- htunl1113
Diploma in Youth Empowerment and Community Development Studies
(အစီအစဉ်အကြောင်း)
YECDS program သည် အကျိုးအမြတ်မယူသောအဖွဲ့အစည်း ပီချောင်းအင်စတီကျူးမှ အကောင်အထည်ဖော်ဆောင်ရွက်သည့်အစီအစဉ် တစ်ခုဖြစ်သည်။ ဒေသအတွင်း၌ရှိသော လူငယ်များအတွက် မိမိတို့ လူမှုပတ်၀န်းကျင်တွင် ပိုမိုကောင်းမွန်အောင်ဦးဆောင်နိုင်ရန်နှင့် ပြည်တွင်း ပြည်ပသို့ ပညာဆက်လက် သင်ကြားနိုင်ရန် အရည်အချင်း ပြည့်ဝအောင် လုပ်ဆောင်ပေးမည့် အစီအစဉ်တစ်ခုဖြစ်သည်။ ဒေသတွင်းသိသင့် သိထိုက် သော လူမှုရေး၊ နိုင်ငံရေး၊ အလုပ်အကိုင် တို့နှင့်ပတ်သတ်သည့် အခြေခံ သဘောတရားများကို သိရှိနားလည်လာစေရန်နှင့် ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမူ ပညာအပါအ၀င် အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာ တို့ကို ထိထိရောက် ရောက်အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်သွားမည့်အစီအစဉ်တစ်ခု ဖြစ်သည်။
သင်ကြားမည့်ဘာသာရပ်
Basic & Academic English Language Skill
Basic Computer skill
Public Speaking/ General Knowledge
Community Leadership
Environmental Problem and Solution
Peace and Conflict
Civic Education
International Relationship
Work Skill
Community Project Management
Sustainable Community Development
(ကြာမြင့်ချိန်)
ဤအစီအစဉ်သည် အချိန်ကာလအားဖြင့် ၁၁ လ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းကာလ ၃ လစီဖြင့် ၃ ပိုင်း ခွဲခြားထားသည်။ သင်တန်းကာလ တစ်ခုကြားတွင်း ၁၀ ရက်စီ နားရမည်။ လက်တွေ့အလုပ်သင် ကာလကို မိမိစိတ်ဝင်စားသည့် နယ်ပယ်တွင် ၁ လတာ သင်ယူလေ့လာရပါမည်။
(အစီအစဉ် ပြီးမြောက်လျှင်) -
(၁) အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောဆိုရေးသားနိုင်ခြင်း
(၂) ကွန်ပျူတာ နှင့် နည်းပညာများကို ထိရောက်စွာ အသုံးပြုနိုင်ခြင်း
(၃) လူအများရှေးတွင် ယုံကြည်မှုရှိစွာ ပြောဆိုတင်ဆက်မှုများ ပြုလုပ်နိုင်ခြင်း
(၄) လူမှုရေး နှင့် နိုင်ငံရေးသဘောတရားများကို နားလည်ပြီး ဝေဖန်သုံးသပ်နိုင်ခြင်း
(၅) ခေါင်းဆောင်မှုပညာနှင့် နိုင်ငံတကာရေးရာများကိုနားလည် သဘောပေါက် နိုင်ခြင်း
(၆) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်နိုင်ခြင်း
(၇) လုပ်ငန်းခွင့်နှင့် ပတ်သတ်သော အတွေ့အကြုံဗဟုသုတရှိခြင်း တို့ရရှိမည် ဖြစ်သည်။
(သင်ကြားမည်ပုံစံ)
