားက တင်းမာနေကြမှာဘဲ၊ ပကတိ အခြေအနေကို မြင်အောင်ကြည့်ပြီးမှ ဖြေရှင်းသင့်ပေတယ်။ လက်ရှိအချိန်ထိတော့ ULA/AA ရဲ့ နိုင်ငံရေးလမ်းကြောင်းတွေဖက် မွတ်ဆလင်လူထုကို သိမ်းသွင်းထားနိုင်တာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ခုဘဲ။ နိယာမသဘောအရ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ် ဆိုသလို၊ မိမိတို့လိုလားတဲ့ လွတ်မြောက်မှု ၂ ဘက်လုံးက လိုလိုလားလားဖြစ်လာပြီဆိုရင် စတေးဖို့တော ပြင်ဆင်ထားရမယ်။


နိုင်ငံတကာအသိုင်းအဝိုင်း


ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတော်တော်များများဟာ မွတ်ဆလင် ကိစ္စနဲ့ပါတ်သက်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကြုးပမ်းနေကြတယ်။ အထူးသဖြင့် မွတ်ဆလင်တွေကို မြန်မာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုကြတယ်။ ''မွတ်ဆလင်ကိစ္စနဲ့ ပါတ်သက်၍ အထူးစိုးရိမ်ကြောင်း'' မကြာ မကြာ ထုတ်ဖော်ပြေဆိုလေ့ရှိကြတယ်။ ကာယကံချင်မဟုတ်တဲ့ အနောက်ကမ္ဘာကလူတွေတောင် ဒီလောက်ထိစိုးရိမ်မှုတွေမြင့်တက်နေကြရင်၊ ကာယကံချင်တွေဖြစ်ကြတဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရ်ှ၊ ရခိုင်လူထုနဲ့ မွတ်ဆလင်လူထုတွေဟာ ဘယ်လောက်ထိတောင် စိုးရိမ်နေကြမလဲ။


အစိုးရက အခြေအနေကိုအသုံးချ၊ မွတ်ဆလင်လူထုက လိုလားချက်တွေကိုတောင်းဆို၊ ရခိုင်တွေက စိုးရိမ်နဲ့ အစရှိသည် မြေပြင်မှာ ဖြစ်ပျက်နေတာတွေကို လက်တွေ့နားလည်နိုင်ဖို့လိုအပ်တယ်။ ဘက်လိုက်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို မလိုလားအပ်ဘူးဆိုရင် မွတ်ဆလင်လူထုရဲ့ အသံကိုရော ရခိုင်လူထုရဲ့ ခံစားချက်တွေကိုပါ ထုတ်ဖော်နိုင်ဖို့လိုအပ်တယ်။ မြေပြင်က လူ့မှုအဖွဲ့အစည်း ၂ ခုကြား လူမှုသဟဇာတကျရှိရေးကို မတည်ဆောက်နိုင်သေးသ၍ ဘယ်လူထုရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ကုလသမဂ္ဂရ နဲ့ အနောက်ကမ္ဘာရဲ့ လိုလားချက်တွေဟာ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး။


ခုနောက်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုလိုလားတဲ့ ULA/AA နဲ့ ရခိုင်လူထုရဲ့ အခန်းကဏ္ဍဟာ မြင့်လားလာနေတယ်။ မွတ်ဆလင်တွေဟာ လူ့အခွင့်အရေးနဲ့ ထိုက်တန်ကြောင်း အနောက်ကမ္ဘာက ယုံကြည်လက်ထားတယ်ဆိုရင်၊ ရခိုင်တွေရော လွတ်မြောက်မှုနဲ့ မထိုက်တန်ဘူးလား။ မြန်မာနိုင်ငံအစိုးရရဲ့ စေတနာသဋေဟာ မမှန်ဘူး၊ ဖိနှိပ်ခံအချင်းချင်းရဲ့ ရည်မှန်းချက်တွေဟာ တူညီလာကြတယ်ဆိုရင် မွတ်ဆလင်ကိစ္စ ဖြေရှင်းနိုင်ရေး အဖြေတစ်ခု ရလာမှာပါ။