အင်္ဂလိပ်စာသင်ကြားရာတွင် နေ့စဉ်စကားပြောလေ့ကျင့်ခြင်း၊ နိုင်ငံခြားသား တစ်ဦးနှင့် တစ်ပတ် ၁ ကြိမ် တိုက်ရိုက်လက်တွေ့စကားပြောခြင်း၊ ဘာသာ ရပ်အလိုက် လက်တွေ့လေ့လာရေးခရီးသွားခြင်း၊ သင်တန်းပေးခြင်း၊ Guest Speakers ဖိတ်ကြားခြင်း၊ Online Training ပေးခြင်း၊ ဆွေးနွေး အဖြေရှာတင်ဆက်မှုများပြုလုပ်ခြင်း၊ စီမံကိန်းများပြုလုပ်ခြင်း စသည်တို့ဖြင့် သင်ကြားပေးသွားမည်။
(တက်ရောက်သင်ကြားသင့်သော ကျောင်းသူ၊သားများမှာ)
၁) မိဘ ငွေကြေးတတ်နိုင်သည်ဖြစ်စေ မတတ်နိုင်သည်ဖြစ်စေ လူမှုအကျိုးပြုလုပ်ငန်းများကို စိတ်ပါ၀င်စားသူများ
၂) ပညာရေးအခွင့်အလမ်းများကို ရှေ့ဆက်ရှာဖွေပြီး ပြည်တွင်း ပြည်ပမှပညာရပ်များကို လေ့လာဆည်းပူး နိုင်အောင် ကြိုးစားချင်သူများ
၃) မိမိနှင် မိမိ ပတ်ဝန်းကျင် တိုးတက်အောင် ကြံဆောင် လုပ်ဆောင်ချင်သူများ
(၀င်ခွင့်အတွက်လိုအပ်ချက်များ)
အသက် ၁၇ နှစ် မှ ၂၀ ကြားဖြစ်ရမည်။
တက္ကသိုလ်၀င်တန်း ပြီးမြောက်သူဖြစ်ရမည်။
သင်တန်းအပေါ် စိတ်၀င်းစားပြီး သင်တန်းပြီးမြောက်အောင် မပျက်မကွက် တက်ရောက်နိုင်ရမည်။
ကျောင်း၏ စည်းမျဉ်စည်းကမ်ချက်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
လျှောက်ထားလိုသူများသည် အောက်ဖော်ပြပါနေရာများတွင် လျှောက်လွှာများ ရယူနိုင်ပြီး အီးမေးလ်မှ တစ်ဆင့်လည်း မေးမြန်းရယူနိုင်ပါသည်။
Ph No: 09250818206/09420746971
Email: admin@pechaunginstitute.com
Address: - Pechaung Institute ဒေ၀န်းလမ်း၊ မြို့သစ်ရပ်ကွက်၊ကျောက်တော်မြို့
- Pechaung Institute ၊ ဝဲကြီးထောင့်ကျေးရွာ၊ ပီချောင်းဒေသ၊ ကျောက်တော်မြို့
- YECD school ၊ စံပြပလ္လင်ပြင် ဘုန်းကြီးကျောင်း၊ မင်းဂံ ရပ်ကွက် (၄)၊ စစ်တွေမြို့
လျှောက်ထားလိုသူများသည် လျှောက်လွှာကို ပြည့်စုံစွာရေးသားဖော်ပြပြီး Email ဖြင့် ဖြစ်စေ၊ အောက်ဖော်ပြပါနေရာ များသို့လူကိုယ်တိုင်ဖြစ်စေ လာရောက် ပေးပို့နိုင်ပါသည်။
(အလှူရှင်များဖိတ်ခေါ်ခြင်း)
စေတနာရှင်အလှူရှင်များအနေဖြင့် ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ အခြားသင်ကြားရေး ပိုင်းတွင်သော်လည်းကောင်း အထောက်အကူဖြစ်မြောက်စေရန် မိမိတတ်နိုင်သော ငွေကြေး ပမာဏဖြင့် ပါ၀င်ကူညီလူဒါန်းနိုင်ပါသည်။
ကျောင်သူ/သားတစ်ယောက်၏ (၁) လတာ ကုန်ကျငွေ
နေရေး ထိုင်ရေး စားရေ သောက်ရေး သင်ကြားရေး စုစုပေါင်း = ၁ သိန်း
Application Form
1.https://s.docworkspace.com/d/ALNhwJDE_JQ50u2GkpKnFA
2.https://s.docworkspace.com/d/AJB92nHE_JQ50vm_j5KnFA
Online ကနေ တိုက်ရိုက် လျှောက်ထားနိုင်သော Application Form Link
https://docs.google.com/forms/d/1eQlOp7NwkPYay-GarzxTfgfYfzH4fmoEgujWycRvY20/edit