ရှင်းရှင်းပြောရရင် ရခိုင်လူထု၊ ရခိုင်ကိုအုပ်ချုပ်နေတဲ့ ULA/AA ရဲ့ သဘောထားဆန္ဒတွေဟာ ပိုမိုအက္ခရာကျလာတယ်။ ကုလသမ္မဂအပါအဝင် အနောက်နိုင်ငံတွေက မြေပြင်က ရခိုင်လူထု၊ မွတ်ဆလင်လူထုတို့နဲ့ပေါင်းပြီး ပြသနာကိုဖြေရှင်းကြရင် ပြေလည်သွားပါမှာပါ။ အနောက်ကမ္ဘာကလူတွေမှာ မိမိတို့ရဲ့ စံထားချက်တွေနဲ့တိုက်တာတယ်၊ မြေပြင်ရဲ့ အခြေအနေကိုမျက်ကွယ်ပြုပြီး လူ့အခွင့်အရေးကို ဖင်ပိတ်အော်နေလို့ကတော ဘာမှထူးခြားလာမှာမဟုတ်ဘူး။ အနောက်ကမ္ဘာရဲ့ စံထားချက်တွေ၊ ဝင်ရောက်စွက်ဖက်မှုတွေကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးရမယ်။ မြေပြင်အခြေအနေနဲ့ ၂ ဖက်လူထုရဲ့ ဆန္ဒဟာ အဓိကကျတယ်ဆိုတာ နားလည်ထားဖို့ လိုအပ်တယ်။


ဝိသမလောဘသားတွေ


မွတ်ဆလင်လူထုနဲ့ ရခိုင်လူထုကို အစိုးရကဘဲ အသုံးချတာမဟုတ်ပါဘူး၊ ဒေါ်လာစားဆိုသူတွေ အထူးသဖြင့် လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ ဘာသာရေးအစွမ်းရောက်တွေလည်း အသုံးချလေ့ရှိပါတယ်။ ဒါဟာ တောမီးလောင် ကျားလက်ခုပ်တီး ဆိုသလို ဆိုးရွားတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာကြတာဖြစ်ပါတယ်။ သူတို့အတွက်လည်း လူမျိုးရေးပဋိက္ခတွေ ဖြစ်လေလေ ကိုယ်ကျိုးရှာကောင်းလေလေ ဖြစ်တယ်။


ဒီလို လူပုဂ္ဂ်ုလ်မျိုး၊ အဖွဲ့အစည်းမျိုးတွေကို သတိထားစောင့်ကြည့်နေရမယ်။ ရခိုင်မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေဟာ ထင်သလောက်မရိုးရှင်းဘဲ ခက်ခဲနက်နဲလေ့ရှိတယ်။ လက်သည်မပေါ်တဲ့ အမှုတွေကတစ်ပုန်ကြီး။ သို့သော် အခြေအနေတစ်ခုကြုံလာတိုင်း ဒေါ်လာစားဆိုသူတွေ၊ ဘာသာရေးအစွမ်းရောက်တွေဟာ သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်လေ့ရှိတယ်။ သူတို့တွေဟာ ရခိုင်လူ့အဖွဲ့အစည်းမှာလည်းရှိသလို မွတ်ဆလင်လူထုမှာလည်းရှိတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ အခွင့်အရေးရှောင်းနေသူတွေ ရှိကြတယ်။ ဗုဒ္ဓဘာသာမှာလည်း ဘာသာရေးအစွမ်းရောက်တွေရှိသလို၊ မွတ်ဆလင်မှာလည်း ထိုနည်း၎င်းပါဘဲ။


အထူးသဖြင့် နိုင်ငံတကာရောက် မွတ်ဆလင်ပညာတတ်အများစုဟာ ရခိုင်ဒေသက မွတ်ဆလင်ကိစ္စနဲ့ပါတ်သက်ပြီး သုံးသပ်ကြတဲ့အခါ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတာကို တွေ့ရတယ်။ မွတ်ဆလင်အမျိုးသားတစ်ဦးက မွတ်ဆလင်မဟုတ်တဲ့ အမျိုးသမီးကို မုဒိန်းကျင့်တယ်လို့ သတင်းတင်လိုက်တာနဲ့ ဒါဟာ မွတ်ဆလင်တွေကို ဖိနှိပ်တာဘဲလို့ တွေးထင်ကြတယ်။ မွတ်ဆလင်လူထုဟာ လူမျိုးတုံးသတ်ဖြတ်ခံထားရတယ်လို့ ခံယူနေကြတော့ သံသယစိတ်လွန်ကဲကြတာလည်း မမှားပေ။


သို့သော် ဖင်မနိုင်ဘဲ ပဲကြီးဟင်းမစားသင့်ဆိုသလို မြေပြင်ကို မပိုင်ဘဲ သုံးသပ်ချက်ပြုတာတွေဟာ နည်းလမ်းမမှန်ဘူး။ ရခိုင်ဒေသရဲ့ အုပ်ချုပ်ရေးယန္တရားဟာ အတိုင်းအတာတစ်ခုထိ ပြောင်းလဲသွားပြီဖြစ်တယ်။ မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ထိလွယ်ရှလွယ်စကားလုံးတွေကို အလွန်အမင်အသုံးပြုကြတာကို လျော့ချနိုင်ရမယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးအတွက် အနောက်ကမ္ဘာရဲ့စိတ်တိုင်းကျလိုက်အော်ပြီး၊ မြေပြင်အခြေအနေကို မျက်ကွယ်ပြုထားရင်တော့ မွတ်ဆလင်ပြသနာဟာ ပြေလည်မှာမဟုတ်ဘူး။ မွတ်ဆလင်တွေရဲ့ အခွင့်အရေးကို တောင်ဆိုကြတဲ့အခါ မြန်မာအစိုးရထက်၊ ရခိုင်အစိုးရနဲ့ ပြေလည်မှ အောင်မြင်နိုင်မယ်ဆိုတာ နားလာ်သင့်ပြီး။


ရခိုင်လူထုက ဘာတွေ စတေးခံရမလဲ


မွတ်ဆလင်ကိစ္စနဲ့ပါတ်သက်ပြီး ရခိုင်တွေစိုးရိမ်တာ အချက် ၂ ခုရှိတယ်။ မြေနေရာတွေ သိမ်းပိုက်ခံရမှာနဲ့ လူဦးရေဝါးမျိုးခံရမှာကို စိုးရိမ်ကြတာ။ အသက်ကြီးပိုင်တွေ တော်တော်များများဟာ မွတ်ဆလင်တွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ခါးခါးသီးသီးငြင်းပယ်ကြတာကို တွေ့ရတယ်။ စိုးရိမ်စိတ်တွေများပြီး သမိုင်းကိုရေးကြတဲ့အခါ မွတ်ဆလင်တွေကို ခိုးဝင်၊ တိုးဝင်ဇာတ်ခင်းပြီး ရေးသားကြလေရော။ နယ်မြေလုသူ၊ ပြသနာရှာသူတွေအနေနဲ့ ပုံဖော်ကြတယ်။ ရခိုင်ရော မွတ်ဆလင်ပါ အုပ်ချုပ်သူတွေရဲ့ အသုံးချခံတွေဖြစ်နေကြတာ သတိမမူခဲ့ကြဘူး။


ရှင်းရှင်းပြောရရင် သမိုင်းတွေကို ထိုင်ပြီးငြင်းနေခဲ့ကြတာဘဲရှိတယ်၊ ပြသနာရဲ့ ဇစ်မြစ်ကိုတော ဖောက်ထွက်မစဥ်းစားခဲ့ကြဘူး။ သမိုင်းကို မေ့ဖျောက်ပစ်ဖို့ပြောနေတာမဟုတ်၊ သမိုင်းထဲက သင်ခန်းစာယူသင့်တယ်လို့ ပြောချင်တာ။ ဘယ်နိုင်ငံရေးစနစ်ကိုဘဲ ကျင့်သုံးပါစေ၊ လူကို လူလို အခွင့်အရေးတွေပေးကြရစမြဲ၊ တစ်ဦးချင်းအခွင့်အရေး၊ စုပေါင်းအခွင့်အရေးဆိုပြီးတောသာ ကွာခြားသွားတာ။ မွတ်ဆလင်လူထုဟာ ဘုံပျောက်နေတယ်၊ မျိုးရိုးဗီဇအရ ဘင်္ဂလားဒေရှ့်ကဆိုပြီး၊ ဘင်္ဂလာနဲ့ အပြိုင် ငြင်းခုံချင်နေကြတာလား။ ရခိုင်ပြည်မှာမွေး၊ ရခိုင်ပြည်မှာ ကြီးပြင်းပြီး၊ အသက်သေဆုံးသွားကြတဲ့ မွတ်ဆလင်လူမျိုး မျိုးဆက်ချီနေပြီဆိုတာ မမေ့နဲ့။


မွတ်ဆလင်လူထုအတွက် ပညာသင်ကြားခွင့်တွေ၊ ဆေးဝါးကုသခွင့်တွေ၊ ခရီးသွားလာခွင့်တွေဟာ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေပါ။ ရခိုင်တွေ နှစ်ရာရှိ ခွဲခြားဆက်ခံနေရလို့ တော်လှန်နေရတယ်ဆိုမှတော၊ တစ်ခြားလူမျိုးတွေကိုရော ဖိနှိပ်အုံ့မလား။ ဖိနှိပ်ချုပ်ချယ်ချင်တဲ့စိတ်ဟာ အငုံစိတ်ဖြစ်တယ်၊ လူသားတွေရဲ့ ဖြစ်တည်မှုကို ဆန့်ကျင်တာနဲ့အတူတူဘဲ။ လူဦးရေးအားဖြင့် ဝါးမြိုခံရမှာကို စိုးရိမ်နေတယ်ဆိုရင်၊ သူတို့အပေါ် ဥပဒေတွေ ပြဌာန်းနိုင်စွမ်းရှိအောင် လုပ်ယူကြပေါ့။

သူတို့က ပညာရည်မပြည့်ဝကြဘူး၊ ပညာသင်ပေးသင့်တယ်လို့ထင်ရင်၊ ရခိုင်နဲ့ တန်းတူ ပညာသင်ကြားခွင့်ရအောင် စီစဥ်ပေးလိုက်ပါ။ စိုးရိမ်စိတ်ကြောင့် မွတ်ဆလင်တွေကို ဖိနှိပ်လေ၊ နေရာမပေးလေ ရခိုင်တွေရဲ့ ပုံရိပ်ဟာလည်း ကျဆင်းလေးဘဲ။ စစ်မှန်တဲ့ရန်သူဆီ အာရုံမရောက်တော့ဘဲ၊ အသုံးချခံအဆင့်မှာ တန်းလန်းကြီးဖြစ်ရင်း၊ အိပ်မက်တွေ ရေစုံအမျှောမခံချင်ဘူး။ မွတ်ဆလင်အရေး ဖြေရှင်းနိုင်ရေးကို၊ မိမိတို့က တာဝန်လွှဲပြောင်းယူနိုင်လာအောင် ဘင်္ဂလားဒေ့ရှ်နဲ့၊ အနောက်နိုင်ငံတွေက မိမိတို့နဲ့ ပူးပေါင်းလာအောင် ကြိုတင်ပြင်ဆင်ထားရမယ်။ ဆိုတော့ ရခိုင်တွေအနေနဲ့ စတေးသင့်တာတွေကို စတေးခံနိုင်ရမှာပေါ့။


မွတ်ဆလင်လူထုရော ဘာတွေပေးဆပ်သင့်လဲ


မွတ်ဆလင်လူထုအနေနဲ့ အဓိကရန်သူကို ရှင်းရှင်းလင်းလင်းမြင်ဖို့လိုအပ်လာတယ်။ မြန်မာနိုင်ငံမှာ မွတ်ဆလင်လူထုတစ်ခုဘဲ ဖိနှိပ်ခံနေရတာ မဟုတ်ဘူး၊ တစ်တိုင်းပြည်လုံးက လူတွေရဲ့၊ လူမျိုးတွေရဲ့ အခွင့်အရေးတွေ ပျောက်ဆုံးနေတာ။ အဲဒီနေရာမှာ ရခိုင်တွေလည်းပါတယ်။ သမိုင်းတစ်လျှောက် မွတ်ဆလင်လူထုကို ဖိနှိပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့တဲ့နေရာမှာ ရခိုင်မပါဘူး။ အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် ၂ ဖက်လုံး အသုံးချခံဖြစ်ခဲ့ရတယ်ဆိုတာလည့် မမေ့အပ်။


မိမိတို့ရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့နေရာမှာ၊ သူတစ်ပါးရဲ့ အခွင့်အရေးကိုလည်း မထိခိုက်ရဘူးဆိုတဲ့ ဥပဒေသတစ်ခုရှိတယ်။ မွတ်ဆလင်လူထုဟာ သမိုင်းလိမ်တွေနဲ့ ဝါဒအဖြန့်ခံနေရတယ်ဆိုတာ၊ လူမျိုးစု လက္ခဏာတွေ ဖြိုသတ်ခံထားရတယ်ဆိုတာ နားလည်ထားဖို့လိုအပ်တယ်။ ရခိုင်ပြည်မှ မွတ်ဆလင်တွေအနေနဲ့ အနောက်ကမ္ဘာက လူ့မလိုင်အုပ်စုတွေ၊ ကိုယ်ကျိုးရှာတဲ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနောက်ကိုလောက်ပြီး၊ ပြောတာယုံပြီး ထင်ရာမစိုင်းကြဖို့ အထူးသတိထားရမယ်။ မြေပြင်အခြေအနေက အရေးကြီးဆုံးဘဲ၊ အခွင့်အရေးကို မြေပြင်က တစ်ခြားလူမျိုးစုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဖော်ဆောင်စေလိုတယ်။


အခွင့်အရေးဆိုတာ မိမိတို့နဲ့ ထိုက်တန်ကြောင်း လက်တွေ့ပြသရတဲ့ လုပ်ငန်းစဥ်တစ်ရပ်ပဲ။ မိမိတို့ရဲ့ အခွင့်အရေးတွေ ပိတ်ပင်ခံထားရတယ်ဆိုပြီး၊ ကမ္ဘာပတ်အော်နေလည်း ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ လာကူညီမှာကို မမျှော်လင့်နေနဲ့။ အနောက်ကမ္ဘာဟာ အရှေ့တိုင်းနဲ့ပါတ်သက်လာရင် လေလုံးထွားနေတာဘဲရှိတယ်။ အပြောင်းအလဲကြီးတစ်ခုဖြစ်အောင် ဘာတစ်ခုမှလုပ်ပေးနိုင်တဲ့ သာဓကမတွေ့မိသေးဘူး။ ထိုက်တန်ကြောင်းကို ပြသရမှာ၊ အပြောင်းအလဲကို လုပ်ယူရမှာက ကိုယ့်တာဝန်ဘဲ။ ရခိုင်တွေဟာ ဆုံးရှံးနေတဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိအောင် တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေတယ်။


ရခိုင်တစ်မျိုးသားတည်း လွတ်မြောက်ပြီး၊ ကျန်တဲ့လူမျိုးတွေကို ဖိနှိပ်ဖို့အတွက်တော်လှန်နေတာမဟုတ်ဘူး။ အာရက္ခဒေသနေ လူမျိုးတိုင်းရဲ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတာ။ မွတ်ဆလင်လူထုအတွက်လည်း ထည့်သွင်းစဥ်းစားထားပြီးသားဖြစ်တယ်။ လွတ်လပ်မှုကို ဘယ်လောက်တန်ဖိုးထား ဆာလောင်မွတ်သိပ်နေသလဲဆိုတာ မွတ်ဆလင်လူထုရဲ့ တော်လှန်ရေးအတွင်း ပူးပေါင်းပါဝင်မှုတွေနဲ့တိုင်းတာရမယ်။ အခွင့်အရေးကျတော လိုချင်တယ်၊ စတေးခံမယ်နေရာမှာတော မပါဘူးဆိုတဲ့ပုံစံမျိုး မဖြစ်စေလိုဘူး။ ​မွတ်ဆလင်လူထုရဲ့ အခွင့်အရေးတွေကို ရခိုင်လူထု၊ ULA/AA နဲ့သာ ပူးပေါင်းပြီးတော့သာ အဖြေထုတ်သင့်တယ်လို့ မြင်တယ်။


နိုင်ငံတော် တည်ဆောက်ရေး


နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ရခိုင်လူထုရော မွတ်ဆလင်လူထုပါ အလွန်အရေးပါတယ်။ ဒေသနေ မတူညီနဲ့ လူမျိုးနှစ်ခုကြား လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခ မပေါက်ပေါက်ရေးဟာ ဦးစားပေးစဥ်းစားရမယ် အရာဘဲ။ ဒေသမတည်ငြိမ်ရင် နိုင်ငံတော်ယန္တရားတွေကို အခြေချနိုင်မှာ မဟုတ်ဘူး။ ရန်သူ ဗမာအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကိုလည်း ဖြိုးဖျက်နိုင်မှာမဟုတ်ဘူး။ စစ်ပွဲတွေ ပဋိပက္ခတွေနဲ့ဘဲ အဆိုးသံသရာလည်ပြီး ပြည်သူလူထုနစ်နာတာဘဲ အဖတ်တင်မယ်။

ရန်သူကတော ထုံစံအတိုင်း လူမျိုးစုတွေကြား မတည်မငြိမ်ဖြစ်အောင် အကွက်ဆင်နေမှာဘဲ။ ဒါတွေကို ရခိုင်ဌာနေက လူမျိုးစုတိုင်းဟာ သတိထားစောင့်ကြည့်နေရမယ်။ ဗမာအစိုးရရဲ့ နိုင်ငံရေးစေတနာဟာ ယုံကြည်လို့ကိုမရတာ။ ဘယ်လို သွေးခွဲအုပ်ချုပ်ရမလဲဆိုတာဘဲ စဥ်းစားနေတာရှိတယ်။ ပြသနာတွေရှိလာရင် ရခိုင်တော်လှန်ရေးအစိုးရနဲ့ဘဲ ဖြေရှင်းစေလိုတယ်။ ရခိုင်အစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ယန္တရားအောက်မှဘဲ ရခိုင်ဒေသက လူမျိုးစုအားလုံး အေတူ ပူမျှ စုခံစေချင်တယ်၊ အားဖြည့် ပူးပေါင်းစေလိုတယ်။


ဗမာအစိုးရဟာ အနောက်နိုင်ငံတွေရဲ့ ဖိအားကို လျော့ချတဲ့အနေနဲ့ ရခိုင်ပြည်မှ မွတ်ဆလင်တွေကို ပြည်တော်သွင်းပြီး နိုင်ငံသားအခွင့်အရေး ပေးကောင်းပေးနိုင်တယ်။ ရခိုင်လူထုရဲ့ ဆန္ဒသဘောထားကိုတော အလေးထားမှာမဟုတ်ဘူး။ သို့သော် အပေးအယူကို ဗမာအစိုးရနဲ့ လုပ်သင့်လား၊ ရခိုင်လူထုရဲ့ သဘောဆန္ဒကိုတောင်းခံပြီး ရခိုင်အစိုးရနဲ့ဘဲ ဆုံးဖြတ်ချက်ချသင့်လား သေချာစဥ်းစားစေလိုတယ်။


လမ်းစဥ်မှားသွားလို့ရှိရင် မွတ်ဆလင်လူထု မျှော်လင့်နေတဲ့ လူ့အခွင့်အရေးနဲ့ လုံခြုံမှုဟာ ဘုံပျောက်သွားပြီး၊ လူ့မှုအသိုင်းအဝိုင်း ၂ ခုလုံးမငြိမ်းချမ်းတဲ့ အနေအထားကို ရောက်သွားနိုင်တယ်။ အားလုံးလိုလားတဲ့ နိုင်ငံတော်အိပ်မက်ဆိုတာဟာလည်း မှေးမှိန်သွားလိမ့်မယ်။ ထို့နောက် ဗမာအစိုးရရဲ့ အုပ်ချုပ်မှုဂွင်ထဲ ပြန်လည်ရောက်ရှိသွားပြီး ဖိနှိပ်ချုပ်ချယ်ခံရမှုတွေဟာ အသစ်တစ်ဖန်ပေါ်ပေါက်လာမှာဘဲ။ ဒီအဆိုးသံသရာကနေ လွတ်မြောက်စေလိုရင် တော်လှန်ရေးထဲမှာ ဇစ်မြှုတ်ကြရအုံ့မယ်။ ဒေသကို တည်ငြိမ်အောင် ၂ ဘက်လုံး ထိန်းထိန်းသိမ်းသိမ်းရှိနေရမယ်။ နိုင်ငံတော် အိပ်မက် အကောင်အထည်ပေါ်စေရန် မကောင်းတဲ့ အတွ